အာဂျင်တီးနားသမ္မတ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု စတင်

1.2K
အာဂျင်တီးနားသမ္မတ မာယီစီကို မက်ခရီက မြို့တော် ဗျူနိုအေရိစ်မှာ သြဂုတ် ၈ ရက်နေ့က ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေ စလုပ်ခဲ့ပါတယ်။
အာဂျင်တီးနားပြည်သူတွေ အနေနဲ့ သူ့ရဲ့ လွတ်လပ်တဲ့ ဈေးကွက်မူဝါဒ လမ်းကြောင်းအတိုင်း ဆက်လျှောက်ဖို့နဲ့ ပေါ်ပျူလစ်ဝါဒယိမ်း သမ္မတလောင်း ကိုယ်စားလှယ် အဲဘတ်တို ဖာနန်ဒက်ဇ် လက်အောက်မှာ အတိတ်ကို ပြန်မသွားဖို့ မက်ခရီက တိုက်တွန်းလိုက်ပါတယ်။
သြဂုတ် ၁၁ ရက်နေ့ကျရင် အာဂျင်တီးနားပြည်သူတွေဟာ ဆန္ဒမဲ ပေးရတော့မှာ ဖြစ်ပြီး သူတို့ဟာ လက်ရှိသမ္မတ မက်ခရီနဲ့ ဖာနန်ဒက်ဇ်တို့ နှစ်ယောက်အနက် တယောက်ကို ရွေးရမှာပါ။
မက်ခရီဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အကူအညီနဲ့ ကြွေးမြီတွေကို ကန့်သတ်ဖို့ တင်းကျပ်တဲ့ စီးပွားရေးအစီအစဉ်ကို လုပ်နေပါတယ်။
ဒီလိုမျိုး နိုင်ငံစီးပွားရေး လမ်းကြောင်းမှန်ပေါ် ရောက်အောင်လုပ်တာကို မဲဆန္ဒရှင်တချို့က မက်ခရီကို ချီးမွမ်းကြပါတယ်။
တချို့ကလည်း မက်ခရီရဲ့ အစီအစဉ်ဟာ နိုင်ငံ ဆင်းရဲမွဲတေတာကို ပိုဆိုးစေပြီး စီးပွားရေး ကျဆင်းစေတယ်လို့ ဝေဖန်ကြပါတယ်။
ရွေးကောက်ပွဲမတိုင်မီ တပတ်အလို လူထုစစ်တမ်းတွေမှာ ဒီရွေးကောက်ပွဲဟာ ပွတ်ကာသီကာ အနိုင်ရတာမျိုးဖြစ်ပြီး နိုဝင်ဘာမှာ ဒုတိယအကျော့ ယှဉ်ပြိုင်ရဖွယ်ရှိတယ်လို့ ဖော်ပြပါတယ်။
Zawgyi Version အာဂ်င္တီးနားသမၼတ ေရြးေကာက္ပြဲ မဲဆြယ္လႈပ္ရွားမႈ စတင္ DVB အာဂ်င္တီးနားသမၼတ မာယီစီကို မက္ခရီက ၿမိဳ႕ေတာ္ ဗ်ဴႏိုေအရိစ္မွာ ၾသဂုတ္ ၈ ရက္ေန႔က ေရြးေကာက္ပြဲ မဲဆြယ္လႈပ္ရွားမႈေတြ စလုပ္ခဲ့ပါတယ္။ အာဂ်င္တီးနားျပည္သူေတြ အေနနဲ႔ သူ႔ရဲ႕ လြတ္လပ္တဲ့ ေဈးကြက္မူဝါဒ လမ္းေၾကာင္းအတိုင္း ဆက္ေလွ်ာက္ဖို႔နဲ႔ ေပၚပ်ဴလစ္ဝါဒယိမ္း သမၼတေလာင္း ကိုယ္စားလွယ္ အဲဘတ္တို ဖာနန္ဒက္ဇ္ လက္ေအာက္မွာ အတိတ္ကို ျပန္မသြားဖို႔ မက္ခရီက တိုက္တြန္းလိုက္ပါတယ္။ ၾသဂုတ္ ၁၁ ရက္ေန႔က်ရင္ အာဂ်င္တီးနားျပည္သူေတြဟာ ဆႏၵမဲ ေပးရေတာ့မွာ ျဖစ္ၿပီး သူတို႔ဟာ လက္ရွိသမၼတ မက္ခရီနဲ႔ ဖာနန္ဒက္ဇ္တို႔ ႏွစ္ေယာက္အနက္ တေယာက္ကို ေရြးရမွာပါ။ မက္ခရီဟာ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႔ အကူအညီနဲ႔ ေႂကြးၿမီေတြကို ကန႔္သတ္ဖို႔ တင္းက်ပ္တဲ့ စီးပြားေရးအစီအစဥ္ကို လုပ္ေနပါတယ္။ ဒီလိုမ်ိဳး ႏိုင္ငံစီးပြားေရး လမ္းေၾကာင္းမွန္ေပၚ ေရာက္ေအာင္လုပ္တာကို မဲဆႏၵရွင္တခ်ိဳ႕က မက္ခရီကို ခ်ီးမြမ္းၾကပါတယ္။ တခ်ိဳ႕ကလည္း မက္ခရီရဲ႕ အစီအစဥ္ဟာ ႏိုင္ငံ ဆင္းရဲမြဲေတတာကို ပိုဆိုးေစၿပီး စီးပြားေရး က်ဆင္းေစတယ္လို႔ ေဝဖန္ၾကပါတယ္။ ေရြးေကာက္ပြဲမတိုင္မီ တပတ္အလို လူထုစစ္တမ္းေတြမွာ ဒီေရြးေကာက္ပြဲဟာ ပြတ္ကာသီကာ အႏိုင္ရတာမ်ိဳးျဖစ္ၿပီး ႏိုဝင္ဘာမွာ ဒုတိယအေက်ာ့ ယွဥ္ၿပိဳင္ရဖြယ္ရွိတယ္လို႔ ေဖာ္ျပပါတယ္။