A d v e r t i s e m e n t With Us

အမေရိကန် ဘီလျံနာသူဌေးကြီး အကျဉ်းထောင်အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

လိင်ကုန်ကူးမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်ဘီလျံနာ သူဌေးကြီး ဂျက်ဖရီ အက်စတိန်းဟာ နယူးယောက်မြို့က အကျဉ်းခန်းထဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဩဂုတ် ၁၀ ရက်နေ့က ဖော်ပြပါတယ်။ ၆၆ နှစ်အရွယ် သူဌေးကြီးရဲ့ ရုပ်အလောင်းကို မန်ဟက်တန်ရှိ မက်ထရိုပိုလီတန်အ ကျဉ်းထောင်အတွင်း ဒေသစံတော်ချိန် မနက် ၇ နာရီ ၃ဝ မိနစ်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ အလောင်းဟာ အမေရိကန်နိုင်ငံ နယူးယောက် မြို့က ဆေးဘက် စစ်ဆေးရေးအရာရှိချုပ်ရုံးကို ရောက်ရှိနေပါပြီ အက်စတိန်းဟာ ၂ဝဝဝ ပြည့်နှစ်အစောပိုင်းက အမျိုးသမီးငယ်ပေါင်းများစွာကို လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တယ်ဆိုပြီး အခုနှစ် ဇူလိုင် အစောပိုင်းမှာ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး  အာမခံလျှောက်ထားခဲ့ပေမယ့် မရခဲ့ပါဘူး။ သူဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၄၅ နှစ်ထိ ကျခံရဖွယ်ရှိတယ်လို့ သိရပါတယ်။ သူဌေးကြီး အက်စတိန်း သေဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုထောက်လှမ်းရေး ဗျူရို FBI နဲ့ တရားရေးဌာန စစ်ဆေးရေးမှူးချုပ်တို့က အမှုဖွင့်ထားကြောင်း၊ အချုပ်ခန်းထဲမှာ သေဆုံးတာသိရလို့ စိတ်ပျက်မိတယ်လို့ အမေရိကန် ရှေ့နေချုပ် ဝီလျံဘားက ပြောပါတယ်။ အက်စတိန်းဟာ ပြီးခဲ့တဲ့ ၁၁ နှစ်ကျော်ကလည်း အလာတူးပြစ်မှုမျိုးနဲ့ ဖလော်ရီဒါမှာ အကျဉ်းကျခံရဖူးတယ်လို့ သိရပါတယ်။
Zawgyi Version အေမရိကန္ ဘီလ်ံနာသူေဌးႀကီး အက်ဥ္းေထာင္အတြင္း ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ DVB လိင္ကုန္ကူးမႈနဲ႔ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အေမရိကန္ဘီလ်ံနာ သူေဌးႀကီး ဂ်က္ဖရီ အက္စတိန္းဟာ နယူးေယာက္ၿမိဳ႕က အက်ဥ္းခန္းထဲ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သြားတယ္လို႔ ေဒသတြင္း မီဒီယာေတြမွာ ဩဂုတ္ ၁၀ ရက္ေန႔က ေဖာ္ျပပါတယ္။ ၆၆ ႏွစ္အ႐ြယ္ သူေဌးႀကီးရဲ႕ ႐ုပ္အေလာင္းကို မန္ဟက္တန္ရွိ မက္ထ႐ိုပိုလီတန္အ က်ဥ္းေထာင္အတြင္း ေဒသစံေတာ္ခ်ိန္ မနက္ ၇ နာရီ ၃ဝ မိနစ္မွာ ေတြ႕ရွိခဲ့တာလို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ အေလာင္းဟာ အေမရိကန္ႏိုင္ငံ နယူးေယာက္ ၿမိဳ႕က ေဆးဘက္ စစ္ေဆးေရးအရာရွိခ်ဳပ္႐ုံးကို ေရာက္ရွိေနပါၿပီ အက္စတိန္းဟာ ၂ဝဝဝ ျပည့္ႏွစ္အေစာပိုင္းက အမ်ိဳးသမီးငယ္ေပါင္းမ်ားစြာကို လိင္ပိုင္းဆိုင္ရာက်ဴးလြန္ခဲ့တယ္ဆိုၿပီး အခုႏွစ္ ဇူလိုင္ အေစာပိုင္းမွာ တရားစြဲဆိုခံခဲ့ရတာျဖစ္ၿပီး  အာမခံေလွ်ာက္ထားခဲ့ေပမယ့္ မရခဲ့ပါဘူး။ သူဟာ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၄၅ ႏွစ္ထိ က်ခံရဖြယ္ရွိတယ္လို႔ သိရပါတယ္။ သူေဌးႀကီး အက္စတိန္း ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ျပည္ေထာင္စုေထာက္လွမ္းေရး ဗ်ဴ႐ို FBI နဲ႔ တရားေရးဌာန စစ္ေဆးေရးမႉးခ်ဳပ္တို႔က အမႈဖြင့္ထားေၾကာင္း၊ အခ်ဳပ္ခန္းထဲမွာ ေသဆုံးတာသိရလို႔ စိတ္ပ်က္မိတယ္လို႔ အေမရိကန္ ေရွ႕ေနခ်ဳပ္ ဝီလ်ံဘားက ေျပာပါတယ္။ အက္စတိန္းဟာ ၿပီးခဲ့တဲ့ ၁၁ ႏွစ္ေက်ာ္ကလည္း အလာတူးျပစ္မႈမ်ိဳးနဲ႔ ဖေလာ္ရီဒါမွာ အက်ဥ္းက်ခံရဖူးတယ္လို႔ သိရပါတယ္။

A d v e r t i s e m e n t With Us

More News
Up