Home
မြန်မာသတင်း
မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေး ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် သမ္မတ တိုက်တွန်း
DVB
·
August 10, 2019
မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးဟာ နိုင်ငံရဲ့ အရေးကြီးကိစ္စ ဖြစ်တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ကြဖို့နဲ့ သက်သေခံပစ္စည်းတွေကို ဥပဒေနဲ့အညီ သိမ်းဆည်းကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ အဖွဲ့ဝင်တွေကို ဩဂုတ် ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမှာ တွေ့ဆုံပြီး သမ္မတက အခုလို တိုက်တွန်းလိုက်တာပါ။ သမ္မတက မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးကိစ္စရပ်ဟာ နိုင်ငံတော်ရဲ့ အရေးကိစ္စဖြစ်လို့  သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပိုမိုအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွားကြဖို့၊၊ မူးယစ်ဆေးဝါးအမှု စစ်ဆေးရာမှာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ရဲကျင့်ဝတ်တွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့၊ သက်သေခံပစ္စည်းတွေကို ဥပဒေနဲ့အညီ သိမ်းဆည်းကြဖို့၊ တရားရုံးအမိန့်နဲ့အညီ မြန်မြန်ဆန်ဆန်စီမံခန့်ခွဲဖို့ တိုက်တွန်းခဲ့သလို ချီးမြှင့်ထိုက်သူတွေကိုလည်း ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကိစ္စကို အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကုလသမဂ္ဂကွန်ဗင်းရှင်း သဘောတူညီချက်နဲ့အညီ ‌ဆောင်ရွက်နေတယ်လို့ သမ္မတက ပြောပါတယ်။  အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်သောအ ဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းအသီးသီးနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားဖို့၊ ဗဟိုအဖွဲ့မှာ ပါဝင်တဲ့ ဝန်ကြီးဌာနတွေအနေနဲ့လည်း သက်ဆိုင်ရာတာဝန်ယူတဲ့ကဏ္ဍအလိုက် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။ မူးယစ်ဆေး တားဆီးနှိမ်နင်ရေး လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ အရှိန်သေမသွားစေဘဲ အအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြဖို့နဲ့ မူးယစ်ဆေးဝါးရဲ့ ဘေးအန္တရာယ်ကို အသိပညာပေးရေး၊ ဆေးဝါးသုံးစွဲသူတွေအား ကုသပေးရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ကို ထိရောက်စွာဆောင်ရွက်ပေးကြဖို့လည်း သမ္မတက ပြောပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနဲ့ စပ်လျဉ်းပြီး အစားထိုးသီးနှံ စိုက်ပျိုးရေနဲ့ မွေးမြူရေးတို့အတွက် လိုအပ်တဲ့ အစီအစဉ်တွေ ချမှတ်ဖို့၊ ဗဟိုအဖွဲ့အနေနဲ့ လိုအပ်သလိုလု ပ်ငန်းအဖွဲ့များကို ဖွဲ့စည်း တာဝန်သတ်မှတ်ပေးတာ၊ ပေါင်းစပ်ညှိနှိုင်းပေးတာတွေ ပြုလုပ်ဖို့လည်း သမ္မတက အကြံပြုခဲ့ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေ အောင်မြင်မှုအတိုင်းအတာကို စိစစ်တာ၊ ကြီးကြပ်တာ၊ လမ်းညွှန်တာတွေ စဉ်ဆက်မပြတ် ရှိစေဖို့နဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး သက်ဆိုင်ရာတာဝန်ရှိသူအားလုံး နိုးနိုးကြားကြ ားတက်တက်ကြွကြွနဲ့ ယခုထက် ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြဖို့ သမ္မတက တိုက်တွန်းသွားပါတယ်။
Zawgyi Version မူးယစ္ေဆးဝါးတားဆီးႏွိမ္းနင္းေရး ပိုမိုအရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ၾကရန္ သမၼတ တိုက္တြန္း DVB မူးယစ္ေဆးဝါးတားဆီးႏွိမ္းနင္းေရးဟာ ႏိုင္ငံရဲ႕ အေရးႀကီးကိစၥ ျဖစ္တာေၾကာင့္ သက္ဆိုင္ရာ တာဝန္ရွိသူေတြအေနနဲ႔ ပိုမိုအရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ၾကဖို႔နဲ႔ သက္ေသခံပစၥည္းေတြကို ဥပေဒနဲ႔အညီ သိမ္းဆည္းၾကဖို႔ သမၼတ ဦးဝင္းျမင့္က တိုက္တြန္းလိုက္ပါတယ္။ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားအႏၲရာယ္ တားဆီးကာကြယ္ေရး ဗဟိုအဖြဲ႕ဥကၠ႒ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြနဲ႔ အဖြဲ႕ဝင္ေတြကို ဩဂုတ္ ၉ ရက္ေန႔ မြန္းလြဲ ၂ နာရီက ေနျပည္ေတာ္ရွိ သမၼတအိမ္ေတာ္ ဧည့္ခန္းမွာ ေတြ႕ဆုံၿပီး သမၼတက အခုလို တိုက္တြန္းလိုက္တာပါ။ သမၼတက မူးယစ္ေဆးဝါးတားဆီးႏွိမ္းနင္းေရးကိစၥရပ္ဟာ ႏိုင္ငံေတာ္ရဲ႕ အေရးကိစၥျဖစ္လို႔ သက္ဆိုင္ရာ တာဝန္ရွိသူေတြအေနနဲ႔ ပိုမိုအရွိန္အဟုန္ ျမႇင့္တင္ေဆာင္႐ြက္သြားၾကဖို႔၊၊ မူးယစ္ေဆးဝါးအမႈ စစ္ေဆးရာမွာ ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္း၊ ရဲက်င့္ဝတ္ေတြနဲ႔အညီ လိုက္နာေဆာင္႐ြက္ဖို႔၊ သက္ေသခံပစၥည္းေတြကို ဥပေဒနဲ႔အညီ သိမ္းဆည္းၾကဖို႔၊ တရား႐ုံးအမိန႔္နဲ႔အညီ ျမန္ျမန္ဆန္ဆန္စီမံခန႔္ခြဲဖို႔ တိုက္တြန္းခဲ့သလို ခ်ီးျမႇင့္ထိုက္သူေတြကိုလည္း ခ်ီးျမႇင့္သြားမယ္လို႔ ဆိုပါတယ္။ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးကိစၥကို အမ်ိဳးသားေရးတာဝန္တရပ္အေနနဲ႔ ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ကုလသမဂၢကြန္ဗင္းရွင္း သေဘာတူညီခ်က္နဲ႔အညီ ‌ေဆာင္႐ြက္ေနတယ္လို႔ သမၼတက ေျပာပါတယ္။ အျပည္ျပည္ဆိုင္ရာအဖြဲ႕အစည္းေတြ၊ အစိုးရမဟုတ္ေသာအ ဖြဲ႕အစည္းေတြ၊ သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းေတြ၊ သက္ဆိုင္ရာဝန္ႀကီးဌာန အဖြဲ႕အစည္းအသီးသီးနဲ႔ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္သြားဖို႔၊ ဗဟိုအဖြဲ႕မွာ ပါဝင္တဲ့ ဝန္ႀကီးဌာနေတြအေနနဲ႔လည္း သက္ဆိုင္ရာတာဝန္ယူတဲ့က႑အလိုက္ ထိေရာက္ေအာင္ျမင္စြာ ေဆာင္႐ြက္ၾကဖို႔ တိုက္တြန္းသြားပါတယ္။ မူးယစ္ေဆး တားဆီးႏွိမ္နင္ေရး လက္ရွိလုပ္ေဆာင္ေနတဲ့ လုပ္ငန္းစဥ္ေတြ အရွိန္ေသမသြားေစဘဲ အအရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္သြားၾကဖို႔နဲ႔ မူးယစ္ေဆးဝါးရဲ႕ ေဘးအႏၲရာယ္ကို အသိပညာေပးေရး၊ ေဆးဝါးသုံးစြဲသူေတြအား ကုသေပးေရးနဲ႔ ျပန္လည္ထူေထာင္ေရးလုပ္ငန္းတို႔ကို ထိေရာက္စြာေဆာင္႐ြက္ေပးၾကဖို႔လည္း သမၼတက ေျပာပါတယ္။ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးနဲ႔ စပ္လ်ဥ္းၿပီး အစားထိုးသီးႏွံ စိုက္ပ်ိဳးေရနဲ႔ ေမြးျမဴေရးတို႔အတြက္ လိုအပ္တဲ့ အစီအစဥ္ေတြ ခ်မွတ္ဖို႔၊ ဗဟိုအဖြဲ႕အေနနဲ႔ လိုအပ္သလိုလု ပ္ငန္းအဖြဲ႕မ်ားကို ဖြဲ႕စည္း တာဝန္သတ္မွတ္ေပးတာ၊ ေပါင္းစပ္ညႇိႏႈိင္းေပးတာေတြ ျပဳလုပ္ဖို႔လည္း သမၼတက အႀကံျပဳခဲ့ပါတယ္။ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးဗဟိုအဖြဲ႕ရဲ႕ လုပ္ငန္းတာဝန္ေတြ ေအာင္ျမင္မႈအတိုင္းအတာကို စိစစ္တာ၊ ႀကီးၾကပ္တာ၊ လမ္းၫႊန္တာေတြ စဥ္ဆက္မျပတ္ ရွိေစဖို႔နဲ႔ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး သက္ဆိုင္ရာတာဝန္ရွိသူအားလုံး ႏိုးႏိုးၾကားၾက ားတက္တက္ႂကြႂကြနဲ႔ ယခုထက္ ပိုမိုအရွိန္အဟုန္ျမႇင့္တင္ ေဆာင္႐ြက္သြားၾကဖို႔ သမၼတက တိုက္တြန္းသြားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024