အိန္ဒိယနိုင်ငံ ပြည်နယ်အချို့တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၉၅ ဦးထိ မြင့်တက်

အိန္ဒိယနိုင်ငံ မဟာရတ်ရှ်တျာ၊ ကဲရာလာနဲ့ ကာနာတာကာ ပြည်နယ်တွေမှာ ရေကြီးလို့ သေဆုံးသူ ဦးရေဟာ သြဂုတ် ၁၀ ရက်နေ့ထိ ကိန်းဂဏန်းတွေအရ ၉၅ ယောက်ထိ မြင့်တက်သွားပါပြီ။
မိုးကြီးပြီး မြေပြိုလို့ ထောင်သောင်းချီတဲ့ လူတွေ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်. မဟာရတ်ရှ်တျာ ပြည်နယ်မှာ ဒီအပတ်အတွင်း ၂၉ ယောက် သေဆုံး ပါတယ်။ ကဲရာလာ ပြည်နယ်မှာ ၂ ရက်အတွင်း အကြိမ်ရေ ၈၀ အထိ မြေပြိုလို့ လူ ၄၂ ယောက် သေဆုံးပြီး လူ ၁ သိန်းကျော်ကို ဘေးကင်းရာ ရွှေ့ပေးခဲ့ရပါတယ်။
ကာနာတာကာ ပြည်နယ်မှာတော့ ၄၅ နှစ်အတွင်း အဆိုးဆုံးရေကြီးမှုတွေကြောင့် လူ ၂၄ ယောက် သေဆုံးတယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က စနေနေ့မှာ ပြောပါတယ်။
ဒီပြည်နယ် ၃ ခုနဲ့ တောင်ပိုင်းက ပြည်နယ်တချို့မှာ အင်မတန် သည်းသည်းထန်ထန် မိုးရွာဦးမယ့် အလားအလာ ရှိတယ်လို့ အိန္ဒိယ မိုးလေဝသဌာနက စနေနေ့မှာ ပြောထားပါတယ်။
ဇွန်လကနေ စက်တင်ဘာလကြား မုတ်သုန်မိုးရာသီဟာ စိုက်ပျိုးရေးကို မှီခိုနေရတဲ့ အိန္ဒိယ လူ့အဖွဲ့ အစည်းအတွက် အသက်သွေးကြောပါ။
နိုင်ငံလူဦးရေ ၁.၃ ဘီလျံရဲ့ တဝက်ကျော်ဟာ စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်ကိုင်နေပါတယ်။ ဒါပေမယ့် နှစ်စဉ် မိုးရာသီမှာ မိုးကြီးတာနဲ့ ပတ်သက်တဲ့ သေဆုံး ပျက်စီးမှုတွေ ရှိနေ ပါတယ်။
Zawgyi Version
အိႏၵိယႏိုင္ငံ ျပည္နယ္အခ်ိဳ႕တြင္ ေရႀကီးမႈေၾကာင့္ ေသဆုံးသူ ၉၅ ဦးထိ ျမင့္တက္
DVB
အိႏၵိယႏိုင္ငံ မဟာရတ္ရွ္တ်ာ၊ ကဲရာလာနဲ႔ ကာနာတာကာ ျပည္နယ္ေတြမွာ ေရႀကီးလို႔ ေသဆုံးသူ ဦးေရဟာ ၾသဂုတ္ ၁၀ ရက္ေန႔ထိ ကိန္းဂဏန္းေတြအရ ၉၅ ေယာက္ထိ ျမင့္တက္သြားပါၿပီ။
မိုးႀကီးၿပီး ေျမၿပိဳလို႔ ေထာင္ေသာင္းခ်ီတဲ့ လူေတြ အိုးအိမ္စြန႔္ခြာၿပီး ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္. မဟာရတ္ရွ္တ်ာ ျပည္နယ္မွာ ဒီအပတ္အတြင္း ၂၉ ေယာက္ ေသဆုံး ပါတယ္။ ကဲရာလာ ျပည္နယ္မွာ ၂ ရက္အတြင္း အႀကိမ္ေရ ၈၀ အထိ ေျမၿပိဳလို႔ လူ ၄၂ ေယာက္ ေသဆုံးၿပီး လူ ၁ သိန္းေက်ာ္ကို ေဘးကင္းရာ ေ႐ႊ႕ေပးခဲ့ရပါတယ္။
ကာနာတာကာ ျပည္နယ္မွာေတာ့ ၄၅ ႏွစ္အတြင္း အဆိုးဆုံးေရႀကီးမႈေတြေၾကာင့္ လူ ၂၄ ေယာက္ ေသဆုံးတယ္လို႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္က စေနေန႔မွာ ေျပာပါတယ္။
ဒီျပည္နယ္ ၃ ခုနဲ႔ ေတာင္ပိုင္းက ျပည္နယ္တခ်ိဳ႕မွာ အင္မတန္ သည္းသည္းထန္ထန္ မိုး႐ြာဦးမယ့္ အလားအလာ ရွိတယ္လို႔ အိႏၵိယ မိုးေလဝသဌာနက စေနေန႔မွာ ေျပာထားပါတယ္။
ဇြန္လကေန စက္တင္ဘာလၾကား မုတ္သုန္မိုးရာသီဟာ စိုက္ပ်ိဳးေရးကို မွီခိုေနရတဲ့ အိႏၵိယ လူ႔အဖြဲ႕ အစည္းအတြက္ အသက္ေသြးေၾကာပါ။
ႏိုင္ငံလူဦးေရ ၁.၃ ဘီလ်ံရဲ႕ တဝက္ေက်ာ္ဟာ စိုက္ပ်ိဳးေရးလုပ္ငန္းမွာ လုပ္ကိုင္ေနပါတယ္။ ဒါေပမယ့္ ႏွစ္စဥ္ မိုးရာသီမွာ မိုးႀကီးတာနဲ႔ ပတ္သက္တဲ့ ေသဆုံး ပ်က္စီးမႈေတြ ရွိေန ပါတယ္။