ဂရင်းလန်းတွင် တရက်အတွင်း ရေခဲတန်ချိန် ၁၀ဘီလီယံကျော်အရည်ပျော်ခဲ့
714
ဂရင်းလန်းမှာရှိတဲ့ ရေခဲတွေ သမိုင်းဝင်စံချိန်တင်အဖြစ် အရည်ပျော်နေတဲ့ဖြစ်ရပ်ကို မှတ်တမ်းရုပ် ရှင်ရိုက်ကူးရေသမား ကတ်စပါဟားလော့က သြဂုတ် ၁ ရက်မှာ ရိုက်ကူးနိုင်ခဲ့ပါတယ်။
“Into the Ice” လို့ခေါ်တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မှတ်တမ်းတင် ဗွီဒီယိုအစိတ်အပိုင်းအဖြစ် ဒီလိုရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
စံချိန်တင်အပူချိန်ဖြစ်တဲ့ ၂၂ ဒီဂရီဆဲစီးရက်ကြောင့် ဇူလိုင်လတလတွင်းဂ ရင်းလန်းမှာရှိတဲ့ ရေခဲတန်ချိန်စုစုပေါင်း ၁၉၇ ဂီဂါတန် ဆုံးရှုံးခဲ့ရတယ်လို့ ဒိန်းမတ်မိုးလေဝသအဖွဲ့က ပြောပါတယ်။
အရည်ပျော်ရာသီအတွင်း တရက်အတွင်း အများဆုံးရေခဲအရည်ပျော်မှုဟာ ဇူလိုင် ၃၁ ရက်နေ့မှာဖြစ်ပေါ်ခဲ့ပြီး တရက်အတွင်း ၁၁ ဂီဂါတန်အရည်ပျော်ခဲ့ပါတယ်။
ဒါဟာ ၂၄ နာရီအတွင်း ရေခဲတန်ချိန်ပေါင်း ၁၀ ဘီလီယံအရည်ပျော်ခဲ့တာလဲဖြစ်ပါတယ်။ “ကြီးမားပြီး ပဟေဋိဆန်တဲ့ ရာသီဥတုဖြစ်စဉ်အကြောင်းကို ရိုက်ဖော်ထုတ်ရိုက်ကူးရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီရေခဲတွေဟာ အိပ်ပျော်နေတဲ့ မကောင်း ဆိုးရွားတွေလို တည်ရှိနေခဲ့တာပါ။ ရေခဲတွေအရည်မပျော်သေးခင်အထိ ဒါကိုဘယ်သူမှ ဂရုမစိုက်ခဲ့ကြပါဘူး။ အခုမှသာ လူတွေက ဒါကိုစိတ်ဝင်စားလာကြတာပါ” လို့လည်း ကတ်စပါကပြောပါတယ်။