Home
ဆောင်းပါး
မိုးမိတာနဲ့ အအေးမိဖျားနာ ဖြစ်နိုင်လား
DVB
·
August 11, 2019
ကျွန်တော်တို့ ငယ်ငယ်တုန်းက မိုးရေထဲထွက်ဆော့ရင် အအေးမိဖျားနာ ဖြစ်လိမ့်မယ်ဆိုပြီး လူကြီးမိဘတွေ ပြောဆိုခဲ့တာ မှတ်မိမယ်ထင်ပါတယ်။ ပြောစကားနားမထောင်ပဲ မိုးရေထဲ ထွက်ဆော့မိလို့ ဖျားပြီဆိုရင် စကားနားမထောင်ရကောင်းလား ဆိုပြီး ဆူခံထိတာလည်း ခဏခဏပါပဲ။ အဲ့လိုနဲ့ပဲ အအေးမိဖျားနာတာဟာ မိုးမိတာရဲ့ အကျိုးသက်ရောက်မှုဆိုပြီး လူတွေက ထင်လာကြပါတယ်။ ဒါဆိုရင် တချို့သူတွေက မိုးမိလျက်နဲ့ ဘာလို့ မဖျားနာတာလဲလို့ မေးစရာ ဖြစ်လာပါတယ်။ မိုးမိလို့ အအေးမိဖျားနာ ဖြစ်နိုင်လား။ လူအများစု ယုံကြည်ထားကြတဲ့ မိုးမိလို့ အအေးမိဖျားနာ ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ သာမန် အအေးမိခြင်းဟာ Rhinovirus လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးအပြင် တခြားသော ပိုးပေါင်း ၂၀၀ကျော်ကနေ တစ်ဆင့် ကူးဆက်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ အလွန်အမင်း မောပန်းနေတဲ့အချိန်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတဲ့အချိန်မှာ ကိုယ်ခံအားကျဆင်းနေတဲ့အတွက် ပိုးဟာ ကိုယ်ခန္ဓာထဲဝင်ရောက်လာတဲ့အခါမှာ အလျင်အမြန်ပွားလာပြီး အအေးမိဖျားနာတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် အေးတဲ့ ရာသီတွေမှာ ဘာလို့ အအေးမိတာအဖြစ်များတာလဲ။ ရာသီဥတုအေးတဲ့အခါမှာ အိမ်ထဲမှာပဲ နီးနီးကပ်ကပ်နေကြတဲ့အတွက် တစ်ယောက်မှာ ရောဂါပိုးရှိရင် ကျန်တဲ့အိမ်သားတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ကလေးသူငယ် တွေဆိုရင်လည်း ကျောင်းမှာ ဆော့ကစားရင်း လက်ကို သေချာမဆေးမိတဲ့အခါမျိုးမှာ ကူးစက်ဖို့ လွယ်ကူပါတယ်။ နောက်တစ်ခုက ဗိုင်းရပ်စ်ပိုးတွေဟာ ခြောက်သွေ့တဲ့လေထုထဲမှာ အလျင်အမြန် ပြန့်နှံ့နိုင်တဲ့အတွက် မိုးတွင်း၊ ဆောင်းတွင်းလိုမျိုး ရာသီဥတုမှာ ဖြစ်ပွားတဲ့နှုန်းက တခြားအချိန်ထက် ပိုများနိုင်ပါတယ်။ အအေးမိ၊ တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ။ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေဟာ လေထဲကတစ်ဆင့် ကူးစက်နိုင်သလို၊ ဖျားနေသူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ကိုင်တွယ်ကြည့်ပြီး လက်သေချာမဆေးမိတဲ့အခါ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အပြင်ကနေပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာ နှံ့စပ်စွာဆေးကြောပေးဖို့ လိုပါတယ်။ တစ်နှစ် တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေး ထိုးထားရပါမယ်။ ဖျားနေတယ်လို့ သံသယရှိတဲ့ သူတွေနဲ့ ဝေးဝေးမှာ နေထိုင်ပါ။ ပိုးမွှားတွေဟာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တာဖြစ်လို့ မျက်နှာ အထူးသဖြင့် နှာခေါင်းနဲ့ ပါးစပ်ကို မလိုအပ်ပဲ ကိုင်တွယ်တာ၊ ဆပ်ပြာနဲ့ လက်မဆေးပဲ ပွတ်သပ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ အအေးမိပြီဆိုရင် ဘာတွေလုပ်ပေးသင့်လဲ။ အရည်များများသောက်ပါ။ ကိုယ်ခံအားစနစ်ကို ပြန်လည်ကောင်းမွန်လာဖို့ တစ်နေ့တာ လိုအပ်တဲ့ အစာအာဟာရတွေကို ပြည့်ဝစွာ စားသုံးဖို့ လိုပါတယ်။ ကြက်စွပ်ပြုတ်ပူပူနွေးနွေး၊ ရေနွေးကြမ်းတွေဟာ ပိတ်နေတဲ့ နှာခေါင်းပေါက်ကို ပြန်ပွင့်စေပြီး လည်ချောင်းခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ ဖျားပြီဆိုရင် လူများတဲ့ နေရာတွေကို သွားမယ့်အစား အိမ်မှာပဲ နားနေပါ။ လုံလောက်စွာ အနားယူပေးဖို့လည်း လိုအပ်ပါတယ်။ ရောဂါလက္ခဏာ ပိုဆိုးလာတာဖြစ်စေ၊ ဝေဒနာ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး ကုသမှုခံယူရပါမယ်။ ေရးသားသူ Ye Myo Myat ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။
Zawgyi Version ကၽြန္ေတာ္တို႔ ငယ္ငယ္တုန္းက မိုးေရထဲထြက္ေဆာ့ရင္ အေအးမိဖ်ားနာ ျဖစ္လိမ့္မယ္ဆိုျပီး လူၾကီးမိဘေတြ ေျပာဆိုခဲ့တာ မွတ္မိမယ္ထင္ပါတယ္။ ေျပာစကားနားမေထာင္ပဲ မိုးေရထဲ ထြက္ေဆာ့မိလို႔ ဖ်ားျပီဆိုရင္ စကားနားမေထာင္ရေကာင္းလား ဆိုျပီး ဆူခံထိတာလည္း ခဏခဏပါပဲ။ အဲ့လိုနဲ႔ပဲ အေအးမိဖ်ားနာတာဟာ မိုးမိတာရဲ႕ အက်ိဳးသက္ေရာက္မႈဆိုျပီး လူေတြက ထင္လာၾကပါတယ္။ ဒါဆိုရင္ တခ်ိဳ႕သူေတြက မိုးမိလ်က္နဲ႔ ဘာလို႔ မဖ်ားနာတာလဲလို႔ ေမးစရာ ျဖစ္လာပါတယ္။ မိုးမိလို႔ အေအးမိဖ်ားနာ ျဖစ္ႏိုင္လား။ လူအမ်ားစု ယံုၾကည္ထားၾကတဲ့ မိုးမိလို႔ အေအးမိဖ်ားနာ ျဖစ္တယ္ဆိုတာ မဟုတ္ပါဘူး။ သာမန္ အေအးမိျခင္းဟာ Rhinovirus လုိ႔ ေခၚတဲ့ ဗိုင္းရပ္စ္ပိုးအျပင္ တျခားေသာ ပိုးေပါင္း ၂၀၀ေက်ာ္ကေန တစ္ဆင့္ ကူးဆက္တဲ့ ေရာဂါေတြပဲ ျဖစ္ပါတယ္။ အလြန္အမင္း ေမာပန္းေနတဲ့အခ်ိန္၊ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ေနတဲ့အခ်ိန္မွာ ကိုယ္ခံအားက်ဆင္းေနတဲ့အတြက္ ပိုးဟာ ကိုယ္ခႏၶာထဲ၀င္ေရာက္လာတဲ့အခါမွာ အလ်င္အျမန္ပြားလာျပီး အေအးမိဖ်ားနာတာ ျဖစ္ႏုိင္ပါတယ္။ ဒါဆိုရင္ ေအးတဲ့ ရာသီေတြမွာ ဘာလို႔ အေအးမိတာအျဖစ္မ်ားတာလဲ။ ရာသီဥတုေအးတဲ့အခါမွာ အိမ္ထဲမွာပဲ နီးနီးကပ္ကပ္ေနၾကတဲ့အတြက္ တစ္ေယာက္မွာ ေရာဂါပိုးရွိရင္ က်န္တဲ့အိမ္သားေတြကို အလြယ္တကူ ကူးစက္ႏိုင္ပါတယ္။ ကေလးသူငယ္ ေတြဆိုရင္လည္း ေက်ာင္းမွာ ေဆာ့ကစားရင္း လက္ကို ေသခ်ာမေဆးမိတဲ့အခါမ်ိဳးမွာ ကူးစက္ဖို႔ လြယ္ကူပါတယ္။ ေနာက္တစ္ခုက ဗိုင္းရပ္စ္ပိုးေတြဟာ ေျခာက္ေသြ႔တဲ့ေလထုထဲမွာ အလ်င္အျမန္ ျပန္႔ႏွံ႔ႏိုင္တဲ့အတြက္ မိုးတြင္း၊ ေဆာင္းတြင္းလိုမ်ိဳး ရာသီဥတုမွာ ျဖစ္ပြားတဲ့ႏႈန္းက တျခားအခ်ိန္ထက္ ပိုမ်ားႏိုင္ပါတယ္။ အေအးမိ၊ တုပ္ေကြးမျဖစ္ေအာင္ ဘယ္လိုကာကြယ္ႏိုင္မလဲ။ ေရာဂါျဖစ္ေစတဲ့ ဗိုင္းရပ္စ္ပိုးမႊားေတြဟာ ေလထဲကတစ္ဆင့္ ကူးစက္ႏိုင္သလို၊ ဖ်ားေနသူရဲ႕ အသံုးအေဆာင္ပစၥည္းေတြကို ကိုင္တြယ္ၾကည့္ျပီး လက္ေသခ်ာမေဆးမိတဲ့အခါ ကူးစက္ႏိုင္ပါတယ္။ ဒါေၾကာင့္ အျပင္ကေနျပန္လာတိုင္း လက္ကို ဆပ္ျပာနဲ႔ ေသခ်ာ ႏွ႔ံစပ္စြာေဆးေၾကာေပးဖို႔ လိုပါတယ္။ တစ္ႏွစ္ တစ္ၾကိမ္ တုပ္ေကြးကာကြယ္ေဆး ထိုးထားရပါမယ္။ ဖ်ားေနတယ္လို႔ သံသယရွိတဲ့ သူေတြနဲ႔ ေ၀းေ၀းမွာ ေနထိုင္ပါ။ ပိုးမႊားေတြဟာ အသက္ရွဴလမ္းေၾကာင္းကေနတစ္ဆင့္ ကူးစက္တာျဖစ္လို႔ မ်က္ႏွာ အထူးသျဖင့္ ႏွာေခါင္းနဲ႔ ပါးစပ္ကို မလိုအပ္ပဲ ကိုင္တြယ္တာ၊ ဆပ္ျပာနဲ႔ လက္မေဆးပဲ ပြတ္သပ္တာမ်ိဳး ေရွာင္ၾကဥ္သင့္ပါတယ္။ အေအးမိျပီဆိုရင္ ဘာေတြလုပ္ေပးသင့္လဲ။ အရည္မ်ားမ်ားေသာက္ပါ။ ကိုယ္ခံအားစနစ္ကို ျပန္လည္ေကာင္းမြန္လာဖို႔ တစ္ေန႔တာ လိုအပ္တဲ့ အစာအာဟာရေတြကို ျပည့္၀စြာ စားသံုးဖို႔ လိုပါတယ္။ ၾကက္စြပ္ျပဳတ္ပူပူေႏြးေႏြး၊ ေရေႏြးၾကမ္းေတြဟာ ပိတ္ေနတဲ့ ႏွာေခါင္းေပါက္ကို ျပန္ပြင့္ေစျပီး လည္ေခ်ာင္းေျခာက္ေသြ႔ယားယံတာကို သက္သာေစပါတယ္။ ဖ်ားျပီဆိုရင္ လူမ်ားတဲ့ ေနရာေတြကို သြားမယ့္အစား အိမ္မွာပဲ နားေနပါ။ လံုေလာက္စြာ အနားယူေပးဖို႔လည္း လိုအပ္ပါတယ္။ ေရာဂါလကၡဏာ ပိုဆိုးလာတာျဖစ္ေစ၊ ေ၀ဒနာ မသက္သာလာဘူးဆိုရင္ေတာ့ ဆရာ၀န္နဲ႔ သြားေရာက္ျပသျပီး ကုသမႈခံယူရပါမယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024