ကာဂျစ္စတန် သမ္မတဟောင်း အေတမ်ဘေယက်ဗ် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လက်နက်ချအညံ့ခံ

912
ကာဂျစ္စတန် သမ္မတဟောင်း အယ်လ်မာဇဘတ်ခ် အေတမ်ဘေယက်ဗ်ဟာ သြဂုတ် ၈ ရက်နေ့က မြို့တော် ဘစ်ရှ်ကခ်အပြင်ဘက်က သူ့ရဲ့နေအိမ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံ လက်နက်ချ အညံ့ခံလိုက်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သမ္မတဟောင်းရဲ့ နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးမှုအတွင်း သူ့ကို ထောက်ခံသူတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် ကွန်မန်ဒို အထူးတပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့ပြီး ဒုတိယမြောက်နေ့မှာမှ အခုလို လက်လျှော့ အရှုံးပေးလိုက်တာပါ။
သမ္မတဟောင်း အယ်လ်မာဇဘတ်ခ် အေတမ်ဘေယက်ဗ်ရဲ့ နေအိမ်ကနေ လုံခြုံရေးတပ်ဖွဲ့ရဲ့ ကားတွေ မောင်းထွက်သွားပြီး သူတို့ဟာ ပြည်ထဲရေးဝန်ကြီးဌာနဆီ သွားနေတာလို့ သမ္မတဟောင်းရဲ့ လက်ထောက်တယောက်က ပြောပါတယ်။
သမ္မတဟောင်းကို အရင်က စုံစမ်းစစ်ဆေးမှုတခုမှာ မျက်မြင်သက်သေအနေနဲ့ စစ်ဆေးမေးမြန်းဖို့ အလိုရှိခဲ့ပေမယ့် အခုချိန်မှာတော့ ရာဇဝတ်သားတယောက် အနေနဲ့ အလိုရှိတယ်လို့ လက်ရှိသမ္မတ ဆာရွန်ဘိုင် ဂျန်းဘီကိုဗ်က ပြောပါတယ်။
လက်ရှိသမ္မတနဲ့ သမ္မတဟောင်းအကြား ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် ကာဂျစ္စတန်နိုင်ငံတွင်း မတည်ငြိမ်မှု အန္တရာယ်တွေ ဖြစ်လာနိုင်ပါတယ်။
သမ္မတဟောင်း အယ်လ်မာဇဘတ်ခ် အေတမ်ဘေယက်ဗ်ဟာ ၂၀၁၇ ခုနှစ်မှာ လက်ရှိသမ္မတ ဆာရွန်ဘိုင် ဂျန်းဘီကိုဗ်ကို အာဏာရအောင် ကူညီပေးခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့နှစ်ယောက်အကြား ဆက်ဆံရေး ယိုယွင်းလာခဲ့ပါတယ်။
သမ္မတဟောင်း အယ်လ်မာဇဘတ်ခ် အေတမ်ဘေယက်ဗ်က သူ့အပေါ် စွပ်စွဲထားတဲ့ အကျင့်ပျက်ခြစားမှု စွဲချက်တွေက နိုင်ငံရေးအရ လှုံ့ဆော်မှု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Zawgyi Version ကာဂ်စၥတန္ သမၼတေဟာင္း ေအတမ္ေဘယက္ဗ္ လုံျခဳံေရးတပ္ဖြဲ႔ဝင္မ်ားထံ လက္နက္ခ်အညံ့ခံ DVB ကာဂ်စၥတန္ သမၼတေဟာင္း အယ္လ္မာဇဘတ္ခ္ ေအတမ္ေဘယက္ဗ္ဟာ ၾသဂုတ္ ၈ ရက္ေန႔က ၿမိဳ႕ေတာ္ ဘစ္ရွ္ကခ္အျပင္ဘက္က သူ႔ရဲ႕ေနအိမ္မွာ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြထံ လက္နက္ခ် အညံ့ခံလိုက္ပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြက သမၼတေဟာင္းရဲ႕ ေနအိမ္ထဲ ဝင္ေရာက္ဖမ္းဆီးမႈအတြင္း သူ႔ကို ေထာက္ခံသူေတြနဲ႔ ပဋိပကၡေတြ ျဖစ္ပြားခဲ့တာေၾကာင့္ ကြန္မန္ဒို အထူးတပ္ဖြဲ႔ဝင္တေယာက္ ေသဆုံးခဲ့ၿပီး ဒုတိယေျမာက္ေန႔မွာမွ အခုလို လက္ေလွ်ာ့ အ႐ႈံးေပးလိုက္တာပါ။ သမၼတေဟာင္း အယ္လ္မာဇဘတ္ခ္ ေအတမ္ေဘယက္ဗ္ရဲ႕ ေနအိမ္ကေန လုံၿခဳံေရးတပ္ဖြဲ႔ရဲ႕ ကားေတြ ေမာင္းထြက္သြားၿပီး သူတို႔ဟာ ျပည္ထဲေရးဝန္ႀကီးဌာနဆီ သြားေနတာလို႔ သမၼတေဟာင္းရဲ႕ လက္ေထာက္တေယာက္က ေျပာပါတယ္။ သမၼတေဟာင္းကို အရင္က စုံစမ္းစစ္ေဆးမႈတခုမွာ မ်က္ျမင္သက္ေသအေနနဲ႔ စစ္ေဆးေမးျမန္းဖို႔ အလိုရွိခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ ရာဇဝတ္သားတေယာက္ အေနနဲ႔ အလိုရွိတယ္လို႔ လက္ရွိသမၼတ ဆာရြန္ဘိုင္ ဂ်န္းဘီကိုဗ္က ေျပာပါတယ္။ လက္ရွိသမၼတနဲ႔ သမၼတေဟာင္းအၾကား ထိပ္တိုက္ေတြ႔ဆုံမႈေတြေၾကာင့္ ကာဂ်စၥတန္ႏိုင္ငံတြင္း မတည္ၿငိမ္မႈ အႏၲရာယ္ေတြ ျဖစ္လာႏိုင္ပါတယ္။ သမၼတေဟာင္း အယ္လ္မာဇဘတ္ခ္ ေအတမ္ေဘယက္ဗ္ဟာ ၂၀၁၇ ခုႏွစ္မွာ လက္ရွိသမၼတ ဆာရြန္ဘိုင္ ဂ်န္းဘီကိုဗ္ကို အာဏာရေအာင္ ကူညီေပးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ သူတို႔ႏွစ္ေယာက္အၾကား ဆက္ဆံေရး ယိုယြင္းလာခဲ့ပါတယ္။ သမၼတေဟာင္း အယ္လ္မာဇဘတ္ခ္ ေအတမ္ေဘယက္ဗ္က သူ႔အေပၚ စြပ္စြဲထားတဲ့ အက်င့္ပ်က္ျခစားမႈ စြဲခ်က္ေတြက ႏိုင္ငံေရးအရ လႈံ႔ေဆာ္မႈ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။