Home
မြန်မာသတင်း
တန့်ယန်းတွင် တိုက်ပွဲကြောင့်  ရွာသား ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
နန်းမြနဒီ
·
August 9, 2019
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့  မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလို့ ရွာ ၄ ရွာက ရွာသာ ၃၀၀ ကျော် နီးစပ်ရာ ကျေးရွာဘုန်းကြီးကျောင်းတွေမှာ သွားရောက်တိမ်းရှောင်နေကြရပါတယ်။ တန်းယန်းမြို့နယ် ဟိုမန်းကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ ညနေပိုင်းက ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုဖြစ်တာကြောင့် နောက်ထပ်တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်ပြီး ကွန်ဟုန်း၊ နမ့်ပတ်၊ လုံကိန်၊ နမ့်ပိုင် စတဲ့ ကျေးရွာက ရွာသားပေါင်း ၃၀၀ ကျော်ဟာ တော်လောက်၊ ဟိုမန်း၊ လုံမု၊ နမ့်ပိုင် စတဲ့ ဘုန်းကြီးကျောင်းတွေမှာ ဝင်ရောက်ခိုလှုံနေတာလို့  စစ်ပြေးရှောင်တွေကို သွားရောက်ကူညီခဲ့တဲ့ တန့်ယန်းမြို့နယ် ရှမ်းလူငယ်အဖွဲ့ TYN မှ စိုင်းဘက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ညနေက ကျနော်တို့ တန့်ယန်းနဲ့ လားရှိုးက TYN ဝင်တွေ၊ နောက်ပြီး မေတ္တာဖောင်ဒေးရှင်း၊ ဝုန်းမေတ္တာ၊ မိုင်းကောင်လူငယ်အဖွဲ့နဲ့ ရှမ်း SNLD ပါတီက လွှတ်တော်ကိုယ်စားလှယ်ရော စုစုပေါင်း လူ ၅၀ ကျော် အဲဒီစစ်ပြေးရှောင်တွေဆီ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ သွားလှူခဲ့ပါတယ်ခင်ဗျ။ ရွာသားတွေက တော်လောက်ကျောင်းမှာ ၇၀ ကျော်၊ ဟိုမန်းကျောင်းမှာ ၉၀ ကျော်၊ လုံမုကျောင်းမှာ ၁၀၀ ကျော်၊ နမ့်ပိုင်ကျောင်းတိုက်မှာ ၁၇၀ ကျော် ရောက်နေတယ်။ တိုက်ပွဲကြောင့် လူနဲ့ အိမ်တွေ ဘာမှထိခိုက်မှု မရှိပေမယ့် သူတို့ရွာအနီးမှာရော ရွာထဲမှာပါ မြန်မာ့တပ်မတော်စစ်ကြောင်းတွေ လာပြီးနေနေလို့ ကြောက်ပြီး ထွက်ပြေးလာကြတာတဲ့၊ သူတို့ရွာက လွိုင်ကျေး တောင်ကြောမှာရှိတာ၊ တောင်ထိပ်မှာ ရှမ်းတပ်စခန်းရှိတယ်၊ ဒါကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တယ်ပေါ့နော်၊ ပြီးတော့ စစ်ကြောင်းက လမ်းသွားလမ်း လာရွာသား တွေကို ခေါ်ယူစစ်ဆေးတာရှိတယ်။ ၇ ရက်နေ့က နမ့်ပိုင်ရွာနားမှာ ကားတစ်စီးကို တားတာ အဲဒီကားက ရပ်မပေးလို့ စစ်တပ်က သေနတ်နဲ့ပစ်ပြီး ခြိမ်းခြောက်တယ်၊ သေနတ်သံကြားတော့ ပိုကြောက်ကြတာပေါ့။” ထွက်ပြေးလာတဲ့ သူတွေဟာ အများအားဖြင့် သက်ကြီးရွယ်အို၊ မိခင်နဲ့ကလေးတွေဖြစ်ပြီး အမျိုးသားတွေကတော့ ရွာမှာကျန်ခဲ့တဲ့ အိမ်ရာ၊ ကျွဲနွားတွေ စိတ်မချလို့ သွားလိုက်လာလိုက် လုပ်နေရကြောင်း ၊ ရွာမူလတန်းကျောင်းတွေလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးဝက်ပ်ဆိုက်မှာ SSA (ဝမ်ဟိုင်း) အဖွဲ့ဟာ နယ်မြေကျော်လွန်လှုပ်ရှားသွားလာခြင်း၊ နောင်မိန်း၊ ကွန်ဟုန်း၊ တော်လောက်နဲ့ မိုင်းကောင်ရှိ ရွာသားနဲ့ ခရီးသွားပြည်သူ စုစုပေါင်း ၃၇ ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားတာကြောင့် သူတို့နောက်ကို လိုက်လံ ရှင်းလင်းရင်းနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က နမ့်ပိန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။  ပြည်သူ ၃၇ ဦး ပြန်လွတ်မြောက်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန်ကတော့ သူတို့တပ်ဟာ ယခင်ကတည်းက တန့်ယန်းမှာလည်းရှိတဲ့အတွက် နယ်မြေကျော်လွန်တယ်ဆိုတာ တပ်မတော်ကစွပ်စွဲခြင်း သာဖြစ်ကြောင်း၊ သူတို့ဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေးစီမံချက်ကို နယ်မြေထဲကွင်းဆင်းဆောင်ရွက်နေပြီး ဖမ်းဆီးထားသူ ၃၇ ဦးမှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေသာဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ ၆ ရက်နေ့နောက်ပိုင်း ပစ်ခတ်မှုတွေမရှိပေမယ့်လည်း  ခမရ ၅၂၃ နဲ့ ခလရ ၁၂၇ မြန်မာ့တပ်မတော် စစ်ကြောင်းတွေဟာ ဟိုမန်းနဲ့ လုံမုံကျေးရွာအုပ်စုကြားမှာ ဖြန့်ခွဲနေရာယူထားတာကြောင့် ထိပ်တိုက် ရင်ဆိုင်မိရင် တိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသွားပါတယ်။
Zawgyi Version တန႔္ယန္းတြင္ တိုက္ပြဲေၾကာင့္  ႐ြာသား ၃၀၀ ေက်ာ္ ထြက္ေျပးတိမ္းေရွာင္ နန္းျမနဒီ ရွမ္းျပည္ေျမာက္ပိုင္း တန႔္ယန္းၿမိဳ႕နယ္ထဲမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ရွမ္းျပည္တပ္မေတာ္ SSPP/SSA နဲ႔  ျမန္မာ့တပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားလို႔ ႐ြာ ၄ ႐ြာက ႐ြာသာ ၃၀၀ ေက်ာ္ နီးစပ္ရာ ေက်း႐ြာဘုန္းႀကီးေက်ာင္းေတြမွာ သြားေရာက္တိမ္းေရွာင္ေနၾကရပါတယ္။ တန္းယန္းၿမိဳ႕နယ္ ဟိုမန္းေက်း႐ြာအုပ္စုထဲမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၆ ရက္ေန႔ ညေနပိုင္းက ရွမ္းျပည္တပ္မေတာ္နဲ႔ အစိုးရတပ္ၾကား ပစ္ခတ္မႈျဖစ္တာေၾကာင့္ ေနာက္ထပ္တိုက္ပြဲျဖစ္ပြားမွာ စိုးရိမ္ၿပီး ကြန္ဟုန္း၊ နမ့္ပတ္၊ လုံကိန္၊ နမ့္ပိုင္ စတဲ့ ေက်း႐ြာက ႐ြာသားေပါင္း ၃၀၀ ေက်ာ္ဟာ ေတာ္ေလာက္၊ ဟိုမန္း၊ လုံမု၊ နမ့္ပိုင္ စတဲ့ ဘုန္းႀကီးေက်ာင္းေတြမွာ ဝင္ေရာက္ခိုလႈံေနတာလို႔  စစ္ေျပးေရွာင္ေတြကို သြားေရာက္ကူညီခဲ့တဲ့ တန႔္ယန္းၿမိဳ႕နယ္ ရွမ္းလူငယ္အဖြဲ႕ TYN မွ စိုင္းဘက ဒီဗြီဘီကို ေျပာပါတယ္။ “မေန႔ညေနက က်ေနာ္တို႔ တန႔္ယန္းနဲ႔ လားရႈိးက TYN ဝင္ေတြ၊ ေနာက္ၿပီး ေမတၱာေဖာင္ေဒးရွင္း၊ ဝုန္းေမတၱာ၊ မိုင္းေကာင္လူငယ္အဖြဲ႕နဲ႔ ရွမ္း SNLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေရာ စုစုေပါင္း လူ ၅၀ ေက်ာ္ အဲဒီစစ္ေျပးေရွာင္ေတြဆီ စားနပ္ရိကၡာနဲ႔ အသုံးအေဆာင္ပစၥည္းေတြ သြားလႉခဲ့ပါတယ္ခင္ဗ်။ ႐ြာသားေတြက ေတာ္ေလာက္ေက်ာင္းမွာ ၇၀ ေက်ာ္၊ ဟိုမန္းေက်ာင္းမွာ ၉၀ ေက်ာ္၊ လုံမုေက်ာင္းမွာ ၁၀၀ ေက်ာ္၊ နမ့္ပိုင္ေက်ာင္းတိုက္မွာ ၁၇၀ ေက်ာ္ ေရာက္ေနတယ္။ တိုက္ပြဲေၾကာင့္ လူနဲ႔ အိမ္ေတြ ဘာမွထိခိုက္မႈ မရွိေပမယ့္ သူတို႔႐ြာအနီးမွာေရာ ႐ြာထဲမွာပါ ျမန္မာ့တပ္မေတာ္စစ္ေၾကာင္းေတြ လာၿပီးေနေနလို႔ ေၾကာက္ၿပီး ထြက္ေျပးလာၾကတာတဲ့၊ သူတို႔႐ြာက လြိဳင္ေက်း ေတာင္ေၾကာမွာရွိတာ၊ ေတာင္ထိပ္မွာ ရွမ္းတပ္စခန္းရွိတယ္၊ ဒါေၾကာင့္ အခ်ိန္မေ႐ြးတိုက္ပြဲျဖစ္ႏိုင္တယ္ေပါ့ေနာ္၊ ၿပီးေတာ့ စစ္ေၾကာင္းက လမ္းသြားလမ္း လာ႐ြာသား ေတြကို ေခၚယူစစ္ေဆးတာရွိတယ္။ ၇ ရက္ေန႔က နမ့္ပိုင္႐ြာနားမွာ ကားတစ္စီးကို တားတာ အဲဒီကားက ရပ္မေပးလို႔ စစ္တပ္က ေသနတ္နဲ႔ပစ္ၿပီး ၿခိမ္းေျခာက္တယ္၊ ေသနတ္သံၾကားေတာ့ ပိုေၾကာက္ၾကတာေပါ့။” ထြက္ေျပးလာတဲ့ သူေတြဟာ အမ်ားအားျဖင့္ သက္ႀကီး႐ြယ္အို၊ မိခင္နဲ႔ကေလးေတြျဖစ္ၿပီး အမ်ိဳးသားေတြကေတာ့ ႐ြာမွာက်န္ခဲ့တဲ့ အိမ္ရာ၊ ကြၽဲႏြားေတြ စိတ္မခ်လို႔ သြားလိုက္လာလိုက္ လုပ္ေနရေၾကာင္း ၊ ႐ြာမူလတန္းေက်ာင္းေတြလည္း ပိတ္ထားတယ္လို႔ ဆိုပါတယ္။ အဆိုပါ ပစ္ခတ္မႈေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးဝက္ပ္ဆိုက္မွာ SSA (ဝမ္ဟိုင္း) အဖြဲ႕ဟာ နယ္ေျမေက်ာ္လြန္လႈပ္ရွားသြားလာျခင္း၊ ေနာင္မိန္း၊ ကြန္ဟုန္း၊ ေတာ္ေလာက္နဲ႔ မိုင္းေကာင္ရွိ ႐ြာသားနဲ႔ ခရီးသြားျပည္သူ စုစုေပါင္း ၃၇ ဦးကို အေၾကာင္းမဲ့ဖမ္းဆီးသြားတာေၾကာင့္ သူတို႔ေနာက္ကို လိုက္လံ ရွင္းလင္းရင္းနဲ႔ ၿပီးခဲ့တဲ့ ၾသဂုတ္ ၆ ရက္ေန႔က နမ့္ပိန္ေက်း႐ြာအနီးမွာ တိုက္ပြဲျဖစ္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ျပည္သူ ၃၇ ဦး ျပန္လြတ္ေျမာက္ေရးအတြက္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ဗဟိုဌာန (NRPC) ကို အေၾကာင္းၾကားထားတယ္လို႔ ဆိုပါတယ္။ ဝမ္ဟိုင္းအေျခစိုက္ ရွမ္းျပည္တပ္မေတာ္ SSPP/SSA ေျပာခြင့္ရ ဗိုလ္မႉး စိုင္းဖုန္းဟန္ကေတာ့ သူတို႔တပ္ဟာ ယခင္ကတည္းက တန႔္ယန္းမွာလည္းရွိတဲ့အတြက္ နယ္ေျမေက်ာ္လြန္တယ္ဆိုတာ တပ္မေတာ္ကစြပ္စြဲျခင္း သာျဖစ္ေၾကာင္း၊ သူတို႔ဟာ မူးယစ္ေဆးဝါးႏွိမ္နင္းေရးစီမံခ်က္ကို နယ္ေျမထဲကြင္းဆင္းေဆာင္႐ြက္ေနၿပီး ဖမ္းဆီးထားသူ ၃၇ ဦးမွာလည္း မူးယစ္ေဆးဝါးနဲ႔ ပတ္သက္သူေတြသာျဖစ္တယ္လို႔ ဒီဗြီဘီကို ေျပာပါတယ္။ ၆ ရက္ေန႔ေနာက္ပိုင္း ပစ္ခတ္မႈေတြမရွိေပမယ့္လည္း  ခမရ ၅၂၃ နဲ႔ ခလရ ၁၂၇ ျမန္မာ့တပ္မေတာ္ စစ္ေၾကာင္းေတြဟာ ဟိုမန္းနဲ႔ လုံမုံေက်း႐ြာအုပ္စုၾကားမွာ ျဖန႔္ခြဲေနရာယူထားတာေၾကာင့္ ထိပ္တိုက္ ရင္ဆိုင္မိရင္ တိုက္ပြဲျပန္ျဖစ္ႏိုင္တယ္လို႔ ဗိုလ္မႉး စိုင္းဖုန္းဟန္က ေျပာသြားပါတယ္။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024