ဟောင်ကောင်တွင် ဆန္ဒပြသမားရာချီ စုဝေးပြီး လေဆာရောင်ခြည်ထိုး ဆန္ဒပြ

948
ဟောင်ကောင် အာကာသပြတိုက်နားမှာ သြဂုတ် ၇ ရက် ညက ရာချီတဲ့ ဆန္ဒပြသူတွေ စုဝေးပြီး လေဆာပွိုင့်တာထိုးကာ ဆန္ဒပြခဲ့ကြပါတယ်။
အင်္ဂါနေ့က လေဆာပွိုင့်တာဝယ်လာတဲ့ တက္ကသိုလ်ကျောင်းသားတယောက်ကို လက်နက်ကိုင်ဆောင်မှုနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာကြောင့် အခုလို ဆန္ဒပြနေကြတာပါ။
ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကျိဖောင့်ကို လေဆာပွိုင့်တာ ဝယ်လာတာဟာ လက်နက်ကိုင်ဆောင်မှုဆိုပြီး အရပ်ဝတ်နဲ့ ရဲတွေက တရားမဝင် ဖမ်းခေါ်သွားခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒါကြောင့် ဆန္ဒပြသူတွေက အာကာသပြတိုက် အဆောက်အအုံကို လေဆာရောင်ခြည်တွေနဲ့ ထိုးပြီး ဒီပစ္စည်းဟာ တိုက်ခိုက်ရေးလက်နက် မဟုတ်ဘူးဆိုတာကို သက်သေပြခဲ့ကြပါတယ်။
ဟောင်ကောင်ဟာ တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို ဆန့်ကျင်တဲ့ ပြဿနာကနေ စပြီး ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတာ ၂ လကျော်လာပြီး ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး နိုင်ငံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
Zawgyi Version ေဟာင္ေကာင္တြင္ ဆႏၵျပသမားရာခ်ီ စုေဝးၿပီး ေလဆာေရာင္ျခည္ထိုး ဆႏၵျပ DVB ေဟာင္ေကာင္ အာကာသျပတိုက္နားမွာ ၾသဂုတ္ ၇ ရက္ ညက ရာခ်ီတဲ့ ဆႏၵျပသူေတြ စုေဝးၿပီး ေလဆာပြိဳင့္တာထိုးကာ ဆႏၵျပခဲ့ၾကပါတယ္။ အဂၤါေန႔က ေလဆာပြိဳင့္တာဝယ္လာတဲ့ တကၠသိုလ္ေက်ာင္းသားတေယာက္ကို လက္နက္ကိုင္ေဆာင္မႈနဲ႔ ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာေၾကာင့္ အခုလို ဆႏၵျပေနၾကတာပါ။ ေက်ာင္းသားသမဂၢ ေခါင္းေဆာင္တေယာက္ျဖစ္တဲ့ က်ိေဖာင့္ကို ေလဆာပြိဳင့္တာ ဝယ္လာတာဟာ လက္နက္ကိုင္ေဆာင္မႈဆိုၿပီး အရပ္ဝတ္နဲ႔ ရဲေတြက တရားမဝင္ ဖမ္းေခၚသြားခဲ့တယ္လို႔ ဆႏၵျပသူေတြက ေျပာပါတယ္။ ဒါေၾကာင့္ ဆႏၵျပသူေတြက အာကာသျပတိုက္ အေဆာက္အအုံကို ေလဆာေရာင္ျခည္ေတြနဲ႔ ထိုးၿပီး ဒီပစၥည္းဟာ တိုက္ခိုက္ေရးလက္နက္ မဟုတ္ဘူးဆိုတာကို သက္ေသျပခဲ့ၾကပါတယ္။ ေဟာင္ေကာင္ဟာ တရားခံလႊဲေျပာင္းေပးေရး ဥပေဒမူၾကမ္းကို ဆန႔္က်င္တဲ့ ျပႆနာကေန စၿပီး ဆႏၵျပပြဲေတြ အရွိန္ျမင့္တက္လာတာ ၂ လေက်ာ္လာၿပီး ဆယ္စုႏွစ္ေတြအတြင္း အဆိုးဆုံး ႏိုင္ငံေရး အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရပါတယ္။