နမ့်စန်မြို့နယ်တွင် မြေငလျင်လှုပ်ခတ်
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်မှာ ဒီနေ့မနက်အစောပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
သြဂုတ် ၁၀ ရက်နေ့ မြန်မာစံတော်ချိန် ၀၄ နာရီ ၁၃ မိနစ် ၃၂ စက္ကန့်အချိန်က နမ့်စန်မြို့ရဲ့ အရှေ့တောင်ဘက် ၄၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၅၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၂၁ ဒီဂရီ၊ အနက် ၂၇ ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
Zawgyi Version
DVB