Home
မြန်မာသတင်း
ပေါင်မြို့နယ် တောင်ပြိုသည့်နေရာ အန္တရာယ်ဇုန်အဖြစ်သတ်မှတ်၊ သေဆုံးသူ ၄၈ ဦးရှိပြီ
DVB
·
August 11, 2019
မွန်ပြည်နယ်၊ ပေါင်မြို့နယ်က မလက်တောင် ပြိုကျခဲ့တဲ့နေရာကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ပြီး ပတ်ဝန်းကျင်က လူတွေကို ရွှေ့ပြောင်းထားတယ်လို့ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးက ပြောပါတယ်။ ပေါင်မြို့နယ်၊ မလတ်တောင်မှာ တနေ့က မြေပြိုခဲ့ပြီး နောက်ထပ်လည်း မွန်ပြည်နယ်ထဲက မြို့တချို့မှာ မြေပြိုခဲ့တာပါ။ ဝန်ကြီး ဦးရွှေမြင့်က “မြေကြီးရဲ့ သဘောတရားအရ ဘေးနေရာတွေမှာ အိပြီးတော့ ထပ်ပြိုနိုင်တာပေါ့။ အဲဒါကြောင့် အဲနေရာပတ်ဝန်းကို အန္တရာယ်ဇုန်သဘောမျိုးထားပြီး ရွှေ့ပြောင်းထားပြီပေါ့။ သတိပေးတဲ့ အနေအထားပါ။ မြေပြိုတာက ပေါင်ရှိတယ်။ ချောင်းဆုံမှာ တနေရာဖြစ်တယ်။ နောက်ပြီး (ရေး-ထားဝယ်လမ်း) မလွှဲတောင်မှာက ၃ ပိုင်းလောက် နည်းနည်း နည်းနည်း လမ်းပိုင်းမှာ ပြိုဆင်းသွားတယ်။ ပြိုတာပေါ့။ သေဆုံးတာကတော့ ရေးမှာ မြေပြိုပြီး တယောက်သေ၊ တယောက် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ ပေါင်မြို့ မြေပြိုရာကနေ ဒီမနက်အထိ သေဆုံးသူ ၄၈ ယောက်ရဲ့ အလောင်းတွေ ရှာတွေ့ထားပြီး ချောင်းဆုံမှာလည်း နောက်ထပ်မြေပြိုတယ်လို့ ဆိုပါတယ်။ ပေါင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းကလည်း အဲဒီနေရာမှာ ကယ်ဆယ်ရေး လုပ်နေတာတွေကို ဘုရားပွဲကြည့်သလို ဝိုင်းအုံကြည့်ရှုနေတာဟာ နှောင့်ယှက်ရာရောက်တယ် လို့ ဆိုပါတယ်။ ပြီးတော့ မနေ့ကပဲ ရေးမြို့မှာ ရေတွေထပ်တက်လာလို့ တမြို့လုံးနီးပါး ရေကြီးရေလျှံနေသလို မော်လမြိုင်က ကယ်ဆယ်ရေးတွေနဲ့ လှေတွေကိုလည်း ပို့ဆောင်နေရပါတယ်။ ဦးရွှေမြင့်က “ရေးအခြေအနေက မြို့လယ်က ဘုရာကြီးခြေရင်း အထိကို ရေရောက်တယ်။ မြို့ပေါ် ၅ နေရာ ၆ နေရာလောက်မှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်။ ဒီမနက်ဆိုရင် ဒု သမ္မတကိုယ်တိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့က ရေးကို ဆင်းနေပြီ။ မနေ့ည အထိ ကမ်းနားလမ်းအထိပဲ ရေက ရောက်သေးတာ။ တညလုံးထိုးတက်လာတာလေ။ မော်လမြိုင်က ကယ်ဆယ်ရေး အဖွဲ့တွေလည်း ဆင်းမယ်။ လှေတွေလည်း ပို့နေပြီ” လို့ ပြောပါတယ်။ မနေ့ကအထိ ကယ်ဆယ်ရေးစခန်းမှာ လူ ၂၀၀၀ ကျော်ရှိပြီး ထပ်တိုးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ လူကယ်ပြန်ဝန်ကြီးဌာန ဒေါက်တာဝင်းမြတ်အေးကလည်း ညတွင်းချင်း ပို့ဆောင်ခဲ့တဲ့ လှေတွေ ရောက်နေပြီဖြစ်ပြီး နောက်ထပ် ကယ်ဆယ်ရေးလှေ ၂၆ စီး ထပ်ပို့ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒု သမ္မတ၊ လူကယ်ပြန် ဒု ဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒု ဝန်ကြီး၊ ကာကွယ်ရေး ဒုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ် လုံ/နယ် ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်တွေနဲ့ ညွှန်ချုပ်တွေဟာ အရေးပေါ် ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ေပါင္ၿမိဳ႕နယ္ ေတာင္ၿပိဳသည့္ေနရာ အႏၲရာယ္ဇုန္အျဖစ္သတ္မွတ္၊ ေသဆုံးသူ ၄၈ ဦးရွိၿပီ DVB မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္က မလက္ေတာင္ ၿပိဳက်ခဲ့တဲ့ေနရာကို အႏၲရာယ္ဇုန္အျဖစ္ သတ္မွတ္ၿပီး ပတ္ဝန္းက်င္က လူေတြကို ေ႐ႊ႕ေျပာင္းထားတယ္လို႔ ဗမာတိုင္းရင္းသားေရးရာ ဝန္ႀကီးက ေျပာပါတယ္။ ေပါင္ၿမိဳ႕နယ္၊ မလတ္ေတာင္မွာ တေန႔က ေျမၿပိဳခဲ့ၿပီး ေနာက္ထပ္လည္း မြန္ျပည္နယ္ထဲက ၿမိဳ႕တခ်ိဳ႕မွာ ေျမၿပိဳခဲ့တာပါ။ ဝန္ႀကီး ဦးေ႐ႊျမင့္က “ေျမႀကီးရဲ႕ သေဘာတရားအရ ေဘးေနရာေတြမွာ အိၿပီးေတာ့ ထပ္ၿပိဳႏိုင္တာေပါ့။ အဲဒါေၾကာင့္ အဲေနရာပတ္ဝန္းကို အႏၲရာယ္ဇုန္သေဘာမ်ိဳးထားၿပီး ေ႐ႊ႕ေျပာင္းထားၿပီေပါ့။ သတိေပးတဲ့ အေနအထားပါ။ ေျမၿပိဳတာက ေပါင္ရွိတယ္။ ေခ်ာင္းဆုံမွာ တေနရာျဖစ္တယ္။ ေနာက္ၿပီး (ေရး-ထားဝယ္လမ္း) မလႊဲေတာင္မွာက ၃ ပိုင္းေလာက္ နည္းနည္း နည္းနည္း လမ္းပိုင္းမွာ ၿပိဳဆင္းသြားတယ္။ ၿပိဳတာေပါ့။ ေသဆုံးတာကေတာ့ ေရးမွာ ေျမၿပိဳၿပီး တေယာက္ေသ၊ တေယာက္ ဒဏ္ရာရတယ္” လို႔ ေျပာပါတယ္။ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ကေတာ့ ေပါင္ၿမိဳ႕ ေျမၿပိဳရာကေန ဒီမနက္အထိ ေသဆုံးသူ ၄၈ ေယာက္ရဲ႕ အေလာင္းေတြ ရွာေတြ႕ထားၿပီး ေခ်ာင္းဆုံမွာလည္း ေနာက္ထပ္ေျမၿပိဳတယ္လို႔ ဆိုပါတယ္။ ေပါင္ၿမိဳ႕နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ မိကြန္ခ်မ္းကလည္း အဲဒီေနရာမွာ ကယ္ဆယ္ေရး လုပ္ေနတာေတြကို ဘုရားပြဲၾကည့္သလို ဝိုင္းအုံၾကည့္ရႈေနတာဟာ ေႏွာင့္ယွက္ရာေရာက္တယ္ လို႔ ဆိုပါတယ္။ ၿပီးေတာ့ မေန႔ကပဲ ေရးၿမိဳ႕မွာ ေရေတြထပ္တက္လာလို႔ တၿမိဳ႕လုံးနီးပါး ေရႀကီးေရလွ်ံေနသလို ေမာ္လၿမိဳင္က ကယ္ဆယ္ေရးေတြနဲ႔ ေလွေတြကိုလည္း ပို႔ေဆာင္ေနရပါတယ္။ ဦးေ႐ႊျမင့္က “ေရးအေျခအေနက ၿမိဳ႕လယ္က ဘုရာႀကီးေျခရင္း အထိကို ေရေရာက္တယ္။ ၿမိဳ႕ေပၚ ၅ ေနရာ ၆ ေနရာေလာက္မွာ ကယ္ဆယ္ေရးစခန္း ဖြင့္ထားတယ္။ ဒီမနက္ဆိုရင္ ဒု သမၼတကိုယ္တိုင္ဦးေဆာင္တဲ့ အစိုးရအဖြဲ႕က ေရးကို ဆင္းေနၿပီ။ မေန႔ည အထိ ကမ္းနားလမ္းအထိပဲ ေရက ေရာက္ေသးတာ။ တညလုံးထိုးတက္လာတာေလ။ ေမာ္လၿမိဳင္က ကယ္ဆယ္ေရး အဖြဲ႕ေတြလည္း ဆင္းမယ္။ ေလွေတြလည္း ပို႔ေနၿပီ” လို႔ ေျပာပါတယ္။ မေန႔ကအထိ ကယ္ဆယ္ေရးစခန္းမွာ လူ ၂၀၀၀ ေက်ာ္ရွိၿပီး ထပ္တိုးေနတယ္လို႔လည္း သူက ဆက္ေျပာပါတယ္။ လူကယ္ျပန္ဝန္ႀကီးဌာန ေဒါက္တာဝင္းျမတ္ေအးကလည္း ညတြင္းခ်င္း ပို႔ေဆာင္ခဲ့တဲ့ ေလွေတြ ေရာက္ေနၿပီျဖစ္ၿပီး ေနာက္ထပ္ ကယ္ဆယ္ေရးေလွ ၂၆ စီး ထပ္ပို႔ဖို႔ လုပ္ေနတယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ ဒု သမၼတ၊ လူကယ္ျပန္ ဒု ဝန္ႀကီး၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဒု ဝန္ႀကီး၊ ကာကြယ္ေရး ဒုဝန္ႀကီး၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္း ဒုဝန္ႀကီး၊ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ အေရွ႕ေတာင္ပိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉး၊ ျပည္နယ္ လုံ/နယ္ ဝန္ႀကီး၊ အၿမဲတမ္းအတြင္းဝန္ေတြနဲ႔ ၫႊန္ခ်ဳပ္ေတြဟာ အေရးေပၚ ညႇိႏႈိင္းေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024