A d v e r t i s e m e n t With Us

ထိုင်ဝမ်ကျွန်းသို့ အားပြင်းမုန်တိုင်း ဝင်ရောက်ဖွယ်ရှိ၊ မုန်တိုင်းကြောင့် မြေပြို လှိုင်းကြီးဖြစ်နိုင်

ထိုင်ဝမ်ကျွန်းမြောက်ပိုင်းကို သြဂုတ် ၈ ရက်နေ့ နှောင်းပိုင်းမှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတခု ဝင်ရောက်တိုက်ခတ်နိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် မြေပြိုတာတွေ၊ လှိုင်းကြီးတာတွေ ဖြစ်နိုင်တယ်လို့ ရာသီဥတု ခန့်မှန်းသူတွေက သတိပေးထားကြပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့ပိုင်းက ယီလန်မြို့မှာ ငါးဖမ်းသင်္ဘောတွေကို ဆိပ်ကမ်းမှာ သေချာချည်ထားပြီး မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ထားကြပါတယ်။ တိုင်ဖွန်းမုန်တိုင်း လာခီးနာဟာ လက်ရှိမှာ စူပါတိုင်ဖွန်းမုန်တိုင်းအဆင့်ရှိပြီး တနာရီကို အများဆုံး လေတိုက်နှုန်း ၁၄၁ မိုင်နှုန်းနဲ့ ထိုင်ဝမ်ကျွန်းဆီကို ချဉ်းကပ်လာနေတယ်လို့ မိုးလေဝသ အရာရှိတွေက ပြောပါတယ်။ ဒါ့ကြောင့် မိုးလေဝသဌာနက ထိုင်ဝမ်ကျွန်း မြောက်ပိုင်းတလျှောက် မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ တိုင်ဖွန်းမုန်တိုင်း လာခီးနာဟာ အခုသီတင်းပတ်အကုန်မှာ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေက ဖော်ပြပါတယ်။ မုန်တိုင်းဝင်ရောက်ဖို့ နာရီပိုင်းအလိုမှာပဲ ထိုင်ဝမ်ကျွန်း အရှေ့မြောက်ဘက် ကမ်းရိုးတန်းကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၆ ဒသမ ဝ ရှိတဲ့ ငလျင်တခု သြဂုတ် ၈ ရက်နေ့က လှုပ်ခတ်ခဲ့ပါသေးတယ်။ ငလျင်ကြောင့် ကြီးကြီးမားမား ပျက်စီးတာတွေ မရှိပေမယ့် နေအိမ်အဆောက်အအုံ ၂၀၀၀ လောက်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။ ဒါ့အပြင် သတ္တုစင်တခု ပြိုကျလို့ အမျိုးသမီးတယောက်လည်း သေဆုံးသွားပါတယ်။
Zawgyi Version ထိုင္ဝမ္ကၽြန္းသို႔ အားျပင္းမုန္တိုင္း ဝင္ေရာက္ဖြယ္ရွိ၊ မုန္တိုင္းေၾကာင့္ ေျမၿပိဳ လႈိင္းႀကီးျဖစ္ႏိုင္ DVB ထိုင္ဝမ္ကြ်န္းေျမာက္ပိုင္းကို ၾသဂုတ္ ၈ ရက္ေန႔ ေႏွာင္းပိုင္းမွာ အင္အားျပင္း တိုင္ဖြန္းမုန္တိုင္းတခု ဝင္ေရာက္တိုက္ခတ္ႏိုင္ၿပီး မုန္တိုင္းအရွိန္ေၾကာင့္ ေျမၿပိဳတာေတြ၊ လႈိင္းႀကီးတာေတြ ျဖစ္ႏိုင္တယ္လို႔ ရာသီဥတု ခန္႔မွန္းသူေတြက သတိေပးထားၾကပါတယ္။ ထိုင္ဝမ္ကြ်န္း အေရွ႕ပိုင္းက ယီလန္ၿမိဳ႕မွာ ငါးဖမ္းသေဘၤာေတြကို ဆိပ္ကမ္းမွာ ေသခ်ာခ်ည္ထားၿပီး မုန္တိုင္းအႏၲရာယ္ ႀကိဳတင္ျပင္ဆင္ထားၾကပါတယ္။ တိုင္ဖြန္းမုန္တိုင္း လာခီးနာဟာ လက္ရွိမွာ စူပါတိုင္ဖြန္းမုန္တိုင္းအဆင့္ရွိၿပီး တနာရီကို အမ်ားဆုံး ေလတိုက္ႏႈန္း ၁၄၁ မိုင္ႏႈန္းနဲ႔ ထိုင္ဝမ္ကြ်န္းဆီကို ခ်ဥ္းကပ္လာေနတယ္လို႔ မိုးေလဝသ အရာရွိေတြက ေျပာပါတယ္။ ဒါ့ေၾကာင့္ မိုးေလဝသဌာနက ထိုင္ဝမ္ကြ်န္း ေျမာက္ပိုင္းတေလွ်ာက္ မုန္တိုင္းသတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ တိုင္ဖြန္းမုန္တိုင္း လာခီးနာဟာ အခုသီတင္းပတ္အကုန္မွာ တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕ကို ဆက္လက္ေရြ႕လ်ားႏိုင္တယ္လို႔ မိုးေလဝသ ခန႔္မွန္းခ်က္ေတြက ေဖာ္ျပပါတယ္။ မုန္တိုင္းဝင္ေရာက္ဖို႔ နာရီပိုင္းအလိုမွာပဲ ထိုင္ဝမ္ကြ်န္း အေရွ႕ေျမာက္ဘက္ ကမ္း႐ိုးတန္းကို ဗဟိုျပဳၿပီး အင္အား ရစ္ခ်္တာစေကး ၆ ဒသမ ဝ ရွိတဲ့ ငလ်င္တခု ၾသဂုတ္ ၈ ရက္ေန႔က လႈပ္ခတ္ခဲ့ပါေသးတယ္။ ငလ်င္ေၾကာင့္ ႀကီးႀကီးမားမား ပ်က္စီးတာေတြ မရွိေပမယ့္ ေနအိမ္အေဆာက္အအုံ ၂၀၀၀ ေလာက္မွာ လွ်ပ္စစ္မီးေတြ ျပတ္ေတာက္သြားခဲ့ပါတယ္။ ဒါ့အျပင္ သတၱဳစင္တခု ၿပိဳက်လို႔ အမ်ိဳးသမီးတေယာက္လည္း ေသဆုံးသြားပါတယ္။

A d v e r t i s e m e n t With Us

More News
Up