ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် စပါးပျိုးခင်းများ ရေမြုပ်ပျက်စီး

ကရင်ပြည်နယ်အတွင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေနဲ့ သံလွင်မြစ်ရေတက်လာမှုကြောင့် မိုးစပါးခင်းတချို့ ရေကြီးနစ်မြုပ် ပျက်စီးမှုတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ လယ်သမားတွေက ဒီဗွီဘီကို ပြောပါတယ်။
သြဂုတ်လဆန်းပိုင်းက စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် မိုးစပါးပျိုးခင်းတွေ ရေနစ်မြုပ် ပျက်စီးခဲ့တဲ့အတွက် လယ်သမားတွေအနေနဲ့ ပြန်လည်စိုက်ပျိုးနိုင်ဖို့ အခက်အခဲတွေရှိတယ်လို့ လယ်သမားတွေက ပြောပါတယ်။
ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာ၊ ဦးခင်မြင့်က “အခုက မျိုးကြဲပြီးတာနဲ့ရေမြုပ်တာ။ သုံးလေး ရက်ရှိပြီးဆိုတော့ ပြန်ရဖို့တော့ မရှိတော့ဘူး။ ပုပ်ပြီးပျက်စီးသွားပြီ။ ဘယ်လိုပြောမလဲ၊ အပြင်မှာ တချို့ရွာမှာ ပျိုးတွေလိုက်ရှာပြီးတော့ ပြန်ပြီးမီအောင် ပြန်စိုက်ယူရမှာပေါ့”လို့ ပြောပါတယ်။
ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က “မျိုးစပါး တင်း ၅၁၀၀ ကို စုဆောင်းထားတယ်။ ရေကြီးနစ်မြုပ်ခဲ့တဲ့ စပါးခင်းတွေအတွက်လိုအပ်တဲ့ ဓာတ်မြေသြဇာတွေထည့်သွင်းနိုင်ဖို့ ဓာတ်မြေသြဇာအိတ် ၁ သောင်းကို ပြည်နယ်အစိုးရရဲ့ပံ့ပိုးမှုနဲ့ သက်ဆိုင်ရာမြို့နယ်တွေမှာ အရန်သင့်အရေးပေါ် စုဆောင်းထားတယ်”လို့ ပြောပါတယ်။
ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာ၊ ဦးကြည်သန်းက“ ပျိုးတွေ စပါးစိုက်ခတွေ တခါရှုံး နှစ်ခါရှုံးတော့ အခက်အခဲရှိတာပေါ့။ မရှိတဲ့အခါ သူများဥစ္စာလိုက်တောင်းယူရတယ်။ စပါးရတဲ့အချိန်မှာ ကိုယ်ပြန်ရောင်း ရောင်းပြီးတော့ ပြန်ဆပ်ပေါ့”လို့ ပြောပါတယ်။
ပြည်နယ်အစိုးရနဲ့ စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်ရဲ့ ညွှန်ကြားချက်တွေနဲ့ ဆင်းသုခမျိုးစပါး တင်း ၄၀၀၀၊ ရက် ၉၀ ၁၀၀၀၊ လုံးသွယ်မွှေးမျိုးစပါး တင်း ၁၀၀ စုစုပေါင်းတင်း ၅၁၀၀ ကို စုဆောင်းထားရှိပြီး မြို့နယ်အလိုက် ဖြန့်ဝေနိုင်ဖို့ အရန်သင့်စုဆောင်းထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးဧက ၄ သိန်းကျော်နဲ့ စိုက်ပျိုးပြီးမိုးစပါး ၂ သိန်း ၆ သောင်းကျော် ရာခိုင်နှုန်းအားဖြင့် ၆၀ ဒသမ ၇၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ရာ ဧက ၉ ထောင်နီးပါး ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၃၃ ရာခိုင်နှုန်း ရေလွမ်းမိုးခံခဲ့ရပါတယ်။
မြဝတီမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အစေ့ထုတ်ပြောင်းစိုက်ပျိုးပြီးဧက ၅ သောင်းကျော်မှာ ဧက ၄၀၀ ကျော်၊ ဖူးစားပြောင်းစိုက်ပျိုးပြီးဧက ၅၀၀ ခန့်မှာ ၅ ဧက ရေနစ်မြုပ်ခံခဲ့ရပြီး ကော့ကရိတ်မြို့နယ်မှာ စိုက်ပျိုးပြီးမိုးစပါး ဧကအများဆုံးရေလွမ်းမိုးခံခဲ့ရပါတယ်။
ကရင်ပြည်နယ်မှာ သြဂုတ်လဆန်းပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ဘားအံမြိုမှာမိုးရွာသွန်းမှု ၉ ရက်ရှိရာ မိုးရေချိန် ၂၅ ဒသမ ၇၀ လက်မ၊ ကော့ကရိတ်မြို့မှာ ၉ ရက်ရှိရာ ၃၀ ဒသမ ၆၃ လက်မနဲ့ မြဝတီမြို့မှာ ၁၀ ရက်ရှိရာ ၁၀ ဒသမ ၇၁ လက်မစီ ရွာသွန်းခဲ့တယ်လို့ ပြည်နယ်မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ရဲမင်းခေါင်
ကရင္ျပည္နယ္တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ စပါးပ်ိဳးခင္းမ်ား ေရျမဳပ္ပ်က္စီး
DVB
ကရင္ျပည္နယ္အတြင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေတာင္က်ေခ်ာင္းေရနဲ႔ သံလြင္ျမစ္ေရတက္လာမႈေၾကာင့္ မိုးစပါးခင္းတခ်ိဳ႕ ေရႀကီးနစ္ျမဳပ္ ပ်က္စီးမႈတာေတြ ျဖစ္ေပၚခဲ့တယ္လို႔ လယ္သမားေတြက ဒီဗြီဘီကို ေျပာပါတယ္။
ၾသဂုတ္လဆန္းပိုင္းက စတင္ၿပီး မိုးအဆက္မျပတ္႐ြာသြန္းမႈေတြေၾကာင့္ မိုးစပါးပ်ိဳးခင္းေတြ ေရနစ္ျမဳပ္ ပ်က္စီးခဲ့တဲ့အတြက္ လယ္သမားေတြအေနနဲ႔ ျပန္လည္စိုက္ပ်ိဳးႏိုင္ဖို႔ အခက္အခဲေတြရွိတယ္လို႔ လယ္သမားေတြက ေျပာပါတယ္။
ဘားအံၿမိဳ႕နယ္၊ ေကာ့က်ိဳက္ေက်း႐ြာ၊ ဦးခင္ျမင့္က “အခုက မ်ိဳးႀကဲၿပီးတာနဲ႔ေရျမဳပ္တာ။ သုံးေလး ရက္ရွိၿပီးဆိုေတာ့ ျပန္ရဖို႔ေတာ့ မရွိေတာ့ဘူး။ ပုပ္ၿပီးပ်က္စီးသြားၿပီ။ ဘယ္လိုေျပာမလဲ၊ အျပင္မွာ တခ်ိဳ႕႐ြာမွာ ပ်ိဳးေတြလိုက္ရွာၿပီးေတာ့ ျပန္ၿပီးမီေအာင္ ျပန္စိုက္ယူရမွာေပါ့”လို႔ ေျပာပါတယ္။
ကရင္ျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန၊ ျပည္နယ္ဦးစီးမႉး ဦးသန္းထိုက္က “မ်ိဳးစပါး တင္း ၅၁၀၀ ကို စုေဆာင္းထားတယ္။ ေရႀကီးနစ္ျမဳပ္ခဲ့တဲ့ စပါးခင္းေတြအတြက္လိုအပ္တဲ့ ဓာတ္ေျမၾသဇာေတြထည့္သြင္းႏိုင္ဖို႔ ဓာတ္ေျမၾသဇာအိတ္ ၁ ေသာင္းကို ျပည္နယ္အစိုးရရဲ႕ပံ့ပိုးမႈနဲ႔ သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ အရန္သင့္အေရးေပၚ စုေဆာင္းထားတယ္”လို႔ ေျပာပါတယ္။
ဘားအံၿမိဳ႕နယ္၊ ေကာ့က်ိဳက္ေက်း႐ြာ၊ ဦးၾကည္သန္းက“ ပ်ိဳးေတြ စပါးစိုက္ခေတြ တခါရႈံး ႏွစ္ခါရႈံးေတာ့ အခက္အခဲရွိတာေပါ့။ မရွိတဲ့အခါ သူမ်ားဥစၥာလိုက္ေတာင္းယူရတယ္။ စပါးရတဲ့အခ်ိန္မွာ ကိုယ္ျပန္ေရာင္း ေရာင္းၿပီးေတာ့ ျပန္ဆပ္ေပါ့”လို႔ ေျပာပါတယ္။
ျပည္နယ္အစိုးရနဲ႔ စိုက္ပ်ိဳးေရးဦးစီးဌာန႐ုံးခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္ေတြနဲ႔ ဆင္းသုခမ်ိဳးစပါး တင္း ၄၀၀၀၊ ရက္ ၉၀ ၁၀၀၀၊ လုံးသြယ္ေမႊးမ်ိဳးစပါး တင္း ၁၀၀ စုစုေပါင္းတင္း ၅၁၀၀ ကို စုေဆာင္းထားရွိၿပီး ၿမိဳ႕နယ္အလိုက္ ျဖန႔္ေဝႏိုင္ဖို႔ အရန္သင့္စုေဆာင္းထားတယ္လို႔ တာဝန္ရွိသူက ေျပာပါတယ္။
ကရင္ျပည္နယ္အတြင္း မိုးစပါးစိုက္ပ်ိဳးဧက ၄ သိန္းေက်ာ္နဲ႔ စိုက္ပ်ိဳးၿပီးမိုးစပါး ၂ သိန္း ၆ ေသာင္းေက်ာ္ ရာခိုင္ႏႈန္းအားျဖင့္ ၆၀ ဒသမ ၇၉ ရာခိုင္ႏႈန္း စိုက္ပ်ိဳးၿပီးျဖစ္ရာ ဧက ၉ ေထာင္နီးပါး ရာခိုင္ႏႈန္းအားျဖင့္ ၃ ဒသမ ၃၃ ရာခိုင္ႏႈန္း ေရလြမ္းမိုးခံခဲ့ရပါတယ္။
ျမဝတီၿမိဳ႕နယ္မွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔ ေရႀကီးေရလွ်ံမႈေတြေၾကာင့္ အေစ့ထုတ္ေျပာင္းစိုက္ပ်ိဳးၿပီးဧက ၅ ေသာင္းေက်ာ္မွာ ဧက ၄၀၀ ေက်ာ္၊ ဖူးစားေျပာင္းစိုက္ပ်ိဳးၿပီးဧက ၅၀၀ ခန႔္မွာ ၅ ဧက ေရနစ္ျမဳပ္ခံခဲ့ရၿပီး ေကာ့ကရိတ္ၿမိဳ႕နယ္မွာ စိုက္ပ်ိဳးၿပီးမိုးစပါး ဧကအမ်ားဆုံးေရလြမ္းမိုးခံခဲ့ရပါတယ္။
ကရင္ျပည္နယ္မွာ ၾသဂုတ္လဆန္းပိုင္းမွစတင္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းခဲ့ရာ ဘားအံၿမိဳမွာမိုး႐ြာသြန္းမႈ ၉ ရက္ရွိရာ မိုးေရခ်ိန္ ၂၅ ဒသမ ၇၀ လက္မ၊ ေကာ့ကရိတ္ၿမိဳ႕မွာ ၉ ရက္ရွိရာ ၃၀ ဒသမ ၆၃ လက္မနဲ႔ ျမဝတီၿမိဳ႕မွာ ၁၀ ရက္ရွိရာ ၁၀ ဒသမ ၇၁ လက္မစီ ႐ြာသြန္းခဲ့တယ္လို႔ ျပည္နယ္မိုးဇလဌာနက ထုတ္ျပန္ထားပါတယ္။
ရဲမင္းေခါင္