A d v e r t i s e m e n t With Us

ဆန်းချက်ဇ်အား ရိုးမားအသင်းထံ တရာသီအငှားချရန် မန်ယူပြင်ဆင်နေဟု သတင်းထွက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လုပ်ခလစာမြင့်မားပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ကို အီတလီစီးရီးအေကလပ် ရိုးမားအသင်းဆီကို တရာသီအငှားချဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန်အခြေစိုက်အားကစားသတင်းတွေက ဖော်ပြပါတယ်။ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်ဟာ ပြီးခဲ့တဲ့ရက်က ပိတ်သိမ်းခဲ့ပြီဖြစ်ပေမယ့် ဥရောပကလပ်အသင်းအချင်းချင်း ကစားသမားအပြောင်းအရွှေ့ပြုလုပ်ခွင့်ကို ရာသီအဖွင့်ရက်ပိုင်းတွေအထိ ခွင့်ပြုထားခဲ့တာကြောင့် ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့ကတော့ စိတ်ဝင်စားစရာဖြစ်လာပါတယ်။ ယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားကတော့ အင်တာမီလန်အသင်းထံ တိုက်စစ်မှူး လူကာကူကို ပေါင် ၇၃ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် တိုက်စစ်ပိုင်းအားနည်းမှာကို မစိုးရိမ်တဲ့ အခြေအနေမှာ ရှိတာကြောင့် တိုက်စစ်မှူး ဆန်းချက်ဇ်ကိုပါ အီတလီမြေဆီ လွှတ်ပေးဖို့ လက်ခံဖွယ်ရှိနေပါတယ်။ ဒါ့အပြင် လာမယ့် ၃ ပတ်အတွင်း ရိုးမားအသင်းဆီကို အငှားရောက်ရှိနိုင်မယ်လို့ တယ်လီဂရပ်ဖ်သတင်းစာက ခန့်မှန်းပါတယ်။ ဆန်းချက်ဇ်ဟာ ယူနိုက်တက်မှာ လစာငွေ တပတ်လုပ်ခ ပေါင် ၄ သိန်းနီးပါး ရရှိနေပေမယ့် ခြေစွမ်းပြနိုင်ခြင်းမရှိလို့ အသင်းအတွက် ဘဏ္ဍာငွေပိုင်းမှာ သက်သာစေရေး စဉ်းစားနေတဲ့ အခြေအနေမှာရှိနေပါတယ်။ ဆန်းချက်ဇ်ကတော့ ရိုးမားအသင်းထံ ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ လစာငွေ တော်တော်များများ လျှော့ယူရဖွယ်ရှိနေပါတယ်။
Zawgyi Version ဆန္းခ်က္ဇ္အား ႐ိုးမားအသင္းထံ တရာသီအငွားခ်ရန္ မန္ယူျပင္ဆင္ေနဟု သတင္းထြက္ DVB မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လုပ္ခလစာျမင့္မားၿပီး ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတဲ့ ခ်ီလီတိုက္စစ္မႉး ဆန္းခ်က္ဇ္ကို အီတလီစီးရီးေအကလပ္ ႐ိုးမားအသင္းဆီကို တရာသီအငွားခ်ဖို႔ ျပင္ဆင္ေနတယ္လို႔ ၿဗိတိန္အေျခစိုက္အားကစားသတင္းေတြက ေဖာ္ျပပါတယ္။ ပရီးမီးယားလိဂ္ အေျပာင္းအေ႐ႊ႕ေဈးကြက္ဟာ ၿပီးခဲ့တဲ့ရက္က ပိတ္သိမ္းခဲ့ၿပီျဖစ္ေပမယ့္ ဥေရာပကလပ္အသင္းအခ်င္းခ်င္း ကစားသမားအေျပာင္းအေ႐ႊ႕ျပဳလုပ္ခြင့္ကို ရာသီအဖြင့္ရက္ပိုင္းေတြအထိ ခြင့္ျပဳထားခဲ့တာေၾကာင့္ ဆန္းခ်က္ဇ္ရဲ႕ အေျပာင္းအေ႐ႊ႕ကေတာ့ စိတ္ဝင္စားစရာျဖစ္လာပါတယ္။ ယူႏိုက္တက္နည္းျပ အိုလီဂန္နာဆိုးလ္ရွားကေတာ့ အင္တာမီလန္အသင္းထံ တိုက္စစ္မႉး လူကာကူကို ေပါင္ ၇၃ သန္းနဲ႔ ေရာင္းခ်ခဲ့ၿပီးေနာက္ တိုက္စစ္ပိုင္းအားနည္းမွာကို မစိုးရိမ္တဲ့ အေျခအေနမွာ ရွိတာေၾကာင့္ တိုက္စစ္မႉး ဆန္းခ်က္ဇ္ကိုပါ အီတလီေျမဆီ လႊတ္ေပးဖို႔ လက္ခံဖြယ္ရွိေနပါတယ္။ ဒါ့အျပင္ လာမယ့္ ၃ ပတ္အတြင္း ႐ိုးမားအသင္းဆီကို အငွားေရာက္ရွိႏိုင္မယ္လို႔ တယ္လီဂရပ္ဖ္သတင္းစာက ခန႔္မွန္းပါတယ္။ ဆန္းခ်က္ဇ္ဟာ ယူႏိုက္တက္မွာ လစာေငြ တပတ္လုပ္ခ ေပါင္ ၄ သိန္းနီးပါး ရရွိေနေပမယ့္ ေျခစြမ္းျပႏိုင္ျခင္းမရွိလို႔ အသင္းအတြက္ ဘ႑ာေငြပိုင္းမွာ သက္သာေစေရး စဥ္းစားေနတဲ့ အေျခအေနမွာရွိေနပါတယ္။ ဆန္းခ်က္ဇ္ကေတာ့ ႐ိုးမားအသင္းထံ ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ေတာ့ လစာေငြ ေတာ္ေတာ္မ်ားမ်ား ေလွ်ာ့ယူရဖြယ္ရွိေနပါတယ္။

A d v e r t i s e m e n t With Us

More News
Up