A d v e r t i s e m e n t With Us

မြောက်ကိုရီးယားက ပဉ္စမအကြိမ် ဒုံးကျည်နှစ်စင်းကို ပင်လယ်ထဲသို့ ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံဟာ သြဂုတ် ၉  ရက် မနက်က ပဉ္စမအကြိမ် ဒုံးကျည် နှစ်စင်းကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ပါတယ်။   အဲဒီဒုံးကျည်နှစ်စင်းဟာ  တာတိုပစ်ဖြစ်ပုံရတယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။   ဒီပစ်လွှတ်မှုသာ အတည်ဖြစ်ရင်   စမ်းသပ်ချက်ဟာ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာဖြစ်ပါလိမ့်မယ်။   မြောက်ကိုရီးယားခေါင်းဆောင်ဆီကနေ အင်မတန် နှစ်သက်ဖွယ် စာတစောင်ကို ရရှိတယ်လို့ အမေရိကန် သမ္မတထရမ့်  ပြောပြီးနောက်မှာ ဒုံးကျည်ပစ်လွှတ်တာပါ။  ခေါင်းဆောင်ကင်ဟာ အခုလုပ်နေတဲ့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်တာတွေကို မနှစ်မြို့ဘူးလို့ သမ္မတ ထရမ့်က ပြောပါတယ်။  အဲဒီ ဒုံးကျည်နှစ်စင်းကို တောင်ဟမ်ဂယောင် ပြည်နယ် ဟမ်ဟောင်မြို့အနီးကနေ ပစ်လွှတ်ခဲ့ပြီး  ဂျပန်ပင်လယ်အတွင်း ကျရောက်ခဲ့တယ်လို့ ဘီဘီစီသတင်းအရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up