သြစတြေးလျတွင် လေပြင်းများတိုက်ခတ်၊ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတလျှောက်မှာ ဒီကနေ့ လေပြင်းတွေ တိုက်ခတ်တာကြောင့် ဆစ်ဒနီနဲ့ မဲလ်ဘုန်း နှစ်မြို့လုံးမှာ ဒါဇင်နဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရပါတယ်။
ဒါ့အပြင် သက်ကြီးစောင့်ရှောက်ရေးဂေဟာ အဆောာက်အအုံတခု အမိုးလန်သွားတာကြောင့် ဂေဟာမှာ နေထိုင်တဲ့ အဘိုးအဘွား အယောက် ၃၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြကြပါတယ်။
ပေါ့ဖီးလစ်ဆိပ်ကမ်းမြို့မှာ တနာရီကို အများဆုံး လေတိုက်နှုန်း ကီလိုမီတာ ၁၀၀ ကျော် တိုက်ခတ်ခဲ့ပြီး ဒါဟာ ငါးနှစ်မှာ တခါကြုံတွေ့ရတဲ့ ရာသီဥတု အခြေအနေ ဖြစ်တယ်လို့ သြစတြေးလျ မိုးလေဝသဌာန (BOM) က အကြီးတန်း မိုးလေဝသပညာရှင် ကယ်လ်ဗင် ပါကာက ပြောပါတယ်။
Zawgyi Version
ၾသစေၾတးလ်တြင္ ေလျပင္းမ်ားတိုက္ခတ္၊ ေလယာဥ္ခရီးစဥ္မ်ား ဖ်က္သိမ္း
DVB
ၾသစေၾတးလ်ႏိုင္ငံ အေရွ႕ေတာင္ပိုင္းတေလွ်ာက္မွာ ဒီကေန႔ ေလျပင္းေတြ တိုက္ခတ္တာေၾကာင့္ ဆစ္ဒနီနဲ႔ မဲလ္ဘုန္း ႏွစ္ၿမိဳ႕လုံးမွာ ဒါဇင္နဲ႔ခ်ီတဲ့ ေလယာဥ္ခရီးစဥ္ေတြ ဖ်က္သိမ္းလိုက္ရပါတယ္။
ဒါ့အျပင္ သက္ႀကီးေစာင့္ေရွာက္ေရးေဂဟာ အေဆာာက္အအုံတခု အမိုးလန္သြားတာေၾကာင့္ ေဂဟာမွာ ေနထိုင္တဲ့ အဘိုးအဘြား အေယာက္ ၃၀ ေက်ာ္ကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းေပးခဲ့ရတယ္လို႔ ေဒသခံ မီဒီယာေတြက ေဖာ္ျပၾကပါတယ္။
ေပါ့ဖီးလစ္ဆိပ္ကမ္းၿမိဳ႕မွာ တနာရီကို အမ်ားဆုံး ေလတိုက္ႏႈန္း ကီလိုမီတာ ၁၀၀ ေက်ာ္ တိုက္ခတ္ခဲ့ၿပီး ဒါဟာ ငါးႏွစ္မွာ တခါႀကဳံေတြ႔ရတဲ့ ရာသီဥတု အေျခအေန ျဖစ္တယ္လို႔ ၾသစေၾတးလ် မိုးေလဝသဌာန (BOM) က အႀကီးတန္း မိုးေလဝသပညာရွင္ ကယ္လ္ဗင္ ပါကာက ေျပာပါတယ္။