Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်ဆွေးနွေးပွဲများတွင် ပြန်လည်ပါဝင်ရန် ကေအန်ယူ ဆုံးဖြတ်
အောင်သူ
·
August 11, 2019
ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်ဆွေးနွေးပွဲတွေကို ပြန်ပါဝင်ဖို့နဲ့ PPST အဖွဲ့ဝင်အဖြစ်လည်း ဆက်လက်ပါဝင်ဖို့ ကေအန်ယူ ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က စပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တရားဝင်အစည်းအဝေးတွေကို ယာယီရပ်ဆိုင်းထားခဲ့ရာကနေ ဇူလိုင် ၂၂ ရက်နေ့ကနေ သြဂုတ် ၉ ရက်နေ့အထိ ကေအန်ယူ ဌာနချုပ် လော်ခီးလာမှာ ကျင်းပပြုလုပ်တဲ့  ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။  တရားဝင်ဆွေးနွေးပွဲတွေကို ယာယီရပ်ဆိုင်းထားတာက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းကနေ ထွက်ခွာသွားတာမဟုတ်သလို NCA အပေါ်မှာပဲရပ်တည်ပြီး NCA အကောင်အထည်ဖော်မှုမှာ အဓိကကျတဲ့ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်လုပ်ဖို့ လိုအပ်တယ်လို့ ကေအန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုပါတယ်။ ကေအန်ယူရဲ့ နှစ်ပတ်လည် ဗဟိုကော်မတီရဲ့အစည်းအဝေးပွဲမှာ နိုင်ငံရေးအခြေအနေ သုံးသပ်တာ ငြိမ်းချမ်းရေးအခြေအနေသုံးသပ်တာနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ကေအန်ယူရဲ့  မဟာမိတ် ပူးပေါင်းဆောင်ရွက်ရေး သဘောထား အတိုင်း ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။ ကေအန်ယူရဲ့ အခုထုတ်ပြန်ချက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကြိုဆိုရမှာဖြစ်ပြီး တရားဝင် အစည်းအဝေးတွေကို ပြန်လည်စတင်လာနိုင်မှာဖြစ်သလို PPST အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အားကောင်းလာခဲ့မယ်ဆိုရင် ဒီနှစ်ထဲမှာ ၂၁ ရာစုပင်လုံညီလာခံ ခေါ်ယူနိုင်ရေး အတွက် အလားအလာ ကောင်းလာနိုင်တယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။ အခုလာမယ့် သြဂုတ် ၂၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြုလုပ်ဖို့ ရှိပါတယ်။
ၿငိမ္းခ်မ္းေရးဆိုင္ရာ တရားဝင္ေဆြးေႏြးပြဲမ်ားတြင္ ျပန္လည္ပါဝင္ရန္ ေကအန္ယူ ဆုံးျဖတ္ ေအာင္သူ ၿငိမ္းခ်မ္းေရးဆိုင္ရာ တရားဝင္ေဆြးေႏြးပြဲေတြကို ျပန္ပါဝင္ဖို႔နဲ႔ PPST အဖြဲ႕ဝင္အျဖစ္လည္း ဆက္လက္ပါဝင္ဖို႔ ေကအန္ယူ ဗဟိုအၿမဲတမ္းေကာ္မတီအစည္းအေဝးက ဆုံးျဖတ္လိုက္ပါတယ္။ ကရင္အမ်ိဳးသားအစည္းအ႐ုံး (ေကအန္ယူ) အေနနဲ႔ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ ၅ ရက္ေန႔က စၿပီး ၿငိမ္းခ်မ္းေရးဆိုင္ရာ လုပ္ငန္းစဥ္တရားဝင္အစည္းအေဝးေတြကို ယာယီရပ္ဆိုင္းထားခဲ့ရာကေန ဇူလိုင္ ၂၂ ရက္ေန႔ကေန ၾသဂုတ္ ၉ ရက္ေန႔အထိ ေကအန္ယူ ဌာနခ်ဳပ္ ေလာ္ခီးလာမွာ က်င္းပျပဳလုပ္တဲ့ ဗဟိုအၿမဲတမ္းေကာ္မတီအစည္းအေဝးမွာ ဆုံးျဖတ္ခဲ့ၾကတာပါ။ တရားဝင္ေဆြးေႏြးပြဲေတြကို ယာယီရပ္ဆိုင္းထားတာက တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လမ္းေၾကာင္းကေန ထြက္ခြာသြားတာမဟုတ္သလို NCA အေပၚမွာပဲရပ္တည္ၿပီး NCA အေကာင္အထည္ေဖာ္မႈမွာ အဓိကက်တဲ့ အပစ္အခတ္ရပ္စဲေရး ခိုင္မာေအာင္လုပ္ဖို႔ လိုအပ္တယ္လို႔ ေကအန္ယူ ဒုဥကၠ႒ ပဒိုေစာကြယ္ထူးဝင္းက ေျပာဆိုပါတယ္။ ေကအန္ယူရဲ႕ ႏွစ္ပတ္လည္ ဗဟိုေကာ္မတီရဲ႕အစည္းအေဝးပြဲမွာ ႏိုင္ငံေရးအေျခအေန သုံးသပ္တာ ၿငိမ္းခ်မ္းေရးအေျခအေနသုံးသပ္တာနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္တဲ့ေနရာမွာ ေကအန္ယူရဲ႕ မဟာမိတ္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာထား အတိုင္း ညႇိႏႈိင္းၿပီးေတာ့ ေဆာင္႐ြက္သြားမယ္လို႔ သူကဆိုပါတယ္။ ေကအန္ယူရဲ႕ အခုထုတ္ျပန္ခ်က္က ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ ႀကိဳဆိုရမွာျဖစ္ၿပီး တရားဝင္ အစည္းအေဝးေတြကို ျပန္လည္စတင္လာႏိုင္မွာျဖစ္သလို PPST အေနနဲ႔ ပူးေပါင္း ေဆာင္႐ြက္မႈေတြ အားေကာင္းလာခဲ့မယ္ဆိုရင္ ဒီႏွစ္ထဲမွာ ၂၁ ရာစုပင္လုံညီလာခံ ေခၚယူႏိုင္ေရး အတြက္ အလားအလာ ေကာင္းလာႏိုင္တယ္လို႔ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ ဦးေဆာင္နာယက ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာပါတယ္။ အခုလာမယ့္ ၾသဂုတ္ ၂၁ ရက္ေန႔ကေန ၂၄ ရက္ေန႔အထိ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕တို႔ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) အစည္းအေဝးကို ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ က်င္းပျပဳလုပ္ဖို႔ ရွိပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024