ပါကစ္စတန် အတိုက်အခံခေါင်းဆောင်ကို ဖမ်းဆီး

72
ပါကစ္စတန် အတိုက်အခံခေါင်းဆောင် မာရီယမ်နဝါ့ဇ်ကို အမျိုးသားတာဝန်ခံမှု ဗျူရို (NAB) က ဖမ်းဆီးလိုက်ပြီးနောက် သြဂုတ် ၉ ရက်မှာ လာဟိုးမြို့ တရားရုံးကို ခေါ်ဆောင်လာခဲ့ပါတယ်။
မာရီယမ်ဝါ့ဇ်ဟာ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နဝါ့ဇ်ရှာရစ်ဖ်ရဲ့ သမီးဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း နဝါ့ဇ်ရှာရစ်ဖ်ဟာလည်း နိုင်ငံရေး အကျင့်ပျက် ခြစားမှုနဲ့ ထောင်ကျနေတာပါ။
(NAB) အဖွဲ့ ထုတ်ပြန်ချက်မှာ မာရီယမ်ကို ဖမ်းဆီးတာဟာ သူ့မိသားစုပိုင် သကြားစက်ရုံနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။
နဝါ့ဇ်မိသားစုဟာ ပါကစ္စတန် နိုင်ငံရေးကို ဆယ်စုနှစ် ၃ ခုကြာ လွှမ်းမိုးခဲ့ပါတယ်။ မာရီယမ်နဝါ့ဇ်ဟာ လက်ရှိ ပါကစ္စတန်ဝန်ကြီးချုပ်အီမရမ်ခန်းနဲ့ ပါကစ္စတန် စစ်တပ်ကို ဝေဖန်တဲ့ လက်တဆုပ်စာ နိုင်ငံရေး ခေါင်းဆောင်တွေထဲက တယောက် ဖြစ်ပါတယ်။
မကြာသေးခင်က သူ့ပါတီက လုပ်တဲ့ လူထုစည်းဝေးပွဲတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေကို ဆင်ဆာဖြတ်တောက်တယ်ဆိုပြီး မာရီယမ်နဝါ့ဇ်က သူတို့ကို စွပ်စွဲခဲ့ပါတယ်။
မာရီယမ်ရဲ့ ဦးလေးဖြစ်ပြီး ပါကစ္စတန် မွတ်စလင်ပါတီ နဝါ့ဇ် (PML-N)ကို ဦးဆောင်နေတဲ့ ရှာဘတ်ဇ်ရှရစ်ဖ်ကလည်း သူတို့မိသားစုနဲ့ သူတို့ပါတီဟာ ဝန်ကြီးချုပ်ခန်းရဲ့ အငြိုးအတေးကို ခံနေရတယ်လို့ ပြောခဲ့ပါတယ်။
Zawgyi Version ပါကစၥတန္ အတိုက္အခံေခါင္းေဆာင္ကို ဖမ္းဆီး DVB ပါကစၥတန္ အတိုက္အခံေခါင္းေဆာင္ မာရီယမ္နဝါ့ဇ္ကို အမ်ိဳးသားတာဝန္ခံမႈ ဗ်ဴ႐ို (NAB) က ဖမ္းဆီးလိုက္ၿပီးေနာက္ ၾသဂုတ္ ၉ ရက္မွာ လာဟိုးၿမိဳ႕ တရား႐ုံးကို ေခၚေဆာင္လာခဲ့ပါတယ္။ မာရီယမ္ဝါ့ဇ္ဟာ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္း နဝါ့ဇ္ရွာရစ္ဖ္ရဲ႕ သမီးျဖစ္ပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္း နဝါ့ဇ္ရွာရစ္ဖ္ဟာလည္း ႏိုင္ငံေရး အက်င့္ပ်က္ ျခစားမႈနဲ႔ ေထာင္က်ေနတာပါ။ (NAB) အဖြဲ႕ ထုတ္ျပန္ခ်က္မွာ မာရီယမ္ကို ဖမ္းဆီးတာဟာ သူ႔မိသားစုပိုင္ သၾကားစက္႐ုံနဲ႔ ဆက္ႏြယ္ေနတယ္လို႔ ဆိုပါတယ္။ နဝါ့ဇ္မိသားစုဟာ ပါကစၥတန္ ႏိုင္ငံေရးကို ဆယ္စုႏွစ္ ၃ ခုၾကာ လႊမ္းမိုးခဲ့ပါတယ္။ မာရီယမ္နဝါ့ဇ္ဟာ လက္ရွိ ပါကစၥတန္ဝန္ႀကီးခ်ဳပ္အီမရမ္ခန္းနဲ႔ ပါကစၥတန္ စစ္တပ္ကို ေဝဖန္တဲ့ လက္တဆုပ္စာ ႏိုင္ငံေရး ေခါင္းေဆာင္ေတြထဲက တေယာက္ ျဖစ္ပါတယ္။ မၾကာေသးခင္က သူ႔ပါတီက လုပ္တဲ့ လူထုစည္းေဝးပြဲေတြနဲ႔ သတင္းစာရွင္းလင္းပြဲေတြကို ဆင္ဆာျဖတ္ေတာက္တယ္ဆိုၿပီး မာရီယမ္နဝါ့ဇ္က သူတို႔ကို စြပ္စြဲခဲ့ပါတယ္။ မာရီယမ္ရဲ႕ ဦးေလးျဖစ္ၿပီး ပါကစၥတန္ မြတ္စလင္ပါတီ နဝါ့ဇ္ (PML-N)ကို ဦးေဆာင္ေနတဲ့ ရွာဘတ္ဇ္ရွရစ္ဖ္ကလည္း သူတို႔မိသားစုနဲ႔ သူတို႔ပါတီဟာ ဝန္ႀကီးခ်ဳပ္ခန္းရဲ႕ အၿငိဳးအေတးကို ခံေနရတယ္လို႔ ေျပာခဲ့ပါတယ္။