A d v e r t i s e m e n t With Us

ကင်ညာလွှတ်တော်သို့ ကလေးခေါ်လာသည့် အမျိုးသမီးလွှတ်တော်အမတ် မောင်းထုတ်ခံရ

ကင်ညာလွှတ်တော်မှာ သြဂုတ် ၇ ရက်က လွှတ်တော်အစည်းအဝေးခန်းထဲကို ကလေးခေါ်လာတဲ့ အမျိုးသမီး လွှတ်တော်အမတ်တဦး အပြင်ကို မောင်းထုတ်ခံခဲ့ရပါတယ်။ လွှတ်တော်အဆောက်အအုံဆိုင်ရာ စည်းမျဉ်းအရ အစည်းအဝေးခန်းမထဲကို ပြင်ပလူ ဝင်ခွင့်မရှိတာကြောင့် လွှတ်တော်ဥက္ကဋ္ဌ ခရစ္စတိုဖာအိုမူလဲ့လေက ကလေးခေါ်လာတဲ့ လွှတ်တော်အမတ် ဇူလေကာဟာဆန်ကို အပြင်ထွက်ဖို့ ညွှန်ကြားနေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဟာဆန်က သူ့အနေနဲ့ အရေးပေါ် အခြေအနေကြောင့် ကလေးခေါ်လာရတာဖြစ်ပြီး လွှတ်တော်အဆောက်အအုံမှာ အခန်းတခုရှိရင် ကလေးကို အဲဒီမှာ ထားခဲ့နိုင်မယ်လို့ ပြောပါတယ်။ နောက်ဆုံးမှာ လုံခြုံရေးဝန်ထမ်းတွေနဲ့အတူ ဟာဆန် အစည်းအဝေးခန်းမက ထွက်သွားချိန်မှာတော့   တခြား အမျိုးသမီး လွှတ်တော်အမတ် အများအပြားဟာလည်း အစည်းအဝေးကို သပိတ်မှောက်ပြီး ဟာဆန်နဲ့အတူ ခန်းမထဲက ထွက်သွားခဲ့ကြပါတယ်။
ကင္ညာလႊတ္ေတာ္သို႔ ကေလးေခၚလာသည့္ အမ်ိဳးသမီးလႊတ္ေတာ္အမတ္ ေမာင္းထုတ္ခံရ DVB ကင္ညာလႊတ္ေတာ္မွာ ၾသဂုတ္ ၇ ရက္က လႊတ္ေတာ္အစည္းအေဝးခန္းထဲကို ကေလးေခၚလာတဲ့ အမ်ိဳးသမီး လႊတ္ေတာ္အမတ္တဦး အျပင္ကို ေမာင္းထုတ္ခံခဲ့ရပါတယ္။ လႊတ္ေတာ္အေဆာက္အအုံဆိုင္ရာ စည္းမ်ဥ္းအရ အစည္းအေဝးခန္းမထဲကို ျပင္ပလူ ဝင္ခြင့္မရွိတာေၾကာင့္ လႊတ္ေတာ္ဥကၠ႒ ခရစၥတိုဖာအိုမူလဲ့ေလက ကေလးေခၚလာတဲ့ လႊတ္ေတာ္အမတ္ ဇူေလကာဟာဆန္ကို အျပင္ထြက္ဖို႔ ၫႊန္ၾကားေနတဲ့ ႐ုပ္သံဖိုင္ကို ႐ိုက္တာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ ဟာဆန္က သူ႔အေနနဲ႔ အေရးေပၚ အေျခအေနေၾကာင့္ ကေလးေခၚလာရတာျဖစ္ၿပီး လႊတ္ေတာ္အေဆာက္အအုံမွာ အခန္းတခုရွိရင္ ကေလးကို အဲဒီမွာ ထားခဲ့ႏိုင္မယ္လို႔ ေျပာပါတယ္။ ေနာက္ဆုံးမွာ လုံၿခဳံေရးဝန္ထမ္းေတြနဲ႔အတူ ဟာဆန္ အစည္းအေဝးခန္းမက ထြက္သြားခ်ိန္မွာေတာ့   တျခား အမ်ိဳးသမီး လႊတ္ေတာ္အမတ္ အမ်ားအျပားဟာလည္း အစည္းအေဝးကို သပိတ္ေမွာက္ၿပီး ဟာဆန္နဲ႔အတူ ခန္းမထဲက ထြက္သြားခဲ့ၾကပါတယ္။

A d v e r t i s e m e n t With Us

More News
Up