Home
မြန်မာသတင်း
ဟင်္သာတမြို့က ကျပ်သိန်း ၁ သောင်းခွဲ ကံထူးရှင် ရှာတွေ့ပြီ
DVB
·
August 8, 2019
ကံထူးရှင်ရှာမတွေ့ဖြစ်နေတဲ့ ၆ ကြိမ်မြောက် ကျပ်သိန်း ၁ သောင်းခွဲ အောင်ဘာလေသိန်းဆုကြီးရဲ့ ကံထူးရှင်ကို ထီလက်မှတ်ရောင်းချခဲ့တဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ စွယ်တော်ထီဆိုင်က ရှာတွေ့ခဲ့ပြီလို့ သိရပါတယ်။ သိန်းတသောင်းခွဲ ဆွတ်ခူးခဲ့တဲ့ ပေါက်ဂဏန်းကတော့ (မ – ၇၁၄၂၉၁) ဖြစ်ပြီး ကံထူးခဲ့တဲ့သူတွေကတော့ ဟင်္သာတမြို့နယ်၊ လက်ပံလှကျေးရွာမှာနေထိုင်တဲ့ ကိုပေသီးနဲ့ ဒေါ်စန်းစန်းလှိုင် မိသားစု ဖြစ်တယ်လို့ စွယ်တော်ထီဆိုင်ကနေ သိရပါတယ်။ “ပေါက်တဲ့မိသားစုက လက်ပံလှကျေးရွာက ကိုပေသီးလို့ ပြောတယ်။ ကျနော်တို့လည်း စုံစမ်းကြည့်တော့ ဟုတ်တယ်။ လက်ပံလှရွာမှာ ကိုပေသီး တကယ်ရှိကြောင်း သိရတယ်။ ကျနော်တို့ကိုတော့ သူတို့ဘက်က ဆက်သွယ်လာတာ မရှိသေးဘူး သူတို့ရွာကလူတွေ ကျနော်တို့ကို ပြောတာတော့ ဒီနေ့ မနက် ရန်ကုန်တက်ပြီး ငွေသွားထုတ်မယ်ပြောတယ်။ ကျနော်တို့ကိုလည်း လာတွေ့ပါမယ်လို့တော့ ပြောတယ်” လို့ မင်္ဂလာစွယ်တော် ထီဆိုင်ပိုင်ရှင် ဦးသိန်းအောင်က ပြောပါတယ်။ ထီထိုးသူဟာ နာမည်၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေ မပေးခဲ့တာကြောင့် ထီပေါက်ချိန်မှာ မင်္ဂလာစွယ်တော် ထီဆိုင်က ဆက်သွယ်လို့မရ ဖြစ်နေခဲ့ပြီး မြို့အနှံ့ ကား နဲ့လှည့်လည်ကြေညာတာတွေ ပြုလုပ်ခဲ့ရတယ်လို့ ဦးသိန်းအောင်ကပြောပါတယ်။ ကိုပေသီး မိသားစုဟာ မင်္ဂလာစွယ်တော်ထီဆိုင်မှာ မင်္ဂလာစုံတွဲ ထူးရှယ် ၃ ကတ်ကို ကျပ် ၁ သိန်းကျော်ဖိုး ထီထိုးခဲ့တာဖြစ်ပြီး ထီဆိုင်ကို အမည်၊ လိပ်စာ၊ ဖုန်းနံပါတ် မပေးခဲ့ဘဲ ကိုယ်တိုင် ထီတိုက်မယ်လို့ပြောဆို ထီထိုးသွားခဲ့ပြီး ထီပေါက်တာကိုလည်း သူတို့ကိုယ်တိုင်နောက်ကျမှ သိခဲ့ရတာလို့ ဆွေမျိုးတော်စပ်သူတွေဆီက သိရပါတယ်။ “သူတို့က ထီပေါက်မှန်း မသိကြဘူး၊ တနေ့ကမှ သိတာ ခုမနက် ဖုန်းဆက်ကြည့်တော့ ရန်ကုန်ရောက်နေပြီလို့ ပြောတယ်” လို့ ကံထူးရှင် မစန်းစန်းလှိုင်ရဲ့ မောင်ဝမ်းကွဲဖြစ်သူ ကိုခင်မောင်ဌေးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၅ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း ၁ သောင်းခွဲဆုကိုလည်း ဟင်္သာတမြို့က အဘွားဒေါ်ခင်ဆင့်က ကံထူးခဲ့ပြီး လက်ရှိ ၆ ကြိမ်မြောက်ကိုလည်း ဟင်္သာတမြို့ကပဲ ၂ ကြိမ်ဆက်တိုက် ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
Zawgyi Version ကံထူးရွင္ရွာမေတြ႕ျဖစ္ေနတဲ့ ၆ ႀကိမ္ေျမာက္ က်ပ္သိန္း ၁ ေသာင္းခြဲ ေအာင္ဘာေလသိန္းဆုႀကီးရဲ႕ ကံထူးရွင္ကို ထီလက္မွတ္ေရာင္းခ်ခဲ့တဲ့ ဧရာဝတီတိုင္း ဟသၤာတၿမိဳ႕ စြယ္ေတာ္ထီဆိုင္က ရွာေတြ႕ခဲ့ၿပီလို႔ သိရပါတယ္။ သိန္းတေသာင္းခြဲ ဆြတ္ခူးခဲ့တဲ့ ေပါက္ဂဏန္းကေတာ့ (မ – ၇၁၄၂၉၁) ျဖစ္ၿပီး ကံထူးခဲ့တဲ့သူေတြကေတာ့ ဟသၤာတၿမိဳ႕နယ္၊ လက္ပံလွေက်း႐ြာမွာေနထိုင္တဲ့ ကိုေပသီးနဲ႔ ေဒၚစန္းစန္းလႈိင္ မိသားစု ျဖစ္တယ္လို႔ စြယ္ေတာ္ထီဆိုင္ကေန သိရပါတယ္။ “ေပါက္တဲ့မိသားစုက လက္ပံလွေက်း႐ြာက ကိုေပသီးလို႔ ေျပာတယ္။ က်ေနာ္တို႔လည္း စုံစမ္းၾကည့္ေတာ့ ဟုတ္တယ္။ လက္ပံလွ႐ြာမွာ ကိုေပသီး တကယ္ရွိေၾကာင္း သိရတယ္။ က်ေနာ္တို႔ကိုေတာ့ သူတို႔ဘက္က ဆက္သြယ္လာတာ မရွိေသးဘူး သူတို႔႐ြာကလူေတြ က်ေနာ္တို႔ကို ေျပာတာေတာ့ ဒီေန႔ မနက္ ရန္ကုန္တက္ၿပီး ေငြသြားထုတ္မယ္ေျပာတယ္။ က်ေနာ္တို႔ကိုလည္း လာေတြ႕ပါမယ္လို႔ေတာ့ ေျပာတယ္” လို႔ မဂၤလာစြယ္ေတာ္ ထီဆိုင္ပိုင္ရွင္ ဦးသိန္းေအာင္က ေျပာပါတယ္။ ထီထိုးသူဟာ နာမည္၊ လိပ္စာနဲ႔ ဖုန္းနံပါတ္ေတြ မေပးခဲ့တာေၾကာင့္ ထီေပါက္ခ်ိန္မွာ မဂၤလာစြယ္ေတာ္ ထီဆိုင္က ဆက္သြယ္လို႔မရ ျဖစ္ေနခဲ့ၿပီး ၿမိဳ႕အႏွံ႔ ကား နဲ႔လွည့္လည္ေၾကညာတာေတြ ျပဳလုပ္ခဲ့ရတယ္လို႔ ဦးသိန္းေအာင္ကေျပာပါတယ္။ ကိုေပသီး မိသားစုဟာ မဂၤလာစြယ္ေတာ္ထီဆိုင္မွာ မဂၤလာစုံတြဲ ထူးရွယ္ ၃ ကတ္ကို က်ပ္ ၁ သိန္းေက်ာ္ဖိုး ထီထိုးခဲ့တာျဖစ္ၿပီး ထီဆိုင္ကို အမည္၊ လိပ္စာ၊ ဖုန္းနံပါတ္ မေပးခဲ့ဘဲ ကိုယ္တိုင္ ထီတိုက္မယ္လို႔ေျပာဆို ထီထိုးသြားခဲ့ၿပီး ထီေပါက္တာကိုလည္း သူတို႔ကိုယ္တိုင္ေနာက္က်မွ သိခဲ့ရတာလို႔ ေဆြမ်ိဳးေတာ္စပ္သူေတြဆီက သိရပါတယ္။ “သူတို႔က ထီေပါက္မွန္း မသိၾကဘူး၊ တေန႔ကမွ သိတာ ခုမနက္ ဖုန္းဆက္ၾကည့္ေတာ့ ရန္ကုန္ေရာက္ေနၿပီလို႔ ေျပာတယ္” လို႔ ကံထူးရွင္ မစန္းစန္းလႈိင္ရဲ႕ ေမာင္ဝမ္းကြဲျဖစ္သူ ကိုခင္ေမာင္ေဌးက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၅ ႀကိမ္ေျမာက္ ေအာင္ဘာေလ က်ပ္သိန္း ၁ ေသာင္းခြဲဆုကိုလည္း ဟသၤာတၿမိဳ႕က အဘြားေဒၚခင္ဆင့္က ကံထူးခဲ့ၿပီး လက္ရွိ ၆ ႀကိမ္ေျမာက္ကိုလည္း ဟသၤာတၿမိဳ႕ကပဲ ၂ ႀကိမ္ဆက္တိုက္ ဆြတ္ခူးခဲ့တာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024