Home
မြန်မာသတင်း
ကလေးသူငယ်နှင့်အမျိုးသမီးများ အကြမ်းဖက်ခံရမှု ပြည်သူပိုမိုသိရှိစေရန် အသိပညာပေး
DVB
·
August 9, 2019
ကလေးသူငယ်နှင့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ပိုမို သိရှိနားလည်လာစေဖို့ ရည်ရွယ်ပြီး ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးနေမှုများဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး (ညွှန်ကြားရေးမှူး) ဒေါ်ရင်ရင်ပြုံးက “ကျမတို့မှာ ဖြစ်ရပ်စီမံခန့်ခွဲမှု ရှိပါတယ်။ ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းတွေ ရှိပါတယ်။ အဲဒီဟာတွေကို ဖြစ်ရပ်စီမံခန့်ခွဲမှုနဲ့ ရပ်ရွာထဲမှာ ဘယ်လို ဘယ်သူတွေက လိုက်လုပ်ပေးနေလဲ ဆိုတာကို ကျမတို့ ဒီဆွေးနွေးပွဲမှာ ပြောပါတယ်။ နောက်ပြီးတော့ အမျိုးသမီး စောင့်ရှောက်မှုပတ်သက်လို့ရှိရင် သက်ငယ်မုဒိမ်းမှု ကင်းစင်အောင်၊ ကျား/မ အသိပညာပေးတွေ၊ အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းတွေ၊ နောက်ပြီးတော့ ရပ်ရွာထဲမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံတဲ့ စိတ်ဓာတ်လေးတွေပေါ့. ဆက်သွယ်ချင်ရင်တို့ အသိပညာသင်တန်းတွေ လိုချင်ရင်တို့ ဒီဆွေးနွေးပွဲမှာ အများကြီး ပြောဖြစ်ပါတယ်။ ဒါက ကျမတို့ တိုက်ရိုက်ဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ အခုလို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ပေးတာဟာ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခွင့်တွေကိုလည်း သိလာရသလို အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေကို ဘယ်လိုချိတ်ဆက် ကာကွယ်ဆောင်ရွက်နိုင်မယ် ဆိုတာကို သိလာရတယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံး ကျောက်ဖြူမြို့နယ်ဥက္ကဋ္ဌ ဒေါ်စောပုချေမှ အခုလို ပြောပါတယ်။ “အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကိုလည်း ကျမတို့ အမျိုးသမီးတွေကပဲ ပိုမိုစောင့်ရှောက်နေရတဲ့အတွက်ကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် အမျိုးသမီးတွေနဲ့ ပတ်သက်လာတဲ့ လုပ်ငန်းမှန်သမျှသည် ကောင်းတဲ့လမ်းကြောင်းတွေကို ရတယ်။ ပြီးတော့ ဘယ်လို ချိတ်ဆက်ရမယ် ဆိုတာကိုလည်း ကျမတို့ သိခွင့်ရတယ်။” လူငယ်အားမာန်အဖွဲ့မှ မမိုးမိုးအေးက “အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေ ဘယ်လိုမျိုး လျော့မလဲပေါ့။ အမျိုးသမီးတွေကို အကြမ်းဖက်ခံတဲ့အပေါ်မှာ ဌာနဆိုင်ရာရယ်၊ အမျိုးသမီးရေးရာရယ်ပေါ့နော်။ တခြားသော လူမှုအဖွဲ့အစည်းတွေကနေပြီးတော့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာတွေကိုလည်း သိခဲ့ရတာပေါ့။ နောက်တခုက ကလေးတွေနဲ့ ပတ်သက်ပြီးတော့ ၁၈ နှစ်အောက် ကလေးသူငယ်တွေကို စောင့်ရှောက်တဲ့အခါမှာ ဒီလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကနေပြီးတော့ ဒီကလေးတွေကို အလေးထားပြီးတော့ပေါ့။ ကာကွယ် စောင့်ရှောက်နေတဲ့ အကြောင်းတွေကိုလည်း သိခဲ့ရပါတယ်” လို့ ပြောပါတယ်။ အဆိုပါ လူထုတွေ့ဆုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်ရင်ရင်ပြုံး၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အစိုးရမူကြိုကျောင်းမှ တာဝန်ရှိသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအပါအ၀◌င် စိတ်ပါဝင်စားသူ စုစုပေါင်း ၆၀ ကျော် တက်ရောက်ခဲ့ကြပြီး လက်ရှိ အမျိုးသမီးများနှင့် ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုတွေ၊ ကြိုတင်ကာကွယ်စောင့်ရှောက်မှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းချိတ်ဆက် လုပ်ဆောင်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ သတင်း - နောင်နောင် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ကေလးသူငယ္ႏွင့္အမ်ိဳးသမီးမ်ား အၾကမ္းဖက္ခံရမႈ ျပည္သူပိုမိုသိရွိေစရန္ အသိပညာေပး DVB ကေလးသူငယ္ႏွင့္ အမ်ိဳးသမီးမ်ား အၾကမ္းဖက္ခံရမႈေတြနဲ႔ ပတ္သက္ၿပီး ပိုမို သိရွိနားလည္လာေစဖို႔ ရည္႐ြယ္ၿပီး ျပည္သူလူထုသို႔ တိုက္႐ိုက္ဝန္ေဆာင္မႈေပးေနမႈမ်ားဆိုင္ရာ အသိပညာေပး အလုပ္႐ုံေဆြးေႏြးပြဲကို ေက်ာက္ျဖဴခ႐ိုင္ လူမႈဝန္ထမ္းဦးစီးဌာနမွ ေက်ာက္ျဖဴၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ၾသဂုတ္လ ၈ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။ ျပည္နယ္လူမႈဝန္ထမ္းဦးစီးမႉး (ၫႊန္ၾကားေရးမႉး) ေဒၚရင္ရင္ၿပဳံးက “က်မတို႔မွာ ျဖစ္ရပ္စီမံခန႔္ခြဲမႈ ရွိပါတယ္။ ကေလးသူငယ္ ကာကြယ္ေစာင့္ေရွာက္မႈ လုပ္ငန္းေတြ ရွိပါတယ္။ အဲဒီဟာေတြကို ျဖစ္ရပ္စီမံခန႔္ခြဲမႈနဲ႔ ရပ္႐ြာထဲမွာ ဘယ္လို ဘယ္သူေတြက လိုက္လုပ္ေပးေနလဲ ဆိုတာကို က်မတို႔ ဒီေဆြးေႏြးပြဲမွာ ေျပာပါတယ္။ ေနာက္ၿပီးေတာ့ အမ်ိဳးသမီး ေစာင့္ေရွာက္မႈပတ္သက္လို႔ရွိရင္ သက္ငယ္မုဒိမ္းမႈ ကင္းစင္ေအာင္၊ က်ား/မ အသိပညာေပးေတြ၊ အမ်ိဳးသမီးစြမ္းေဆာင္ရည္ ျမႇင့္တင္ေရးသင္တန္းေတြ၊ ေနာက္ၿပီးေတာ့ ရပ္႐ြာထဲမွာ အၾကမ္းဖက္ခံရတဲ့ အမ်ိဳးသမီးေတြရဲ႕ လုံၿခဳံတဲ့ စိတ္ဓာတ္ေလးေတြေပါ့. ဆက္သြယ္ခ်င္ရင္တို႔ အသိပညာသင္တန္းေတြ လိုခ်င္ရင္တို႔ ဒီေဆြးေႏြးပြဲမွာ အမ်ားႀကီး ေျပာျဖစ္ပါတယ္။ ဒါက က်မတို႔ တိုက္႐ိုက္ေဆာင္႐ြက္ေပးေနတဲ့ ဝန္ေဆာင္မႈလုပ္ငန္းေတြ ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။ အခုလို အလုပ္႐ုံေဆြးေႏြးပြဲ ျပဳလုပ္ေပးတာဟာ ေကာင္းမြန္တဲ့လုပ္ရပ္ျဖစ္ၿပီး အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြအေနနဲ႔ အခုလို ပူးေပါင္းေဆာင္႐ြက္ခြင့္ေတြကိုလည္း သိလာရသလို အမ်ိဳးသမီးေတြ အၾကမ္းဖက္ခံရတာေတြကို ဘယ္လိုခ်ိတ္ဆက္ ကာကြယ္ေဆာင္႐ြက္ႏိုင္မယ္ ဆိုတာကို သိလာရတယ္လို႔ ရခိုင္အမ်ိဳးသမီးမ်ား အစည္းအ႐ုံး ေက်ာက္ျဖဴၿမိဳ႕နယ္ဥကၠ႒ ေဒၚေစာပုေခ်မွ အခုလို ေျပာပါတယ္။ “အမ်ိဳးသမီးေတြနဲ႔ ကေလးသူငယ္ေတြကိုလည္း က်မတို႔ အမ်ိဳးသမီးေတြကပဲ ပိုမိုေစာင့္ေရွာက္ေနရတဲ့အတြက္ေၾကာင့္မို႔လို႔ ဘာပဲျဖစ္ျဖစ္ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္လာတဲ့ လုပ္ငန္းမွန္သမွ်သည္ ေကာင္းတဲ့လမ္းေၾကာင္းေတြကို ရတယ္။ ၿပီးေတာ့ ဘယ္လို ခ်ိတ္ဆက္ရမယ္ ဆိုတာကိုလည္း က်မတို႔ သိခြင့္ရတယ္။” လူငယ္အားမာန္အဖြဲ႕မွ မမိုးမိုးေအးက “အမ်ိဳးသမီးေတြကို အၾကမ္းဖက္မႈေတြ ဘယ္လိုမ်ိဳး ေလ်ာ့မလဲေပါ့။ အမ်ိဳးသမီးေတြကို အၾကမ္းဖက္ခံတဲ့အေပၚမွာ ဌာနဆိုင္ရာရယ္၊ အမ်ိဳးသမီးေရးရာရယ္ေပါ့ေနာ္။ တျခားေသာ လူမႈအဖြဲ႕အစည္းေတြကေနၿပီးေတာ့ ပူးေပါင္းၿပီးေတာ့ လုပ္ေဆာင္ေနတာေတြကိုလည္း သိခဲ့ရတာေပါ့။ ေနာက္တခုက ကေလးေတြနဲ႔ ပတ္သက္ၿပီးေတာ့ ၁၈ ႏွစ္ေအာက္ ကေလးသူငယ္ေတြကို ေစာင့္ေရွာက္တဲ့အခါမွာ ဒီလူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးကေနၿပီးေတာ့ ဒီကေလးေတြကို အေလးထားၿပီးေတာ့ေပါ့။ ကာကြယ္ ေစာင့္ေရွာက္ေနတဲ့ အေၾကာင္းေတြကိုလည္း သိခဲ့ရပါတယ္” လို႔ ေျပာပါတယ္။ အဆိုပါ လူထုေတြ႕ဆုံေဆြးေႏြးပြဲကို ရခိုင္ျပည္နယ္ လူမႈဝန္ထမ္းဦးစီးဌာနမွ ျပည္နယ္ဦးစီးမႉး ေဒၚရင္ရင္ၿပဳံး၊ ေက်ာက္ျဖဴခ႐ိုင္ လူမႈဝန္ထမ္းဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ အစိုးရမူႀကိဳေက်ာင္းမွ တာဝန္ရွိသူေတြ၊ အရပ္ဘက္ လူမႈအဖြဲ႕အစည္းေတြအပါအ၀◌င္ စိတ္ပါဝင္စားသူ စုစုေပါင္း ၆၀ ေက်ာ္ တက္ေရာက္ခဲ့ၾကၿပီး လက္ရွိ အမ်ိဳးသမီးမ်ားႏွင့္ ကေလးသူငယ္ေတြ အၾကမ္းဖက္ခံရမႈေတြ၊ ႀကိဳတင္ကာကြယ္ေစာင့္ေရွာက္မႈေတြနဲ႔ ပတ္သက္ၿပီး ပူးေပါင္းခ်ိတ္ဆက္ လုပ္ေဆာင္ႏိုင္ဖို႔ ေဆြးေႏြးခဲ့ၾကပါတယ္။ သတင္း - ေနာင္ေနာင္ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024