Beatles အဖွဲ့၏ အအောင်မြင်ဆုံးအယ်လ်ဘမ် မျက်နှာဖုံး ဖန်တီးသည့် နှစ် ၅၀ ပြည့် ကျင်းပ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ သြဂုတ် ၈ ရက်နေ့က ကမ္ဘာကျော် Beatles အဖွဲ့ရဲ့ ဂီတသမိုင်းမှာ အအောင်မြင်ဆုံး အယ်လ်ဘမ် Abbey Road မျက်နှာဖုံး ဖန်တီးတဲ့နေ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်ပွဲကို ရာချီတဲ့လူတွေ တက်ရောက်ခဲ့ကြပါတယ်။
၁၉၆၉ ခုနှစ်မှာ Beatles အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဂျွန်လင်နွန်၊ ပေါ်လ် မက်ခ်ခါနီ၊ ဂျော့ဂျ် ဟယ်ရစ်ဆင်နဲ့ ရင်ဂိုစတားတို့က EMI Recording စတူဒီယိုထဲကနေ အပြင်ဘက် ထွက်လာပြီး လူကူးမျဉ်းကြားကို ဖြတ်ကူးချိန်မှာ ဓာတ်ပုံဆရာ အီယန် မစ်မယ်လန်က ဓာတ်ပုံရိုက်ခဲ့ပါတယ်။
သူတို့လေးယောက် လူကူးမျဉ်းကြား ဖြတ်နေတဲ့ပုံကို Beatles အဖွဲ့ရဲ့ ၁၁ ခုမြောက်အယ်လ်ဘမ် Abbey Road မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့တာပါ။
အဲဒီအယ်လ်ဘမ်ဟာ အဖွဲ့ဝင်လေးယောက်စလုံးပါတဲ့ Beatles အဖွ့ဲရဲ့ နောက်ဆုံးအယ်လ်ဘမ်လည်း ဖြစ်ပါတယ်။
Abbey Road အယ်လ်ဘမ်ထွက်ရှိပြီး တနှစ်မပြည့်ခင်မှာပဲ သူတို့ Beatles အဖွဲ့ ပြိုကွဲသွားပါတယ်။
နောက်ပိုင်းမှာ Abbey Road လို့ အမည်ပြောင်းခဲ့တဲ့ EMI Recording စတူဒီယိုနဲ့ စတူဒီယိုရှေ့က လူကူးမျဉ်းကြားကိုလည်း ၂၀၁၀ မှာ ဗြိတိန်အစိုးရက ထိန်းသိမ်းစောင့်ရှောက်ရေးနေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။
Zawgyi Version
Beatles အဖြဲ႕၏ အေအာင္ျမင္ဆုံးအယ္လ္ဘမ္ မ်က္ႏွာဖုံး ဖန္တီးသည့္ ႏွစ္ ၅၀ ျပည့္ က်င္းပ
DVB
ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕မွာ ၾသဂုတ္ ၈ ရက္ေန႔က ကမာၻေက်ာ္ Beatles အဖြဲ႕ရဲ႕ ဂီတသမိုင္းမွာ အေအာင္ျမင္ဆုံး အယ္လ္ဘမ္ Abbey Road မ်က္ႏွာဖုံး ဖန္တီးတဲ့ေန႔ ႏွစ္ ၅၀ ျပည့္ အထိမ္းအမွတ္ပြဲကို ရာခ်ီတဲ့လူေတြ တက္ေရာက္ခဲ့ၾကပါတယ္။
၁၉၆၉ ခုႏွစ္မွာ Beatles အဖြဲ႕ဝင္ေတြ ျဖစ္ၾကတဲ့ ဂြၽန္လင္ႏြန္၊ ေပၚလ္ မက္ခ္ခါနီ၊ ေဂ်ာ့ဂ်္ ဟယ္ရစ္ဆင္နဲ႔ ရင္ဂိုစတားတို႔က EMI Recording စတူဒီယိုထဲကေန အျပင္ဘက္ ထြက္လာၿပီး လူကူးမ်ဥ္းၾကားကို ျဖတ္ကူးခ်ိန္မွာ ဓာတ္ပုံဆရာ အီယန္ မစ္မယ္လန္က ဓာတ္ပုံ႐ိုက္ခဲ့ပါတယ္။
သူတို႔ေလးေယာက္ လူကူးမ်ဥ္းၾကား ျဖတ္ေနတဲ့ပုံကို Beatles အဖြဲ႕ရဲ႕ ၁၁ ခုေျမာက္အယ္လ္ဘမ္ Abbey Road မ်က္ႏွာဖုံးအျဖစ္ အသုံးျပဳခဲ့တာပါ။
အဲဒီအယ္လ္ဘမ္ဟာ အဖြဲ႕ဝင္ေလးေယာက္စလုံးပါတဲ့ Beatles အဖြ႕ဲရဲ႕ ေနာက္ဆုံးအယ္လ္ဘမ္လည္း ျဖစ္ပါတယ္။
Abbey Road အယ္လ္ဘမ္ထြက္ရွိၿပီး တႏွစ္မျပည့္ခင္မွာပဲ သူတို႔ Beatles အဖြဲ႕ ၿပိဳကြဲသြားပါတယ္။
ေနာက္ပိုင္းမွာ Abbey Road လို႔ အမည္ေျပာင္းခဲ့တဲ့ EMI Recording စတူဒီယိုနဲ႔ စတူဒီယိုေရွ႕က လူကူးမ်ဥ္းၾကားကိုလည္း ၂၀၁၀ မွာ ၿဗိတိန္အစိုးရက ထိန္းသိမ္းေစာင့္ေရွာက္ေရးေနရာအျဖစ္ သတ္မွတ္ခဲ့ပါတယ္။