ဝင်ငွေ ကန်ဒေါ်လာ သန်း ၆၀ ဖြင့် ဦးဆောင်နေသည့် Fast & Furious Presents: Hobbs & Shaw ရုပ်ရှင်

နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Fast & Furious Presents: Hobbs & Shaw ဟာ ရုံတင်ပြသတဲ့ ပထမသီတင်းပတ်မှာတင် Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ရရှိပြီး ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
အမေရိကန် ရုပ်ရှင်ဒါရိုက်တာ David Leitch ရိုက်ကူး ပုံဖော်ပေးထားပြီး ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Seven Bucks Productions နဲ့ Chris Morgan Productions တို့က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားဟာ Fast & Furious ရုပ်ရှင်စီးရီးတွေက သီးခြားခွဲထွက်လာတဲ့ Spin-Off ရုပ်ရှင်ကားတကားဖြစ်ပြီး ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။
နာမည်ကြီး Fast & Furious ရုပ်ရှင်ကားတွေရဲ့ ပထမဆုံး ရုပ်ရှင်ကားကိုတော့ ၂၀၀၁ ခုနှစ်မှာ စတင်ပြသခဲ့ပြီး အဲဒီနောက်မှာတော့ နောက်ဆက်တွဲအနေနဲ့ ဆက်တိုက်ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကား ၈ ကားအထိ ရှိခဲ့ပြီဖြစ်ကာ ၂၀၁၇ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ The Fate of the Furious ရုပ်ရှင်က နောက်ဆုံးထွက်ရှိထားတာ ဖြစ်ပါတယ်။
လတ်တလော Box office ဝင်ငွေစာရင်းမှာတော့ နာမည်ကျော် The Lion King ရုပ်ရှင်က ၃ ပတ်မြောက် ရုံတင်အပြီး ပထမသီတင်းပတ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၅ သန်း၊ စုစုပေါင်းဝင်ငွေအမေရိကန်ဒေါ်လာ ၄၃၁ ဒသမ ၂ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင်မင်းသား နှစ်ဦးဖြစ်တဲ့ ဘရက်ပစ်နဲ့ လီယိုနာဒိုတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ Once Upon A Time In Hollywood ရုပ်ရှင်ကတော့ ၂ ပတ်မြောက်ရုံတင်အပြီး ပထမသီတင်းပတ်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၂၀၊ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၇၈ ဒသမ ၈ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
အဲဒီနောက်မှာတော့ Spider-Man: Far from Home၊ Toy Story 4၊ Yesterday၊ The Farewell၊ Crawl၊ Aladdin၊ Annabelle Comes Home စတဲ့ ရုပ်ရှင်ကားတွေက အသီးသီး ရပ်တည်နေကြပါတယ်။
Zawgyi Version
ဝင္ေငြ ကန္ေဒၚလာ သန္း ၆၀ ျဖင့္ ဦးေဆာင္ေနသည့္ Fast & Furious Presents: Hobbs & Shaw ႐ုပ္ရွင္
DVB
နာမည္ႀကီး ေဟာလိဝုဒ္႐ုပ္ရွင္ကားတကားျဖစ္တဲ့ Fast & Furious Presents: Hobbs & Shaw ဟာ ႐ုံတင္ျပသတဲ့ ပထမသီတင္းပတ္မွာတင္ Box Office မွာ ဝင္ေငြ အေမရိကန္ေဒၚလာ သန္း ၆၀ ရရွိၿပီး ထိပ္ဆုံးက ဦးေဆာင္ေနပါတယ္။
အေမရိကန္ ႐ုပ္ရွင္ဒါ႐ိုက္တာ David Leitch ႐ိုက္ကူး ပုံေဖာ္ေပးထားၿပီး ေဟာလိဝုဒ္ ႐ုပ္ရွင္ထုတ္လုပ္ေရး ကုမၸဏီႏွစ္ခုျဖစ္တဲ့ Seven Bucks Productions နဲ႔ Chris Morgan Productions တို႔က တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားဟာ Fast & Furious ႐ုပ္ရွင္စီးရီးေတြက သီးျခားခြဲထြက္လာတဲ့ Spin-Off ႐ုပ္ရွင္ကားတကားျဖစ္ၿပီး ဘတ္ဂ်က္ အေမရိကန္ေဒၚလာ သန္း ၂၀၀ အကုန္အက်ခံ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ ျဖစ္ပါတယ္။
နာမည္ႀကီး Fast & Furious ႐ုပ္ရွင္ကားေတြရဲ႕ ပထမဆုံး ႐ုပ္ရွင္ကားကိုေတာ့ ၂၀၀၁ ခုႏွစ္မွာ စတင္ျပသခဲ့ၿပီး အဲဒီေနာက္မွာေတာ့ ေနာက္ဆက္တြဲအေနနဲ႔ ဆက္တိုက္ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ကား ၈ ကားအထိ ရွိခဲ့ၿပီျဖစ္ကာ ၂၀၁၇ ခုႏွစ္မွာ ႐ုံတင္ခဲ့တဲ့ The Fate of the Furious ႐ုပ္ရွင္က ေနာက္ဆုံးထြက္ရွိထားတာ ျဖစ္ပါတယ္။
လတ္တေလာ Box office ဝင္ေငြစာရင္းမွာေတာ့ နာမည္ေက်ာ္ The Lion King ႐ုပ္ရွင္က ၃ ပတ္ေျမာက္ ႐ုံတင္အၿပီး ပထမသီတင္းပတ္ဝင္ေငြ အေမရိကန္ေဒၚလာ ၃၈ ဒသမ ၅ သန္း၊ စုစုေပါင္းဝင္ေငြအေမရိကန္ေဒၚလာ ၄၃၁ ဒသမ ၂ သန္းနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး နာမည္ႀကီး ေဟာလိဝုဒ္သ႐ုပ္ေဆာင္မင္းသား ႏွစ္ဦးျဖစ္တဲ့ ဘရက္ပစ္နဲ႔ လီယိုနာဒိုတို႔ ေခါင္းေဆာင္ပါဝင္ထားၾကတဲ့ Once Upon A Time In Hollywood ႐ုပ္ရွင္ကေတာ့ ၂ ပတ္ေျမာက္႐ုံတင္အၿပီး ပထမသီတင္းပတ္ဝင္ေငြ အေမရိကန္ ေဒၚလာ သန္း ၂၀၊ စုစုေပါင္းဝင္ေငြ အေမရိကန္ေဒၚလာ ၇၈ ဒသမ ၈ သန္းနဲ႔ တတိယေနရာမွာ ရပ္တည္ေနပါတယ္။
အဲဒီေနာက္မွာေတာ့ Spider-Man: Far from Home၊ Toy Story 4၊ Yesterday၊ The Farewell၊ Crawl၊ Aladdin၊ Annabelle Comes Home စတဲ့ ႐ုပ္ရွင္ကားေတြက အသီးသီး ရပ္တည္ေနၾကပါတယ္။