မိုးညှင်းမြို့တွင် ရေကြီးရေလျှံ၍ စာသင်ကျောင်းအချို့ ယာယီပိတ်ထား

885
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ သည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံတာကြောင့် စာသင်ကျောင်းအချို့ ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။
မိုးသည်းထန်မှုကြောင့် သြဂုတ် ၁၀ ရက်မနက်က မိုးညှင်းမြို့ အောင်ချမ်းသာ၊ စိမ်းရတနာတောင်မြောက်၊ ရေလည်ကျွန်း၊ မိုးဒါးစု၊ စက်ကုန်းရပ်ကွက်တချို့ ရေကြီးရေလျှံဖြစ်ခဲ့ပါတယ်။
ရေကြီးတာကြောင့် နန်းခါမူလတန်းကျောင်းကို ပိတ်ထားရပြီး သာစည်မူလတန်းကျောင်းရဲ့ အုတ်တံတိုင်း ပြိုကျပျက်စီးခဲ့ပြီး ကျောင်းပိတ်လိုက်ရပါတယ်။
“မနက်လာကြတဲ့ကျောင်းသားတွေကိုတော့ အုပ်ထိမ်းသူလာကြိုရင်ထည့်ပေးပါတယ်။ နောက်ရက်တွေလည်း ကျောင်းပိတ်ရက်နဲ့ တိုက်တော့ကောင်းသွားတယ်” လို့ သာစည်မူလတန်းကျောင်းဆရာမတဦးကပြောပါတယ်။
ရေကြီးရေလျှံနေတဲ့ ရပ်ကွက်တွေမှာ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီပေးပြီး တပ်ဖွဲ့ဝင်တွေတော့ မလုံလောက်ဘူးလို့ မီးသတ်ဦးစီး ကိုအောင်ဆန်းဦးကပြောပါတယ်။
သတင်း-မုန်းမုန်းမင်း
Zawgyi Version မိုးညႇင္းၿမိဳ႕တြင္ ေရႀကီးေရလွ်ံ၍ စာသင္ေက်ာင္းအခ်ိဳ႕ ယာယီပိတ္ထား DVB ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕မွာ သည္းထန္စြာ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံတာေၾကာင့္ စာသင္ေက်ာင္းအခ်ိဳ႕ ယာယီပိတ္ထားရတယ္လို႔ သိရပါတယ္။ မိုးသည္းထန္မႈေၾကာင့္ ၾသဂုတ္ ၁၀ ရက္မနက္က မိုးညႇင္းၿမိဳ႕ ေအာင္ခ်မ္းသာ၊ စိမ္းရတနာေတာင္ေျမာက္၊ ေရလည္ကြၽန္း၊ မိုးဒါးစု၊ စက္ကုန္းရပ္ကြက္တခ်ိဳ႕ ေရႀကီးေရလွ်ံျဖစ္ခဲ့ပါတယ္။ ေရႀကီးတာေၾကာင့္ နန္းခါမူလတန္းေက်ာင္းကို ပိတ္ထားရၿပီး သာစည္မူလတန္းေက်ာင္းရဲ႕ အုတ္တံတိုင္း ၿပိဳက်ပ်က္စီးခဲ့ၿပီး ေက်ာင္းပိတ္လိုက္ရပါတယ္။ “မနက္လာၾကတဲ့ေက်ာင္းသားေတြကိုေတာ့ အုပ္ထိမ္းသူလာႀကိဳရင္ထည့္ေပးပါတယ္။ ေနာက္ရက္ေတြလည္း ေက်ာင္းပိတ္ရက္နဲ႔ တိုက္ေတာ့ေကာင္းသြားတယ္” လို႔ သာစည္မူလတန္းေက်ာင္းဆရာမတဦးကေျပာပါတယ္။ ေရႀကီးေရလွ်ံေနတဲ့ ရပ္ကြက္ေတြမွာ မီးသတ္တပ္ဖြဲ႕ဝင္ေတြက ကူညီေပးၿပီး တပ္ဖြဲ႕ဝင္ေတြေတာ့ မလုံေလာက္ဘူးလို႔ မီးသတ္ဦးစီး ကိုေအာင္ဆန္းဦးကေျပာပါတယ္။ သတင္း-မုန္းမုန္းမင္း