Home
မြန်မာသတင်း
ခင်ဦးမြို့နယ် လမ်းမြေနှင့်လယ်မြေ အငြင်းပွားမှု ရဲတပ်ဖွဲ့ ဝင်ရောက်ထိန်းသိမ်းခဲ့ရ
DVB
·
August 9, 2019
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် သက်ပေးအုပ်စုမှာ လမ်းမြေနဲ့ လယ်မြေ နဲ့ပတ်သက်ပြီး နှစ်ဖက် အငြင်းပွားမှုဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းပေးခဲ့ရတယ်လို့ သိရပါတယ်။ ခင်ဦးမြို့နယ် သက်ပေးအုပ်စုအတွင်းရှိ ကျေးရွာ ချင်းဆက် ကုန်ထုတ်လမ်းအားတိုင်း ဒေသကြီးအစိုးရမှ လမ်းမြေအဖြစ် ပြောင်းလဲဖို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက အစည်းဝေးဆုံးဖြတ်ချက်အရ သတ်မှတ်ချထားပေးခြင်းအပေါ် မူလပိုင်ရှင် တောင်သူနှစ်ဦးက လက်သင့်မခံဘဲ ရွာလမ်းအား ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာသူ/ကျေးရွာသားတွေနဲ့ သြဂုတ် ၈ က ထိပ်တိုက်တွေ့ပြီး ပဋိပက္ခအသွင်ဆောင်လာလို့ ရဲတပ်ဖွဲ့က လာရောက်တားဆီးခဲ့တာပါ။ အဆိုပါလမ်းဟာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အသုံးပြုနေတာဖြစ်ပေမယ့် မူလမြေပိုင်ရှင်တောင်သူနှစ်ဦးက သူတို့မှာ ပုံစံ (၇) ရှိပြီး နိုင်ငံတော်က တရားဝင်လုပ်စားပိုင်ခွင့် ပေးထားတာဖြစ်တဲ့အတွက် လမ်းမြေအဖြစ် ပြောင်းလဲမပေးလိုတာလို့ သိရပါတယ်။ မူလမြေပိုင်ရှင်တဦးဖြစ်တဲ့ သက်ပေးရွာနေ တောင်သူ ဦးမြင့်ကြည်က ‌ေကျနော်တို့ လက်ထဲမှာ ပုံစံ ၇ တွေ ရှိပါတယ်။ နိုင်ငံတော်က ကျနော်တို့ကို လုပ်စားပိုင်ခွင့်ကို တရားဝင်ပေးထားတာပါ။ ပိုင်ဆိုင်တာမှ ဒါလေးတကွက်ရှိတာ။ ဒါမှ ပေးလိုက်ရင် ဘာသွားလုပ်စားမလဲ။ ဒါကြောင့် လမ်းမြေအဖြစ် ပြောင်းလဲပေးဖို့ရာတော့ ဘယ်နည်းနဲ့မှ မဖြစ်ပါဘူး" လို့ ပြောပါတယ်။ သက်ပေးကျေးရွာနေ ဦးဝင်းစန်းက " ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း လာဖျက်တယ်။ ဒါနဲ့ဆို ၂ ကြိမ်ရှိပြီ။ ဒါ တိုင်းအစိုးရရဲ့ ဘတ်ဂျက်နဲ့ ပြုလုပ်တဲ့ လမ်းပါ။ ဒီလမ်းက ရွာသုံးရွာကို ချိတ်ဆက်ပြီး ဖောက်ထားတဲ့ လမ်းပါ။ စီးပွားရေးလုပ်လည်း ဒီလမ်းကို အသုံးပြုရတယ်။ ရွာက ကလေးတွေလည်း ဒီလမ်းကနေ ကျောင်းသွားလာရတာ။ ကျနော်တို့ ရွာသူရွာသားအားလုံးအနေနဲ့ကတော့ လမ်းကို သူတို့ ဘယ်လောက်လာဖျက်ဖျက် အများပြည်သူပိုင်လမ်းကို ပြန်ဖို့မှာပဲ။ ကြာတော့ ပြဿနာက ဒီထက်ကြီးထွားလာလို့ ပဋိပက္ခဖြစ်လာရင် မလိုလားတာတွေ ဆက်ဖြစ်မှာ စိုးတယ်။ ဒီလိုတွေ ဖြစ်မလာသေးခင် တာဝန်ရှိသူတွေအနေနဲ့ အချိန်မှီထိန်းသိမ်းပေးဖို့ တောင်းဆိုပါတယ်" လို့ ပြောပါတယ်။ အခုလိုလမ်းဖျက်ခြင်းဟာ နှစ်ကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် လမ်းဖျက်ဆီးရာမှာ ခင်ဦးမြို့နယ်တရားရုံးမှ အဆိုပါတောင်သူနှစ်ဦးကို ဒဏ်ငွေ ၃ သောင်းချမှတ်ခဲ့တယ်လို့ သိရပါတယ်။ အခုတကြိမ် လမ်းဖျက်ဆီးပြီးနောက်ပိုင်း ကျေးရွာသူကျေးရွာသားများက ပြန်လည်မြေဖို့ခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့ကလည်း နှစ်ဦးနှစ်ဘက် ပဋိပက္ခ မကြီးထွားစေဖို့ လာရောက်ထိန်းသိမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အခုလိုလမ်းမြေနှင့် လယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်း အားအခြေအနေပို မိုဆိုးဝါးမလာခင်မှာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် တိုင်းအစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာ အဆင့်ဆင့်က အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်း သက်ပေးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောပါတယ်။ "ဒီလမ်းကို အသုံးပြုနေတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်လောက်ကတည်းက အသုံးပြုခဲ့ကြတာ။ ဒါတိုင်းအစိုးရရဲ့ ဘတ်ဂျက်ငွေနဲ့ ရွာသူရွာသားတွေပူးပေါင်းပြီး မွန်းမံဖောက်လုပ်ခဲ့ကြတယ်။ အဲ့ဒီတုန်းက ဘာမှမဖြစ်သေးဘူး။ အခုမှ ပြဿနာအကြီးကျယ် လာတက်တယ်။ ကျနော်ကတော့ အုပ်စုအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ တည်ငြိမ်ရေးချမ်းရေးအတွက် လိုလားပါတယ်။ ဒါ့ကြောင့် တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒီကိစ္စကို ပြေလည်မှုရှိစေဖို့ အမြန်ဆုံးဖြေရှင်းပေးဖို့ မျှော်လင့်ပါတယ်။" အခုလိုလမ်းဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့က လယ်မြေအငြင်းပွား တောင်သူနှစ်ကို အများပြည်သူပိုင် လမ်းဖျက်ဆီးမှု ပုဒ်မ (၄၃၁)ဖ နဲ့ မှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ လမ်းမြနဲ့ လယ်မြေ အငြင်းပွားခြင်းကိစ္စနဲ့ပတ်သက်ပြီး ခင်ဦးမြို့နယ်အုပ်ချုပ်ရေးမှုးထံ သွားရောက်မေးမြန်းခဲ့ပေမယ့်ဖြေကြားဖို့ငြင်းဆိုခဲ့ပါတယ်။ ရန်နိုင်စိုး
Zawgyi Version ခင္ဦးၿမိဳ႕နယ္ လမ္းေျမႏွင့္လယ္ေျမ အျငင္းပြားမႈ ရဲတပ္ဖြဲ႕ ဝင္ေရာက္ထိန္းသိမ္းခဲ့ရ DVB စစ္ကိုင္းတိုင္း၊ ေ႐ႊဘိုခ႐ိုင္၊ ခင္ဦးၿမိဳ႕နယ္ သက္ေပးအုပ္စုမွာ လမ္းေျမနဲ႔ လယ္ေျမ နဲ႔ပတ္သက္ၿပီး ႏွစ္ဖက္ အျငင္းပြားမႈျဖစ္ပြားခဲ့လို႔ ရဲတပ္ဖြဲ႕က ဝင္ေရာက္ထိန္းသိမ္းေပးခဲ့ရတယ္လို႔ သိရပါတယ္။ ခင္ဦးၿမိဳ႕နယ္ သက္ေပးအုပ္စုအတြင္းရွိ ေက်း႐ြာ ခ်င္းဆက္ ကုန္ထုတ္လမ္းအားတိုင္း ေဒသႀကီးအစိုးရမွ လမ္းေျမအျဖစ္ ေျပာင္းလဲဖို႔ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလက အစည္းေဝးဆုံးျဖတ္ခ်က္အရ သတ္မွတ္ခ်ထားေပးျခင္းအေပၚ မူလပိုင္ရွင္ ေတာင္သူႏွစ္ဦးက လက္သင့္မခံဘဲ ႐ြာလမ္းအား ဖ်က္ဆီးခဲ့တာေၾကာင့္ ေက်း႐ြာသူ/ေက်း႐ြာသားေတြနဲ႔ ၾသဂုတ္ ၈ က ထိပ္တိုက္ေတြ႕ၿပီး ပဋိပကၡအသြင္ေဆာင္လာလို႔ ရဲတပ္ဖြဲ႕က လာေရာက္တားဆီးခဲ့တာပါ။ အဆိုပါလမ္းဟာ လြန္ခဲ့တဲ့ ၂၅ ႏွစ္ေလာက္က အသုံးျပဳေနတာျဖစ္ေပမယ့္ မူလေျမပိုင္ရွင္ေတာင္သူႏွစ္ဦးက သူတို႔မွာ ပုံစံ (၇) ရွိၿပီး ႏိုင္ငံေတာ္က တရားဝင္လုပ္စားပိုင္ခြင့္ ေပးထားတာျဖစ္တဲ့အတြက္ လမ္းေျမအျဖစ္ ေျပာင္းလဲမေပးလိုတာလို႔ သိရပါတယ္။ မူလေျမပိုင္ရွင္တဦးျဖစ္တဲ့ သက္ေပး႐ြာေန ေတာင္သူ ဦးျမင့္ၾကည္က ‌ေက်ေနာ္တို႔ လက္ထဲမွာ ပုံစံ ၇ ေတြ ရွိပါတယ္။ ႏိုင္ငံေတာ္က က်ေနာ္တို႔ကို လုပ္စားပိုင္ခြင့္ကို တရားဝင္ေပးထားတာပါ။ ပိုင္ဆိုင္တာမွ ဒါေလးတကြက္ရွိတာ။ ဒါမွ ေပးလိုက္ရင္ ဘာသြားလုပ္စားမလဲ။ ဒါေၾကာင့္ လမ္းေျမအျဖစ္ ေျပာင္းလဲေပးဖို႔ရာေတာ့ ဘယ္နည္းနဲ႔မွ မျဖစ္ပါဘူး" လို႔ ေျပာပါတယ္။ သက္ေပးေက်း႐ြာေန ဦးဝင္းစန္းက " ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကလည္း လာဖ်က္တယ္။ ဒါနဲ႔ဆို ၂ ႀကိမ္ရွိၿပီ။ ဒါ တိုင္းအစိုးရရဲ႕ ဘတ္ဂ်က္နဲ႔ ျပဳလုပ္တဲ့ လမ္းပါ။ ဒီလမ္းက ႐ြာသုံး႐ြာကို ခ်ိတ္ဆက္ၿပီး ေဖာက္ထားတဲ့ လမ္းပါ။ စီးပြားေရးလုပ္လည္း ဒီလမ္းကို အသုံးျပဳရတယ္။ ႐ြာက ကေလးေတြလည္း ဒီလမ္းကေန ေက်ာင္းသြားလာရတာ။ က်ေနာ္တို႔ ႐ြာသူ႐ြာသားအားလုံးအေနနဲ႔ကေတာ့ လမ္းကို သူတို႔ ဘယ္ေလာက္လာဖ်က္ဖ်က္ အမ်ားျပည္သူပိုင္လမ္းကို ျပန္ဖို႔မွာပဲ။ ၾကာေတာ့ ျပႆနာက ဒီထက္ႀကီးထြားလာလို႔ ပဋိပကၡျဖစ္လာရင္ မလိုလားတာေတြ ဆက္ျဖစ္မွာ စိုးတယ္။ ဒီလိုေတြ ျဖစ္မလာေသးခင္ တာဝန္ရွိသူေတြအေနနဲ႔ အခ်ိန္မွီထိန္းသိမ္းေပးဖို႔ ေတာင္းဆိုပါတယ္" လို႔ ေျပာပါတယ္။ အခုလိုလမ္းဖ်က္ျခင္းဟာ ႏွစ္ႀကိမ္ေျမာက္ျဖစ္ၿပီး ပထမအႀကိမ္ လမ္းဖ်က္ဆီးရာမွာ ခင္ဦးၿမိဳ႕နယ္တရား႐ုံးမွ အဆိုပါေတာင္သူႏွစ္ဦးကို ဒဏ္ေငြ ၃ ေသာင္းခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။ အခုတႀကိမ္ လမ္းဖ်က္ဆီးၿပီးေနာက္ပိုင္း ေက်း႐ြာသူေက်း႐ြာသားမ်ားက ျပန္လည္ေျမဖို႔ခဲ့ၾကၿပီး ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကလည္း ႏွစ္ဦးႏွစ္ဘက္ ပဋိပကၡ မႀကီးထြားေစဖို႔ လာေရာက္ထိန္းသိမ္းမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ အခုလိုလမ္းေျမႏွင့္ လယ္ေျမပိုင္ဆိုင္မႈ အျငင္းပြားျခင္း အားအေျခအေနပို မိုဆိုးဝါးမလာခင္မွာ ရပ္႐ြာတည္ၿငိမ္ေအးခ်မ္းေရးအတြက္ တိုင္းအစိုးရအဖြဲ႕ႏွင့္ဌာနဆိုင္ရာ အဆင့္ဆင့္က အျမန္ဆုံးေျဖရွင္းေဆာင္႐ြက္ေပးေစလိုေၾကာင္း သက္ေပးအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းႏိုင္က ေျပာပါတယ္။ "ဒီလမ္းကို အသုံးျပဳေနတာက လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၅ ႏွစ္ေလာက္ကတည္းက အသုံးျပဳခဲ့ၾကတာ။ ဒါတိုင္းအစိုးရရဲ႕ ဘတ္ဂ်က္ေငြနဲ႔ ႐ြာသူ႐ြာသားေတြပူးေပါင္းၿပီး မြန္းမံေဖာက္လုပ္ခဲ့ၾကတယ္။ အဲ့ဒီတုန္းက ဘာမွမျဖစ္ေသးဘူး။ အခုမွ ျပႆနာအႀကီးက်ယ္ လာတက္တယ္။ က်ေနာ္ကေတာ့ အုပ္စုအုပ္ခ်ဳပ္ေရးမႉးတေယာက္အေနနဲ႔ တည္ၿငိမ္ေရးခ်မ္းေရးအတြက္ လိုလားပါတယ္။ ဒါ့ေၾကာင့္ တိုင္းေဒသႀကီးအစိုးရအေနနဲ႔ ဒီကိစၥကို ေျပလည္မႈရွိေစဖို႔ အျမန္ဆုံးေျဖရွင္းေပးဖို႔ ေမွ်ာ္လင့္ပါတယ္။" အခုလိုလမ္းဖ်က္ဆီးမႈနဲ႔ ပတ္သက္ၿပီး ခင္ဦးၿမိဳ႕နယ္ရဲတပ္ဖြဲ႕က လယ္ေျမအျငင္းပြား ေတာင္သူႏွစ္ကို အမ်ားျပည္သူပိုင္ လမ္းဖ်က္ဆီးမႈ ပုဒ္မ (၄၃၁)ဖ နဲ႔ မႈဖြင့္အေရးယူထားေၾကာင္း သိရပါတယ္။ လမ္းျမနဲ႔ လယ္ေျမ အျငင္းပြားျခင္းကိစၥနဲ႔ပတ္သက္ၿပီး ခင္ဦးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈးထံ သြားေရာက္ေမးျမန္းခဲ့ေပမယ့္ေျဖၾကားဖို႔ျငင္းဆိုခဲ့ပါတယ္။ ရန္ႏိုင္စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024