အီးယူမှ နုတ်ထွက်မည့်အဆုံးအဖြတ် လွှတ်တော်အမတ်များ ထောက်ခံရန် ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လွှတ်တော်အမတ်တွေအနေနဲ့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်နိုင်ငံ တရားဝင်နုတ်ထွက်မယ့် အဆုံးအဖြတ်ကို ထောက်ခံကြဖို့ သြဂုတ် ၈ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
“လွှတ်တော်အမတ်တွေအနေနဲ့ ဗြိတိန်ပြည်သူတွေကို ထပ်တလဲလဲ ကတိပြုထားတဲ့အတိုင်း လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် သူတို့အနေနဲ့ ၂၀၁၆ လူထုသဘောထားခံယူပွဲ ရလဒ်အတိုင်း အောက်တိုဘာ ၃၁ ရက်နေ့မှာ အီးယူကနေ နုတ်ထွက်ဖို့ ထောက်ခံသင့်တယ်” လို့ ဘောရစ်ဂျွန်ဆင်က သတင်းထောက်တွေကို ပြောပါတယ်။
အီးယူကနေ ဗြိတိန်နုတ်ထွက်ရေး ညှှိနှိုင်းမှု သဘောတူညီချက် မရခဲ့ရင် အောက်တိုဘာ ၃၁ ရက်နေ့မှာ သဘောတူညီချက်မယူဘဲ ဒီအတိုင်း နုတ်ထွက်သွားမယ်လို့ ဘောရစ် ဂျွန်ဆင်က အီးယူကို အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။
Zawgyi Version
အီးယူမွ ႏုတ္ထြက္မည့္အဆုံးအျဖတ္ လႊတ္ေတာ္အမတ္မ်ား ေထာက္ခံရန္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ တိုက္တြန္း
DVB
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က လႊတ္ေတာ္အမတ္ေတြအေနနဲ႔ ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ ဥေရာပသမဂၢ (အီးယူ) ကေန ၿဗိတိန္ႏိုင္ငံ တရားဝင္ႏုတ္ထြက္မယ့္ အဆုံးအျဖတ္ကို ေထာက္ခံၾကဖို႔ ၾသဂုတ္ ၈ ရက္ေန႔မွာ တိုက္တြန္းလိုက္ပါတယ္။
“လႊတ္ေတာ္အမတ္ေတြအေနနဲ႔ ၿဗိတိန္ျပည္သူေတြကို ထပ္တလဲလဲ ကတိျပဳထားတဲ့အတိုင္း လုပ္သင့္တယ္လို႔ ထင္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔အေနနဲ႔ ၂၀၁၆ လူထုသေဘာထားခံယူပြဲ ရလဒ္အတိုင္း ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ အီးယူကေန ႏုတ္ထြက္ဖို႔ ေထာက္ခံသင့္တယ္” လို႔ ေဘာရစ္ဂြၽန္ဆင္က သတင္းေထာက္ေတြကို ေျပာပါတယ္။
အီးယူကေန ၿဗိတိန္ႏုတ္ထြက္ေရး ညႇႇိႏႈိင္းမႈ သေဘာတူညီခ်က္ မရခဲ့ရင္ ေအာက္တိုဘာ ၃၁ ရက္ေန႔မွာ သေဘာတူညီခ်က္မယူဘဲ ဒီအတိုင္း ႏုတ္ထြက္သြားမယ္လို႔ ေဘာရစ္ ဂြၽန္ဆင္က အီးယူကို အႀကိမ္ႀကိမ္ သတိေပးခဲ့ပါတယ္။