A d v e r t i s e m e n t With Us

ထိုင်ဝမ်တွင် ပြင်းအား ၆ ရှိ ငလျင်လှုပ်၊ အမျိုးသမီး ၁ ဦးသေဆုံး

ထိုင်ဝမ်ကျွန်း အရှေ့မြောက်ဘက် ကမ်းရိုးတန်းကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၆ ဒသမ ဝ ရှိငလျင်တခု ဒီကနေ့ လှုပ်ခတ်သွားပါတယ်။ ငလျင်ကြောင့် အဆောက်အအုံတွေ လှုပ်ယမ်းသွားပြီး နေအိမ် ၂၀၀၀ လောက်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့မြောက်ဘက် ယီလန်ဒေသအနီး မြေအောက်အနက် ၁၃ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။ လက်ရှိအချိန်ထိတော့ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးတဲ့ သတင်းတွေ မသိရသေးပါဘူး။ ဒါပေမယ့် ပြိုကျနေတဲ့ စင်တခုအောက်မှာ ပိတ်မိနေတဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။ အဲဒီအမျိုးသမီးဟာ သတ္တုစင်ဘေးနားမှာ အိပ်နေတာဖြစ်ပြီး ငလျင်လှုပ်ချိန် စင်က သူ့အပေါ် ပြုတ်ကျခဲ့တာပါ။ ဒီကနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့တဲ့အပြင် ထိုင်ဝမ်မြောက်ပိုင်းကို ပြေးဆွဲတဲ့ ရထားလိုင်းတွေလည်း ဆိုင်းငံ့ခဲ့ရပါတယ်။
Zawgyi Version ထိုင္ဝမ္တြင္ ျပင္းအား ၆ ရွိ ငလ်င္လႈပ္၊ အမ်ဳိးသမီး ၁ ဦးေသဆုံး DVB ထိုင္ဝမ္ကြၽန္း အေရွ႕ေျမာက္ဘက္ ကမ္း႐ိုးတန္းကို ဗဟိုျပဳၿပီး အင္အား ရစ္ခ်္တာစေကး ၆ ဒသမ ဝ ရွိငလ်င္တခု ဒီကေန႔ လႈပ္ခတ္သြားပါတယ္။ ငလ်င္ေၾကာင့္ အေဆာက္အအုံေတြ လႈပ္ယမ္းသြားၿပီး ေနအိမ္ ၂၀၀၀ ေလာက္မွာ လွ်ပ္စစ္မီးေတြ ျပတ္ေတာက္သြားပါတယ္။ ထိုင္ဝမ္ကြၽန္း အေရွ႕ေျမာက္ဘက္ ယီလန္ေဒသအနီး ေျမေအာက္အနက္ ၁၃ မိုင္ကို ဗဟိုျပဳ လႈပ္ခတ္ခဲ့တာပါ။ လက္ရွိအခ်ိန္ထိေတာ့ ႀကီးႀကီးမားမား ပ်က္စီးဆုံးရႈံးတဲ့ သတင္းေတြ မသိရေသးပါဘူး။ ဒါေပမယ့္ ၿပိဳက်ေနတဲ့ စင္တခုေအာက္မွာ ပိတ္မိေနတဲ့ အမ်ိဳးသမီးတေယာက္ ေသဆုံးခဲ့တယ္လို႔ ေဒသခံမီဒီယာေတြက ေဖာ္ျပၾကပါတယ္။ အဲဒီအမ်ိဳးသမီးဟာ သတၱဳစင္ေဘးနားမွာ အိပ္ေနတာျဖစ္ၿပီး ငလ်င္လႈပ္ခ်ိန္ စင္က သူ႔အေပၚ ျပဳတ္က်ခဲ့တာပါ။ ဒီကေန႔ လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္ လွ်ပ္စစ္မီးေတြ ျပတ္ေတာက္ခဲ့တဲ့အျပင္ ထိုင္ဝမ္ေျမာက္ပိုင္းကို ေျပးဆြဲတဲ့ ရထားလိုင္းေတြလည္း ဆိုင္းငံ့ခဲ့ရပါတယ္။

A d v e r t i s e m e n t With Us

More News
Up