Home
မြန်မာသတင်း
မကွေးတိုင်း လာမည့်ဘတ်ဂျက်နှစ် လျှပ်စစ်ကဏ္ဍအတွက် ၃၆ ဘီလီယံ သုံးစွဲမည်
DVB
·
August 11, 2019
မကွေးတိုင်းဒေသကြီး လာမယ့်ဘတ်ချက်နှစ်မှာ လျှပ်စစ်ကဏ္ဍအတွက် ၃၆ ဘီလီယံ သုံးစွဲဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဇော်က ပြောပါတယ်။ “အရင်တုန်းက လက်ခံလိုက်တဲ့ အချိန်တုန်းက ကျေးရွာပေါင်း ငါးရာကျော်ပဲ လျှပ်စစ်ဓာတ်အား ရရှိရာကနေ အခုကျေးရွာပေါင်း ကိုးရာကျော် တစ်ထောင်နီးပါး လျှပ်စစ်ဓာတ်အား ရနေပြီးတော့ ဒီနှစ် နှစ်ကုန်သွားရင် ကျေးရွာပေါင်း တစ်ထောင်ငါးရာ ဝန်းကျင်အထိ NEP နဲ့ပေါင်းရင် ရရှိမှာဖြစ်ပါတယ်။ လူဦးရေ အားဖြင့်လည်း အိမ်ထောင်စု တစ်ရာ ရှိရင် ငါးဆယ်အထိ လျှပ်စစ်ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်တော့မှာပါ။ ကျနော်တို့ လျှပ်စစ်ဝန်ကြီးဌာန အနေနဲ့ ပထမနှစ်က ဖိုက်ဘီလီယံ နောက်နှစ် (၁၃)ဘီလီယံ၊ မီနီဘတ်ဂျက်မှာ ၁၁ ဘီလီယံ အခုနှစ်ဆိုရင် ၁၇ ဘီလီယံ၊ လာမယ့်နှစ်ဆိုရင် ၃၆ ဘီလီယံ သုံးဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုခဲ့တယ်” လို့ ဝန်ကြီးဦးမြင့်ဇော်က ချောက်မြို့နယ် တောင်သာ ကျေးရွာ မီးလင်းရေး အောင်ပွဲနှင့် မူလတန်းကျောင်းဖွင့်ပွဲမှာ ပြောပါတယ်။ ချောက်မြို့နယ် တောင်သာ ကျေးရွာ မီးလင်းရေး အောင်ပွဲနှင့် မူလတန်းကျောင်းဖွင့်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတိုနဲ့အတူ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စာလှယ်တွေက ဩဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းက တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက “လျှပ်စစ်မီးက ရပ်ရွာရဲ့ ပြည်သူတွေဘဝကို ပြောင်းလဲ တိုးတက်စေပါတယ်။ ၂၀၁၆-၂၀၁၇ ကနေ ဒီကနေ့ထိအောင် ချောက်မြို့နယ်အတွက် မီးတိုင်တွေ အသစ်လဲတာ တိုင်ပေါင်း ၄၁၅ တိုင်နဲ့ အန္တရာယ်ကင်းအောင် ကြိုးအသစ်တွေ လဲပေးတာက မီးကြိုးအရှည် ၂၇ မိုင်ရှိတယ်၊ ကျေးရွာစုစုပေါင်း ချောက်မြို့နယ်မှာ ၂၅ ရွာလုပ်ပေးခဲ့ပြီးတော့ သုံးစွဲငွေ စုစုပေါင်း ချောက်မြို့နယ်တခုတည်း ကျပ်သန်းပေါင်း နှစ်ထောင်ငါးရာကျော် ရှိတယ်” လို့ပြောပါတယ်။ ကိုလင်း(ချောက်)
မေကြးတိုင္း လာမည့္ဘတ္ဂ်က္ႏွစ္ လွ်ပ္စစ္က႑အတြက္ ၃၆ ဘီလီယံ သုံးစြဲမည္ DVB မေကြးတိုင္းေဒသႀကီး လာမယ့္ဘတ္ခ်က္ႏွစ္မွာ လွ်ပ္စစ္က႑အတြက္ ၃၆ ဘီလီယံ သုံးစြဲေဆာင္႐ြက္သြားမယ္လို႔ တိုင္းေဒသႀကီး လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဝန္ႀကီးဦးျမင့္ေဇာ္က ေျပာပါတယ္။ “အရင္တုန္းက လက္ခံလိုက္တဲ့ အခ်ိန္တုန္းက ေက်း႐ြာေပါင္း ငါးရာေက်ာ္ပဲ လွ်ပ္စစ္ဓာတ္အား ရရွိရာကေန အခုေက်း႐ြာေပါင္း ကိုးရာေက်ာ္ တစ္ေထာင္နီးပါး လွ်ပ္စစ္ဓာတ္အား ရေနၿပီးေတာ့ ဒီႏွစ္ ႏွစ္ကုန္သြားရင္ ေက်း႐ြာေပါင္း တစ္ေထာင္ငါးရာ ဝန္းက်င္အထိ NEP နဲ႔ေပါင္းရင္ ရရွိမွာျဖစ္ပါတယ္။ လူဦးေရ အားျဖင့္လည္း အိမ္ေထာင္စု တစ္ရာ ရွိရင္ ငါးဆယ္အထိ လွ်ပ္စစ္ေပးႏိုင္ေအာင္ ေဆာင္႐ြက္ေပးႏိုင္ေတာ့မွာပါ။ က်ေနာ္တို႔ လွ်ပ္စစ္ဝန္ႀကီးဌာန အေနနဲ႔ ပထမႏွစ္က ဖိုက္ဘီလီယံ ေနာက္ႏွစ္ (၁၃)ဘီလီယံ၊ မီနီဘတ္ဂ်က္မွာ ၁၁ ဘီလီယံ အခုႏွစ္ဆိုရင္ ၁၇ ဘီလီယံ၊ လာမယ့္ႏွစ္ဆိုရင္ ၃၆ ဘီလီယံ သုံးဖို႔ တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ခြင့္ျပဳခဲ့တယ္” လို႔ ဝန္ႀကီးဦးျမင့္ေဇာ္က ေခ်ာက္ၿမိဳ႕နယ္ ေတာင္သာ ေက်း႐ြာ မီးလင္းေရး ေအာင္ပြဲႏွင့္ မူလတန္းေက်ာင္းဖြင့္ပြဲမွာ ေျပာပါတယ္။ ေခ်ာက္ၿမိဳ႕နယ္ ေတာင္သာ ေက်း႐ြာ မီးလင္းေရး ေအာင္ပြဲႏွင့္ မူလတန္းေက်ာင္းဖြင့္ပြဲကို တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၊ တိုင္းလႊတ္ေတာ္ဥကၠ႒၊ လူမႈေရးဝန္ႀကီး၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးတိုနဲ႔အတူ ေဒသဆိုင္ရာ လႊတ္ေတာ္ကိုယ္စာလွယ္ေတြက ဩဂုတ္ ၁၀ ရက္ေန႔ မနက္ပိုင္းက တက္ေရာက္ဖြင့္လွစ္ခဲ့ပါတယ္။ တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက “လွ်ပ္စစ္မီးက ရပ္႐ြာရဲ႕ ျပည္သူေတြဘဝကို ေျပာင္းလဲ တိုးတက္ေစပါတယ္။ ၂၀၁၆-၂၀၁၇ ကေန ဒီကေန႔ထိေအာင္ ေခ်ာက္ၿမိဳ႕နယ္အတြက္ မီးတိုင္ေတြ အသစ္လဲတာ တိုင္ေပါင္း ၄၁၅ တိုင္နဲ႔ အႏၲရာယ္ကင္းေအာင္ ႀကိဳးအသစ္ေတြ လဲေပးတာက မီးႀကိဳးအရွည္ ၂၇ မိုင္ရွိတယ္၊ ေက်း႐ြာစုစုေပါင္း ေခ်ာက္ၿမိဳ႕နယ္မွာ ၂၅ ႐ြာလုပ္ေပးခဲ့ၿပီးေတာ့ သုံးစြဲေငြ စုစုေပါင္း ေခ်ာက္ၿမိဳ႕နယ္တခုတည္း က်ပ္သန္းေပါင္း ႏွစ္ေထာင္ငါးရာေက်ာ္ ရွိတယ္” လို႔ေျပာပါတယ္။ ကိုလင္း(ေခ်ာက္)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024