ပေါင်မြို့နယ် မြေပြိုမှု သေဆုံးသူ ၂၉ ယောက်ရှာတွေ့ထား
DVB
·
August 10, 2019
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းရွာမြေပြိုတာမှာ သေဆုံးသူ ၂၉ ယောက်ရဲ့အလောင်းတွေ တွေ့ပြီလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီမနက် ၁၀ နာရီ ၄၅ မိနစ်အချိန်မှာ သေဆုံးသူ ၇ ယောက်ရဲ့ ရုပ်အလောင်းတွေထပ်တွေ့တာကြောင့် စုစုပေါင်း ၂၉ ယောက်တွေ့ထားတာပါ။ မနေ့ည အထိကတော့ အသက်ရှင်သူ ၂၉ ယောက်တွေ့ထားတယ်လို့ ဆိုပါတယ်။
မိုးသည်းသည်းထန်ထန်ရွာပြီး လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတကျောင်းပေါ်မြေပြိုခဲ့ပြီး အဲဒီနေရာမှာ မီးသတ်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၄၅ ယောက်နဲ့ ရှာဖွေနေပါတယ်။