Home
မြန်မာသတင်း
မြန်မာလုပ်သား ထုတ်လုပ်ရောင်းချသည့် မူးယစ်ဆေးရည် အဝသောက်ခန်း ထိုင်းရဲဝင်စီး
DVB
·
August 8, 2019
ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ဆာခွန်းမြို့နယ် မဟာချိုင်မှာ မြန်မာအလုပ်သမား ထုတ်လုပ်ရောင်းချတဲ့ ဒေသအခေါ် အာဆီယံ အမည်ရ မူးယစ်ဆေးရည် အ၀သောက်ခန်းကို တာဝန်ရှိသူတွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။ မဟာချိုင်ရပ်ကွက် နရုန်းမစ်လမ်းရှိ အငှားအိမ်ခန်းထဲမှာ ဘိန်းစာရွက် ထုတ်လုပ်ရောင်းချကြောင်း စုံစမ်းသိရှိရတဲ့အတွက် ဆမွတ်ဆာခွန်းရဲတပ်ဖွဲ့ နဲ့ လဝက ရဲတွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာပါ။ အဆိုပါ အခန်းမှာ အပြင်က တံခါးသော့ခတ်ထားတဲ့အတွက် တာဝန်ရှိသူတွေက သော့ဖျက်ပြီး ဝင်ရောက်ရာမှာတော့ အထဲမှာ အုပ်စုဖွဲ့ပြီး ဒေသအခေါ် အာဆီယံ  (ဘိန်းစာရွက်ပြုပ်ရည်) သောက်သုံးနေတဲ့သူတွေကို တွေ့ရှိခဲ့တာပါ။ သူတို့အားလုံး ၂၂ ဦးရှိပြီး  ဘိန်းစာရွက်ပြုပ်ရည် သောက်သုံးနေသူ ထိုင်း ၆ ဦး ၊ မြန်မာ ၁၅ ဦးနဲ့ ထုတ်လုပ်ရောင်းချသူ ကိုသားဆိုသူ မြန်မာအလုပ်သမား ၁ ဦးပါဝင်ပါတယ်။ အဆိုပါဆေးခြောက်ရည်တွေကို ဒေသအခေါ် အာဆီယံအမည်ရ အဲဒီမူးယစ်ဆေးရည်ကို ဘိန်းစာရွက်၊ ချောင်းဆိုးပျောက်ဆေးတွေနဲ့ ရောနှောကျိုချက်ထားပြီး အိုးထဲထည့်ထားကာ တစ်ကြိမ်လျှင် ဘတ် ၅၀ နဲ့ ကြိုက်သလောက် အဝထိုင်သောက်နိုင်တယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက နောက်ဘက်ကအခန်းကို သွားရောက်စစ်ဆေးရာမှာတော့ ကုန်ကြမ်းတွေဖြစ်တဲ့ ဘိန်းစာရွက် အလေးချိန် ၅၆ ကီလိုဂရမ်၊ ချောင်းဆိုးပျောက်ဆေးတွေနဲ့ အသင့်ထည့်ပြီး ဘိန်းစာရွက်ပြုပ်ရည် ပုလင်းပေါင်း ၃၀၀ ကို တွေ့ရှိခဲ့ပါတယ်။ ကိုသားဆိုသူ မြန်မာအလုပ်သမားက အဆိုပါဆေးရည်ကို သူ ၁ ဦးတည်းသာ ထုတ်လုပ်ရောင်းချကြောင်း ဝန်ခံထားပါတယ်။ တာဝန်ရှိသူတွေက ကုန်ကြမ်းပစ္စည်းတွေရော သူတို့ ၂၂ ဦးလုံးကိုပါဖမ်းဆီးသွားပြီး  အမှတ် ၅ အဆင့် မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှု ၊ ထုတ်လုပ်သုံးစွဲမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ကိုးကား -  ချနယ်လ် ၃ ထိုင်းတီဗွီသတင်းနှင့် ထိုင်းရတ်သတင်း
ျမန္မာလုပ္သား ထုတ္လုပ္ေရာင္းခ်သည့္ မူးယစ္ေဆးရည္ အဝေသာက္ခန္း ထိုင္းရဲဝင္စီး ဒီဗြီဘီ ထိုင္းႏိုင္ငံအလယ္ပိုင္း ဆမြတ္ဆာခြန္းၿမိဳ႕နယ္ မဟာခ်ိဳင္မွာ ျမန္မာအလုပ္သမား ထုတ္လုပ္ေရာင္းခ်တဲ့ ေဒသအေခၚ အာဆီယံ အမည္ရ မူးယစ္ေဆးရည္ အ၀ေသာက္ခန္းကို တာဝန္ရွိသူေတြက ဝင္ေရာက္စီးနင္းခဲ့တယ္လို႔ သိရပါတယ္။ မဟာခ်ိဳင္ရပ္ကြက္ န႐ုန္းမစ္လမ္းရွိ အငွားအိမ္ခန္းထဲမွာ ဘိန္းစာ႐ြက္ ထုတ္လုပ္ေရာင္းခ်ေၾကာင္း စုံစမ္းသိရွိရတဲ့အတြက္ ဆမြတ္ဆာခြန္းရဲတပ္ဖြဲ႕ နဲ႔ လဝက ရဲေတြ ပူးေပါင္းပါဝင္တဲ့အဖြဲ႕ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၆ ရက္ေန႔က ဝင္ေရာက္စီးနင္းခဲ့တာပါ။ အဆိုပါ အခန္းမွာ အျပင္က တံခါးေသာ့ခတ္ထားတဲ့အတြက္ တာဝန္ရွိသူေတြက ေသာ့ဖ်က္ၿပီး ဝင္ေရာက္ရာမွာေတာ့ အထဲမွာ အုပ္စုဖြဲ႕ၿပီး ေဒသအေခၚ အာဆီယံ (ဘိန္းစာ႐ြက္ျပဳပ္ရည္) ေသာက္သုံးေနတဲ့သူေတြကို ေတြ႕ရွိခဲ့တာပါ။ သူတို႔အားလုံး ၂၂ ဦးရွိၿပီး ဘိန္းစာ႐ြက္ျပဳပ္ရည္ ေသာက္သုံးေနသူ ထိုင္း ၆ ဦး ၊ ျမန္မာ ၁၅ ဦးနဲ႔ ထုတ္လုပ္ေရာင္းခ်သူ ကိုသားဆိုသူ ျမန္မာအလုပ္သမား ၁ ဦးပါဝင္ပါတယ္။ အဆိုပါေဆးေျခာက္ရည္ေတြကို ေဒသအေခၚ အာဆီယံအမည္ရ အဲဒီမူးယစ္ေဆးရည္ကို ဘိန္းစာ႐ြက္၊ ေခ်ာင္းဆိုးေပ်ာက္ေဆးေတြနဲ႔ ေရာေႏွာက်ိဳခ်က္ထားၿပီး အိုးထဲထည့္ထားကာ တစ္ႀကိမ္လွ်င္ ဘတ္ ၅၀ နဲ႔ ႀကိဳက္သေလာက္ အဝထိုင္ေသာက္ႏိုင္တယ္လို႔ ဆိုပါတယ္။ တာဝန္ရွိသူေတြက ေနာက္ဘက္ကအခန္းကို သြားေရာက္စစ္ေဆးရာမွာေတာ့ ကုန္ၾကမ္းေတြျဖစ္တဲ့ ဘိန္းစာ႐ြက္ အေလးခ်ိန္ ၅၆ ကီလိုဂရမ္၊ ေခ်ာင္းဆိုးေပ်ာက္ေဆးေတြနဲ႔ အသင့္ထည့္ၿပီး ဘိန္းစာ႐ြက္ျပဳပ္ရည္ ပုလင္းေပါင္း ၃၀၀ ကို ေတြ႕ရွိခဲ့ပါတယ္။ ကိုသားဆိုသူ ျမန္မာအလုပ္သမားက အဆိုပါေဆးရည္ကို သူ ၁ ဦးတည္းသာ ထုတ္လုပ္ေရာင္းခ်ေၾကာင္း ဝန္ခံထားပါတယ္။ တာဝန္ရွိသူေတြက ကုန္ၾကမ္းပစၥည္းေတြေရာ သူတို႔ ၂၂ ဦးလုံးကိုပါဖမ္းဆီးသြားၿပီး အမွတ္ ၅ အဆင့္ မူးယစ္ေဆးလက္ဝယ္ေတြ႕ရွိမႈ ၊ ထုတ္လုပ္သုံးစြဲမႈေတြနဲ႔ အေရးယူသြားမယ္လို႔ ဆိုပါတယ္။ ကိုးကား - ခ်နယ္လ္ ၃ ထိုင္းတီဗြီသတင္းႏွင့္ ထိုင္းရတ္သတင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024