A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်း ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ရ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီအစ ပွဲစဉ်တွေမှာတော့ လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ စပါးအသင်းတို့ အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကတော့ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းမှာ ၅ ဂိုး ပြတ်အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားပြီး ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ မန်စီးအတွက် အနိုင်ဂိုးတွေကိုတော့ စတားလင်းက ၃ ဂိုး၊ ဂျီးဆပ်က ၁ ဂိုးနဲ့ အဂူရိုက ပင်နယ်တီကတဆင့် ၁ ဂိုး အသီးသီး သွင်းယူခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ စပါးအသင်းဟာလည်း အဖွင့်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဧည့်သည် အက်စတွန်ဗီလာအသင်းက အဖွင့်ဂိုးအရင် ရခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၉ မိနစ်မှာ ဂျွန်မက်ဂျင်းက သွင်းယူခဲ့တာပါ။ စပါးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ဟယ်ရီကိန်းက ၂ ဂိုးနဲ့ ဒွန်ဘယ်လီက ၁ ဂိုး သွင်းယူခဲ့ပါတယ်။
Zawgyi Version ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္း ဝက္စ္ဟမ္းကို ဂိုးျပတ္အႏိုင္ရ (႐ုပ္သံ) DVB မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ရာသီအစ ပြဲစဥ္ေတြမွာေတာ့ လက္ရွိ ခ်န္ပီယံ မန္စီးတီးနဲ႔ စပါးအသင္းတို႔ အသီးသီး အႏိုင္ရရွိခဲ့ၾကပါတယ္။ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းကေတာ့ ဝက္စ္ဟမ္းအသင္းရဲ႕ အိမ္ကြင္းမွာ ၅ ဂိုး ျပတ္အႏိုင္ရရွိခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ အေဝးကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ရေပမယ့္ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးယူကစားၿပီး ဂိုးျပတ္ အႏိုင္ရရွိခဲ့တာပါ။ မန္စီးအတြက္ အႏိုင္ဂိုးေတြကိုေတာ့ စတားလင္းက ၃ ဂိုး၊ ဂ်ီးဆပ္က ၁ ဂိုးနဲ႔ အဂူ႐ိုက ပင္နယ္တီကတဆင့္ ၁ ဂိုး အသီးသီး သြင္းယူခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ အဆင့္ ၄ ေနရာမွာ ရပ္တည္ႏိုင္ခဲ့တဲ့ စပါးအသင္းဟာလည္း အဖြင့္ပြဲစဥ္မွာ အက္စတြန္ဗီလာအသင္းကို ၃ ဂိုး ၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဒီပြဲမွာ ဧည့္သည္ အက္စတြန္ဗီလာအသင္းက အဖြင့္ဂိုးအရင္ ရခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ ၉ မိနစ္မွာ ဂြၽန္မက္ဂ်င္းက သြင္းယူခဲ့တာပါ။ စပါးအသင္းအတြက္ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြကိုေတာ့ ဟယ္ရီကိန္းက ၂ ဂိုးနဲ႔ ဒြန္ဘယ္လီက ၁ ဂိုး သြင္းယူခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up