A d v e r t i s e m e n t With Us
မန်စီးတီးအသင်းနှင့် ဆုဖလားများ ရယူချင်ဟု နောက်ခံလူသစ် ကန်ဆယ်လို ပြော
ဓာတ်ပုံ - Manchester City FC
မန်စီးတီးအသင်းနဲ့အတူ ဆုဖလားတွေ ရယူသွားချင်တယ်လို့ နောက်ခံကစားသမားသစ် ကန်ဆယ်လိုက ပြောကြားလိုက်ပါတယ်။ ပေါ်တူဂီလက်ရွေးစင် ကန်ဆယ်လိုဟာ ဂျူဗင်တပ်အသင်းကနေ ပေါင် ၂၆ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။ ကန်ဆယ်လိုအတွက် ပေါင် ၂၆ သန်းအပြင် နောက်ခံလူ ဒန်နီလိုကိုလည်း မန်စီးတီးအသင်းက အလိုက်ပေးခဲ့ရတာကြောင့် ပေါင်သန်း ၆၀ အထိ ကုန်ကျခဲ့ရပါတယ်။ မန်စီးတီးအသင်းဟာ နှစ်သက်စရာကောင်းတဲ့ ကလပ်ဖြစ်ပြီး နည်းပြကောင်းလည်း ရှိတဲ့အတွက် အသင်းပြောင်းရွှေ့ခွင့် ရတဲ့အပေါ် ကျေနပ်မိတယ်လို့ ကန်ဆယ်လိုက ပြောပါတယ်။ ဆက်လက်ပြီး မန်စီးတီးအသင်းနဲ့အတူ ခြေစွမ်းတိုးတက်လာဖို့နဲ့ ဆုဖလားတွေ ရယူနိုင်မယ်လို့ ယုံကြည်ပြီး ပရီးမီးယားလိဂ်မှာလည်း ကစားနိုင်တယ်ဆိုတာ အစမ်းသပ်ခံသွားမယ်လို့လည်း ကန်ဆယ်လိုက ဆိုပါတယ်။ အသက် ၂၅ နှစ်ရှိ ကန်ဆယ်လိုဟာ ညာနောက်ခံကစားသမားဖြစ်လို့ ဝေါ်လ်ကာနဲ့ နေရာအပြိုင် လုရနိုင်ပေမယ့်လည်း ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်တယ်လို့ သိရပါတယ်။
A d v e r t i s e m e n t With Us
More News
Up