A d v e r t i s e m e n t With Us

ဟောင်ကောင်သို့ ခရီးမသွားရန် အမေရိကန်နှင့် သြစတြေးလျ သတိပေး

ဓာတ်ပုံ - Miguel Candela/EPA via Shutterstock
အမေရိကန်နဲ့ သြစတြေးလျ အစိုးရတွေက သူတို့နိုင်ငံသားတွေ ဟောင်ကောင်ကို ခရီးမသွားဖို့ သတိပေးထားကြပါတယ်။ တရုတ်ပြည်မကြီးက သံသယရှိသူတွေကို ပြည်မကြီးမှာ တရားစီရင်နိုင်ဖို့ ဟောင်ကောင်ကနေ ပြည်မကြီးဆီကို လွှဲပေးခွင့်ပြုမယ့် ဥပဒေမူကြမ်းကို ဟောင်ကောင်သားတွေ ဒေါသထွက်ခဲ့ကြပြီး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြနေကြတာ ၂ လကျော်လာပြီး ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး နိုင်ငံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ အခုလည်း ဆန္ဒပြသူတွေဟာ လေဆိပ်မှာ ၃ ရက်ကြာ ဆန္ဒပြပွဲပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဟောင်ကောင် ရဲတပ်ဖွဲ့က နိုင်ငံတကာလေဆိပ်မှာ ဆန္ဒပြပွဲတွေ မပြုလုပ်ခင် တရားဥပဒေကို လေးစားလိုက်နာဖို့ သြဂုတ် ၈ ရက်နေ့က မေတ္တာရပ်ခံလိုက်ပါတယ်။ လေဆိပ်မှာ ဆန္ဒပြသူတွေ စုဝေးခွင့် တောင်းခံတဲ့ လျှောက်ထားချက်ကိုလည်း လက်ခံမရရှိသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သြဂုတ် ၇ ရက်ညက ဆင်းမ်ရှဆွေခရိုင်မှာ ဆန္ဒပြအမျိုးသမီး ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲတွေ စတင်တဲ့ ဇွန်လကတည်းက ဖမ်းဆီးခံရသူ စုစုပေါင်း ၆၀၀ နီးပါးရှိပြီး အဲဒီထဲမှာ အသက်အငယ်ဆုံးက ၁၃ နှစ်အရွယ် ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
Zawgyi Version ေဟာင္ေကာင္သို႔ ခရီးမသြားရန္ အေမရိကန္ႏွင့္ ၾသစေၾတးလ် သတိေပး DVB အေမရိကန္နဲ႔ ၾသစေၾတးလ် အစိုးရေတြက သူတို႔ႏိုင္ငံသားေတြ ေဟာင္ေကာင္ကို ခရီးမသြားဖို႔ သတိေပးထားၾကပါတယ္။ တ႐ုတ္ျပည္မႀကီးက သံသယရွိသူေတြကို ျပည္မႀကီးမွာ တရားစီရင္ႏုိင္ဖို႔ ေဟာင္ေကာင္ကေန ျပည္မႀကီးဆီကို လႊဲေပးခြင့္ျပဳမယ့္ ဥပေဒမူၾကမ္းကို ေဟာင္ေကာင္သားေတြ ေဒါသထြက္ခဲ့ၾကၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ဆႏၵျပေနၾကတာ ၂ လေက်ာ္လာၿပီး ဆယ္စုႏွစ္ေတြအတြင္း အဆိုးဆုံး ႏိုင္ငံေရး အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရတာပါ။ အခုလည္း ဆႏၵျပသူေတြဟာ ေလဆိပ္မွာ ၃ ရက္ၾကာ ဆႏၵျပပြဲျပဳလုပ္ဖို႔ စီစဥ္ထားပါတယ္။ ေဟာင္ေကာင္ ရဲတပ္ဖြဲ႔က ႏိုင္ငံတကာေလဆိပ္မွာ ဆႏၵျပပြဲေတြ မျပဳလုပ္ခင္ တရားဥပေဒကို ေလးစားလိုက္နာဖို႔ ၾသဂုတ္ ၈ ရက္ေန႔က ေမတၱာရပ္ခံလိုက္ပါတယ္။ ေလဆိပ္မွာ ဆႏၵျပသူေတြ စုေဝးခြင့္ ေတာင္းခံတဲ့ ေလွ်ာက္ထားခ်က္ကိုလည္း လက္ခံမရရွိေသးဘူးလို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။ ၾသဂုတ္ ၇ ရက္ညက ဆင္းမ္ရွေဆြခ႐ိုင္မွာ ဆႏၵျပအမ်ိဳးသမီး ၃ ေယာက္ကို ဖမ္းဆီးခဲ့တယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။ ဒါေၾကာင့္ ဆႏၵျပပြဲေတြ စတင္တဲ့ ဇြန္လကတည္းက ဖမ္းဆီးခံရသူ စုစုေပါင္း ၆၀၀ နီးပါးရွိၿပီး အဲဒီထဲမွာ အသက္အငယ္ဆုံးက ၁၃ ႏွစ္အ႐ြယ္ ျဖစ္တယ္လို႔ ႐ိုက္တာသတင္းအရ သိရပါတယ္။

A d v e r t i s e m e n t With Us

More News
Up