A d v e r t i s e m e n t With Us

တန်းတူညီမျှ မိန်းကလေးတို့ဘဝ ၉၉ ရက်တာ လူထုလှုပ်ရှားမှု ပြုလုပ်မည်

တန်းတူညီမျှ မိန်းကလေးတို့ဘဝ ၉၉ ရက်တာ လူထုလှုပ်ရှားမှု အခမ်းအနား မိတ်ဆက်ပွဲကို သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။  အနာဂတ်ကာလမှာ အမျိုးသမီးတွေအတွက် ညီမျှတဲ့ တာဝန်ယူ ဆုံးဖြတ်ပိုင်ခွင့် ညီမျှတဲ့ လွတ်လပ်ခြင်းနဲ့ လုံခြုံမှု ညီမျှတဲ့ ကိုယ်စားပြုခွင့်နဲ့ ခေါင်းဆောင်နိုင်ခွင့်တွေ ရရှိဖို့အတွက် ရည်ရွယ်ကျင်းပတာလည်းဖြစ်ပါတယ်။  ဒီလှုပ်ရှားမှုကိူတော့ သြဂုတ်လ ၁၂ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူကယ်များနေ့ကနေ နိုဝင်ဘာ ၂၀ ရက်နေ့အထိ ၉၉ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။  ဒါ့အပြင် မိန်းကလေးတွေရဲ့ အခွင့်အရေးတွေကို မြှင့်တင်ပြီး လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်မှာ ဦးဆောင်နိုင်လာဖို့ အတွက် ကူညီပံ့ပိုးသွားမှာ ဖြစ်ပါတယ်။  တန်းတူညီမျှ မိန်းကလေးတို့ဘဝ ၉၉ ရက်တာ လှုပ်ရှားမှုကို Plan International က ဦးဆောင် လုပ်ဆောင်တာဖြစ်ပြီး လူငယ်တွေကို ဖိတ်ခေါ်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
တန္းတူညီမွ် မိန္းကေလးတို႔ဘဝ ၉၉ ရက္တာ လူထုလႈပ္ရွားမႈ ျပဳလုပ္မည္ သူဇာလင္း တန္းတူညီမွ် မိန္းကေလးတို႔ဘဝ ၉၉ ရက္တာ လူထုလႈပ္ရွားမႈ အခမ္းအနား မိတ္ဆက္ပြဲကို ၾသဂုတ္လ ၁၁ ရက္ေန႔က ရန္ကုန္နည္းပညာတကၠသိုလ္မွာ က်င္းပခဲ့ပါတယ္။ အနာဂတ္ကာလမွာ အမ်ိဳးသမီးေတြအတြက္ ညီမွ်တဲ့ တာဝန္ယူ ဆုံးျဖတ္ပိုင္ခြင့္ ညီမွ်တဲ့ လြတ္လပ္ျခင္းနဲ႔ လုံၿခဳံမႈ ညီမွ်တဲ့ ကိုယ္စားျပဳခြင့္နဲ႔ ေခါင္းေဆာင္ႏိုင္ခြင့္ေတြ ရရွိဖို႔အတြက္ ရည္႐ြယ္က်င္းပတာလည္းျဖစ္ပါတယ္။ ဒီလႈပ္ရွားမႈကိူေတာ့ ၾသဂုတ္လ ၁၂ ရက္ေန႔ အျပည္ျပည္ဆိုင္ရာ လူကယ္မ်ားေန႔ကေန ႏိုဝင္ဘာ ၂၀ ရက္ေန႔အထိ ၉၉ ရက္တာ က်င္းပသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ မိန္းကေလးေတြရဲ႕ အခြင့္အေရးေတြကို ျမႇင့္တင္ၿပီး လူမႈေရး၊ စီးပြားေရးနဲ႔ ႏိုင္ငံေရးနယ္ပယ္မွာ ဦးေဆာင္ႏိုင္လာဖို႔ အတြက္ ကူညီပံ့ပိုးသြားမွာ ျဖစ္ပါတယ္။ တန္းတူညီမွ် မိန္းကေလးတို႔ဘဝ ၉၉ ရက္တာ လႈပ္ရွားမႈကို Plan International က ဦးေဆာင္ လုပ္ေဆာင္တာျဖစ္ၿပီး လူငယ္ေတြကို ဖိတ္ေခၚၿပီး လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up