Home
မြန်မာသတင်း
ရင်ဖွင့်စာ
DVB
·
August 11, 2019
သန့်ရှင်းရေးကအစ ကြောက်နေရ ပန်းတနော်မြို့ရဲ့ဆေးရုံမှာ သန့်ရှင်းရေးပါအဆုံး ဝန်ထမ်း အားလုံးဟာ  လူနာတွေအပေါ်မှာ လေးစားမှု၊ ကြည့်ရှုစောင့်ရှောက်မှု အားနည်းနေပါတယ်။ စိတ်ရှည် သည်းခံမှုလည်း မရှိပါဘူး။ တခါတရံ လူနာ အဘိုး အဘွားတွေကိုတောင် အော်လား၊ ငေါက်လား၊ ဆူလား၊ ပူလား လုပ်ပါတယ်။ ဆေးရုံမှာရှိတဲ့ ဝန်ထမ်းအားလုံး အပါအဝင် သန်ရှင်းရေးပါမကျန် လူမှုဝန်ထမ်းစိတ် အားနည်းနေတဲ့အတွက် အဲဒီဆေးရုံကိုတောင် မကုဘဲ ပန်းတနော်မြို့ရဲ့အလွန် အင်းမဆေးရုံမှာ သွားရောက်ကုသရပါတယ်။ ဒီအကြောင်း ဒီဗွီဘီကတဆင့် အထက်ကို တင်ပြ ပြောပြပေးပါ ခင်ဗျား ကျေးဇူးတင်ပါတယ်။ နေသုတ ကွမ်းခြံကုန်း ကျေးရွာလျှပ်စစ်မီး ပြုပြင်ထိန်းသိမ်းရေးစရိတ် ပြည်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်နေ ကွမ်းခြံကုန်းမြို့နယ်၊ မုတ်ကျွန်းတောင်ခြမ်းရှိ ရွာအများစုဟာ ၁၉၉၀ ပြည့်နှစ် ကာလများက မီးလင်းရေးကော်မတီများ ဖွဲ့စည်းပြီး ကိုယ်ထူကိုယ်ထ မီးလင်းခဲ့ကြပါတယ်။ နှစ်စဉ် ပြုပြင်ထိန်းသိမ်းစရိတ်များမှာ ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်။ မြို့နယ်ရုံးမှ မီးတိုင် တတိုင် လဲလျှင် လက်ခ ၁ သိန်း၊ ဘေကာ တခုလဲလျှင် လက်ခ ၅ သောင်း တောင်းပါတယ်။ မြို့ရုံးကို အကြောင်းမကြားဘဲ မိမိတို့ကိုယ်တိုင် ပြင်ခွင့် မရှိပါ။ ၂၀၁၇ က ခလောက်တရာရွာ ထရန်စဖော်မာ မိုးကြိုးထိပြီး မီးမလင်းခဲ့ပါဘူး။ ကုမ္ပဏီမှ အကြွေးယူပြီး ပြင်တာ သိန်း ၁၅၀ ခန့် ကုန်ခဲ့ပါတယ်။ မြို့နယ်ကို ကျေးရွာမီးအား အပ်နှံသော်လည်း အရည်အသွေး မပြည့်စုံ၍ လက်မခံပါ။ မိမိတို့ရွာအနီး မီး မရှိသေးသော ရွာများအား တိုင်းဒေသကြီး အစီအစဉ်ဖြင့် အပြည့်စုံ အခမဲ့ တပ်ဆင်ပေးနေပါတယ်။ ကျေးရွာရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများကိုယ်စား ကိုယ်ထူကိုယ်ထ ကျေးရွာလျှပ်စစ်မီးအား နိုင်ငံတော်မှ အပ်နှံခွင့်ပြုပေးပါရန် DVB မှ ဖတ်ကြားပေးပါခင်ဗျား။   သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံထံ တိုင်ကြားစာ အမှိုက်ခြင်းထဲ မထည့်ပါနှင့် သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးထံ စာများ တိုင်ကြားရာမှာ တိုင်ကြားစာ လက်ခံရာ ဌာနက သူများ တိုင်စာတွေကို အမှိုက်ခြင်းထဲ မထည့်ကြဘဲ သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဆက်ဆက်ပေးပို့ကြပါလို့ ပြောချင်ပါတယ်။  မျိုးအောင်   ရုပ်ရှင် ဒါရိုက်တာများ ပညာပေးကား များများ ရိုက်ပေးပါ ရုပ်ရှင် ဒါရိုက်တာတွေက ပညာပေးကားတွေ များများ ရိုက်စေချင်တယ်။ တခါလာလည်း ချစ်ကြ မုန်းကြ ပြန်ချစ်ကြနဲ့။ အရက်သောက်မယ်၊ ရမ်းမယ်၊ တိုက်မယ်၊ ရန်ဖြစ်မယ်၊ ဒီသံသရာက တခါမှ လွတ်တဲ့ ရုပ်ရှင်ကား မရှိဘူး။ လူငယ်လေးတွေ ၈၊ ၉၊ ၁၀ တွေရော တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေအတွက် ပညာပေးကားတွေ ရိုက်ပေးစေချင်တယ်။ ဥပမာ- ၉ တန်း၊ ၁၀ တန်း ကြိုးစားလို့ ဆရာဝန်၊ အင်ဂျင်နီယာ အစရှိသည်ကို ဘယ်လို ကြိုးစားရမယ် ဘယ်လို လုပ်ရမယ်ပေါ့။ ရှေ့က ချစ် ကွဲ သေ တိုက်ခိုး မူးတွေ များများရိုက်တော့ လူမမည်တွေ အတုခိုးတာပေါ့။ ယမကာဆိုင်တွေ ပေါလာတာ ဒါရိုက်တာတွေကြောင့်က ၉၀ ရာခိုင်နှုန်းရှိတယ်။ ရှေ့နွား မဖြောင့်တော့ နောက်နွားက ပိုကောက်နေပါတယ်။ ပြင်စေချင်ပါတယ်။  နွေဥသြ တောသားမြို့တက် လေးခွပါလို့ ထောင်ချခံရ ကျနော်က မြင်းခြံမြို့နားက ရွာတရွာကပါ။ မသိလို့ မေးပါရစေ။ တောသားတယောက် မဖြစ်မနေ မြို့ပေါ်က ဖြတ်သွားတဲ့အခါမှာ လောက်လေးခွ ပါသွားလို့ ရဲကဖမ်းပြီး ထောင် တလ ချတယ်ဗျာ။ လောက်လေးခွ ပါတာလည်း ညဘက်မို့ပါ။ မြင်းခြံမြို့ပေါ်မှာ ညဘက်ဆို တုတ်ကိုင်ပြီး အဖွဲ့နဲ့ မိုက်ကြေးခွဲသူတွကျ ရဲက မိအောင်မဖမ်းဘဲ တောက တက်တဲ့ လူငယ်တွေကျ လောက်လေးခွ ကိုင်လို့ဆိုပြီး ထောင်ချတယ်။ ဒါဟာ ပြည်သူလူထုကို ဒုက္ခပေးနေတယ်လို့ မြင်မိတယ်။ အထက်မှ လူကြီမင်းများနဲ့ အများပြည်သူ သိအောင်လို့ပါ။ အထက်က လူကြီမင်းများနဲ့ အုပ်ချုပ်သူတွေ ချမှတ်တဲ့သူများ သိရှိစေခချင်ပါတယ်ဗျာ။ ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]
Zawgyi Version ရင္ဖြင့္စာ သန႔္ရွင္းေရးကအစ ေၾကာက္ေနရ ပန္းတေနာ္ၿမိဳ႕ရဲ႕ေဆး႐ုံမွာ သန႔္ရွင္းေရးပါအဆုံး ဝန္ထမ္း အားလုံးဟာ  လူနာေတြအေပၚမွာ ေလးစားမႈ၊ ၾကည့္ရႈေစာင့္ေရွာက္မႈ အားနည္းေနပါတယ္။ စိတ္ရွည္ သည္းခံမႈလည္း မရွိပါဘူး။ တခါတရံ လူနာ အဘိုး အဘြားေတြကိုေတာင္ ေအာ္လား၊ ေငါက္လား၊ ဆူလား၊ ပူလား လုပ္ပါတယ္။ ေဆး႐ုံမွာရွိတဲ့ ဝန္ထမ္းအားလုံး အပါအဝင္ သန္ရွင္းေရးပါမက်န္ လူမႈဝန္ထမ္းစိတ္ အားနည္းေနတဲ့အတြက္ အဲဒီေဆး႐ုံကိုေတာင္ မကုဘဲ ပန္းတေနာ္ၿမိဳ႕ရဲ႕အလြန္ အင္းမေဆး႐ုံမွာ သြားေရာက္ကုသရပါတယ္။ ဒီအေၾကာင္း ဒီဗြီဘီကတဆင့္ အထက္ကို တင္ျပ ေျပာျပေပးပါ ခင္ဗ်ား ေက်းဇူးတင္ပါတယ္။ ေနသုတ ကြမ္းၿခံကုန္း ေက်း႐ြာလွ်ပ္စစ္မီး ျပဳျပင္ထိန္းသိမ္းေရးစရိတ္ ျပည္သူမ်ား ဝန္ထုပ္ဝန္ပိုးျဖစ္ေန ကြမ္းၿခံကုန္းၿမိဳ႕နယ္၊ မုတ္ကြၽန္းေတာင္ျခမ္းရွိ ႐ြာအမ်ားစုဟာ ၁၉၉၀ ျပည့္ႏွစ္ ကာလမ်ားက မီးလင္းေရးေကာ္မတီမ်ား ဖြဲ႕စည္းၿပီး ကိုယ္ထူကိုယ္ထ မီးလင္းခဲ့ၾကပါတယ္။ ႏွစ္စဥ္ ျပဳျပင္ထိန္းသိမ္းစရိတ္မ်ားမွာ ျပည္သူမ်ားအတြက္ ဝန္ထုပ္ဝန္ပိုး ျဖစ္ေနပါတယ္။ ၿမိဳ႕နယ္႐ုံးမွ မီးတိုင္ တတိုင္ လဲလွ်င္ လက္ခ ၁ သိန္း၊ ေဘကာ တခုလဲလွ်င္ လက္ခ ၅ ေသာင္း ေတာင္းပါတယ္။ ၿမိဳ႕႐ုံးကို အေၾကာင္းမၾကားဘဲ မိမိတို႔ကိုယ္တိုင္ ျပင္ခြင့္ မရွိပါ။ ၂၀၁၇ က ခေလာက္တရာ႐ြာ ထရန္စေဖာ္မာ မိုးႀကိဳးထိၿပီး မီးမလင္းခဲ့ပါဘူး။ ကုမၸဏီမွ အေႂကြးယူၿပီး ျပင္တာ သိန္း ၁၅၀ ခန႔္ ကုန္ခဲ့ပါတယ္။ ၿမိဳ႕နယ္ကို ေက်း႐ြာမီးအား အပ္ႏွံေသာ္လည္း အရည္အေသြး မျပည့္စုံ၍ လက္မခံပါ။ မိမိတို႔႐ြာအနီး မီး မရွိေသးေသာ ႐ြာမ်ားအား တိုင္းေဒသႀကီး အစီအစဥ္ျဖင့္ အျပည့္စုံ အခမဲ့ တပ္ဆင္ေပးေနပါတယ္။ ေက်း႐ြာရွိ ဆင္းရဲႏြမ္းပါးေသာ ျပည္သူမ်ားကိုယ္စား ကိုယ္ထူကိုယ္ထ ေက်း႐ြာလွ်ပ္စစ္မီးအား ႏိုင္ငံေတာ္မွ အပ္ႏွံခြင့္ျပဳေပးပါရန္ DVB မွ ဖတ္ၾကားေပးပါခင္ဗ်ား။ သမၼတႏွင့္ႏိုင္ငံေတာ္အတိုင္ပင္ခံထံ တိုင္ၾကားစာ အမႈိက္ျခင္းထဲ မထည့္ပါႏွင့္ သမၼတ႐ုံးနဲ႔ အတိုင္ပင္ခံ႐ုံးထံ စာမ်ား တိုင္ၾကားရာမွာ တိုင္ၾကားစာ လက္ခံရာ ဌာနက သူမ်ား တိုင္စာေတြကို အမႈိက္ျခင္းထဲ မထည့္ၾကဘဲ သမၼတနဲ႔ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ ဆက္ဆက္ေပးပို႔ၾကပါလို႔ ေျပာခ်င္ပါတယ္။ မ်ိဳးေအာင္ ႐ုပ္ရွင္ ဒါ႐ိုက္တာမ်ား ပညာေပးကား မ်ားမ်ား ႐ိုက္ေပးပါ ႐ုပ္ရွင္ ဒါ႐ိုက္တာေတြက ပညာေပးကားေတြ မ်ားမ်ား ႐ိုက္ေစခ်င္တယ္။ တခါလာလည္း ခ်စ္ၾက မုန္းၾက ျပန္ခ်စ္ၾကနဲ႔။ အရက္ေသာက္မယ္၊ ရမ္းမယ္၊ တိုက္မယ္၊ ရန္ျဖစ္မယ္၊ ဒီသံသရာက တခါမွ လြတ္တဲ့ ႐ုပ္ရွင္ကား မရွိဘူး။ လူငယ္ေလးေတြ ၈၊ ၉၊ ၁၀ ေတြေရာ တကၠသိုလ္ေက်ာင္းသူ ေက်ာင္းသားေတြအတြက္ ပညာေပးကားေတြ ႐ိုက္ေပးေစခ်င္တယ္။ ဥပမာ- ၉ တန္း၊ ၁၀ တန္း ႀကိဳးစားလို႔ ဆရာဝန္၊ အင္ဂ်င္နီယာ အစရွိသည္ကို ဘယ္လို ႀကိဳးစားရမယ္ ဘယ္လို လုပ္ရမယ္ေပါ့။ ေရွ႕က ခ်စ္ ကြဲ ေသ တိုက္ခိုး မူးေတြ မ်ားမ်ား႐ိုက္ေတာ့ လူမမည္ေတြ အတုခိုးတာေပါ့။ ယမကာဆိုင္ေတြ ေပါလာတာ ဒါ႐ိုက္တာေတြေၾကာင့္က ၉၀ ရာခိုင္ႏႈန္းရွိတယ္။ ေရွ႕ႏြား မေျဖာင့္ေတာ့ ေနာက္ႏြားက ပိုေကာက္ေနပါတယ္။ ျပင္ေစခ်င္ပါတယ္။ ေႏြဥၾသ ေတာသားၿမိဳ႕တက္ ေလးခြပါလို႔ ေထာင္ခ်ခံရ က်ေနာ္က ျမင္းၿခံၿမိဳ႕နားက ႐ြာတ႐ြာကပါ။ မသိလို႔ ေမးပါရေစ။ ေတာသားတေယာက္ မျဖစ္မေန ၿမိဳ႕ေပၚက ျဖတ္သြားတဲ့အခါမွာ ေလာက္ေလးခြ ပါသြားလို႔ ရဲကဖမ္းၿပီး ေထာင္ တလ ခ်တယ္ဗ်ာ။ ေလာက္ေလးခြ ပါတာလည္း ညဘက္မို႔ပါ။ ျမင္းၿခံၿမိဳ႕ေပၚမွာ ညဘက္ဆို တုတ္ကိုင္ၿပီး အဖြဲ႕နဲ႔ မိုက္ေၾကးခြဲသူတြက် ရဲက မိေအာင္မဖမ္းဘဲ ေတာက တက္တဲ့ လူငယ္ေတြက် ေလာက္ေလးခြ ကိုင္လို႔ဆိုၿပီး ေထာင္ခ်တယ္။ ဒါဟာ ျပည္သူလူထုကို ဒုကၡေပးေနတယ္လို႔ ျမင္မိတယ္။ အထက္မွ လူႀကီမင္းမ်ားနဲ႔ အမ်ားျပည္သူ သိေအာင္လို႔ပါ။ အထက္က လူႀကီမင္းမ်ားနဲ႔ အုပ္ခ်ဳပ္သူေတြ ခ်မွတ္တဲ့သူမ်ား သိရွိေစခခ်င္ပါတယ္ဗ်ာ။ ဒီဗြီဘီကုိ ရင္ဖြင့္စာေပးပုိ႔လုိပါက ေအာက္ေဖာ္ျပပါ အီးေမးလ္ေတြကုိ ေပးပုိ႔ႏုိင္ပါတယ္။ [email protected], [email protected]

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024