A d v e r t i s e m e n t With Us

စပါးအသင်းက လူးကပ်စ်မိုရာကို စာချုပ်သက်တမ်းတိုး

စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ ဘရာဇီးလက်ရွေးစင် လူးကပ်စ်မိုရာကို ၂၀၂၄ ခုနှစ်အထိ ထိန်းသိမ်းထားနိုင်ဖို့ တရာသီ သက်တမ်းထပ်တိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ကစားသမားနဲ့ ကနဦးချုပ်ဆိုခဲ့တဲ့ စာချုပ်အရ. ၂၀၂၃ ခုနှစ်အထိသာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဓိကသွင်းဂိုးတွေအပါအဝင် ပွဲစဉ်အတော်များများ ခြေစွမ်းပြသနိုင်တာကြောင့် အခုလိုသက်တမ်းတိုးခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ လူးကပ်စ်မိုရာဟာ လန်ဒန်ကလပ်စပါးမှာ ၄၉ ပွဲကစားပြီး ၁၅ ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှုကတော့ ၂ ကြိမ်ပြုလုပ်ပေးထားပါတယ်။  ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူထားခဲ့တဲ့ အဲ့ဒီကွင်းလယ်တိုက်စစ်ကစားသမားဟာ အခုနှစ်မှာလည်း စပါးအသင်းရဲ့ အဓိကနေရာက ပွဲထွက်ကစားခွင့်ရရှိဖို့ သေချာနေပြီး နည်းပြပိုချက်တီနို စိတ်ကြိုက်ကစားသမားဖြစ်တယ်လို့ သိရပါတယ်။ စပါးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်ရာသီ ပထမဆုံးပွဲစဉ်အဖြစ် ဒီနေ့ည အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up