A d v e r t i s e m e n t With Us

တိုက်စစ်မှူး လူကာကူ အင်တာမီလန်သို့ ပြောင်းရွှေ့

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး လူကာကူဟာ သတင်းတွေ ကြိုထွက်ခဲ့တဲ့အတိုင်း အင်တာမီလန်အသင်းကို ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့ဖို့ သေချာသွာပါတယ်။ လူကာကူဟာ မနေ့ညပိုင်းက ဘယ်လ်ဂျီယံကနေ အီတလီနိုင်ငံကို ထွက်ခွာခဲ့ပြီး ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက် ၂ နာရီမှာ မီလန်လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။ လေဆိပ် ဆိုက်ရောက်ရာ အပေါက်ရှေ့မှာ အင်တာမီလန်ပရိသတ် ၂၀၀ လောက်က လူကာကူကို လာရောက်ကြိုဆိုခဲ့ကြပါတယ်။ လူကာကူဟာ အာရှခရီးစဉ်က ပြန်ရောက်ကတည်းက မန်ယူအသင်းနဲ့ မပူးပေါင်းတော့ဘဲ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ် လူငယ်အသင်းနဲ့ပဲ လေ့ကျင့်ခန်း ဆင်းနေတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လူကာကူရဲ့နေရာမှာ တိုက်စစ်မှူးသစ်တဦး ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဂျူဗင်တပ်တိုက်စစ်မှူး မန်ဇူကစ်ကို ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းဖို့ရှိသလို စပါးတိုက်စစ်မှူးဟောင်း လိုရန်တီကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချိတ်ဆက်မယ်လို့ သိရပါတယ်။
Zawgyi Version တိုက္စစ္မႉး လူကာကူ အင္တာမီလန္သို႔ ေျပာင္းေရႊ႕ DVB မန္ခ်က္စတာယူႏုိက္တက္ တုိက္စစ္မႉး လူကာကူဟာ သတင္းေတြ ႀကိဳထြက္ခဲ့တဲ့အတုိင္း အင္တာမီလန္အသင္းကုိ ေပါင္ ၇၃ သန္းနဲ႔ ေျပာင္းေရႊ႕ဖုိ႔ ေသခ်ာသြာပါတယ္။ လူကာကူဟာ မေန႔ညပုိင္းက ဘယ္လ္ဂ်ီယံကေန အီတလီႏုိင္ငံကို ထြက္ခြာခဲ့ၿပီး ၾကာသပေတးေန႔ ေဒသစံေတာ္ခ်ိန္ မနက္ ၂ နာရီမွာ မီလန္ေလဆိပ္ကုိ ေရာက္ရွိခဲ့ပါတယ္။ ေလဆိပ္ ဆုိက္ေရာက္ရာ အေပါက္ေရွ႕မွာ အင္တာမီလန္ပရိသတ္ ၂၀၀ ေလာက္က လူကာကူကုိ လာေရာက္ႀကဳိဆုိခဲ့ၾကပါတယ္။ လူကာကူဟာ အာရွခရီးစဥ္က ျပန္ေရာက္ကတည္းက မန္ယူအသင္းန႔ဲ မပူးေပါင္းေတာ့ဘဲ ဘယ္လ္ဂ်ီယံကလပ္ အန္ဒါလက္ခ်္ လူငယ္အသင္းနဲ႔ပဲ ေလ့က်င့္ခန္း ဆင္းေနတာပါ။ မန္ခ်က္စတာယူႏုိက္တက္အသင္းကေတာ့ လူကာကူရဲ့ေနရာမွာ တုိက္စစ္မႉးသစ္တဦး ေခၚယူဖုိ႔ ပစ္မွတ္ထားေနၿပီး ဂ်ဴဗင္တပ္တုိက္စစ္မႉး မန္ဇူကစ္ကုိ ေပါင္ ၁၀ သန္းနဲ႔ ကမ္းလွမ္းဖုိ႔ရွိသလုိ စပါးတုိက္စစ္မႉးေဟာင္း လုိရန္တီကုိလည္း အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖုိ႔ ခ်ိတ္ဆက္မယ္လုိ႔ သိရပါတယ္။

A d v e r t i s e m e n t With Us

More News
Up