မန်ယူနောက်ခံလူသစ် မက်ဂွိုင်းယားကို ဖာဒီနန် ချီးကျူး

မက်ဂွိုင်းယားဟာ မန်ယူအသင်းအတွက် အောင်မြင်မှုတွေ ပြန်လည်ရယူပေးနိုင်မယ့် ကစားသမား ဖြစ်တယ်လို့ နောက်ခံလူဟောင်း ဖာဒီနန်က သုံးသပ်လိုက်ပါတယ်။
မန်ယူအသင်းဟာ အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၈၀ အထိ ပေးချေပြီး ခေါ်ယူခဲ့တာပါ။
အဲဒီလို ခေါ်ယူခဲ့တဲ့အပေါ်မှာ မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က အားရကျေနပ်နေပြီး မက်ဂွိုင်းယားဟာ ဦးဆောင်မှုကောင်းတဲ့ ကစားသမားလည်း ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။
မက်ဂွိုင်းယားကို နည်းပြ ဒေးဗစ်မိုယက်စ် မန်ယူအသင်းမှာ ရှိစဉ်ကတည်းက အလွန်စိတ်ဝင်စားခဲ့ပြီး သူဟာ နေရာစုံမှာ တိုးတက်ကောင်းမွန်လာခဲ့တယ်လို့ ဖာဒီနန်က ဆိုပါတယ်။
အသက် ၂၆ နှစ်ရှိ နောက်ခံလူ မက်ဂွိုင်းယားဟာ မန်ယူအသင်းမှာ ဖာဒီနန် ဝတ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၅ ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။
Zawgyi Version
မန္ယူေနာက္ခံလူသစ္ မက္ဂြိဳင္းယားကို ဖာဒီနန္ ခ်ီးက်ဴး
DVB
မက္ဂြိဳင္းယားဟာ မန္ယူအသင္းအတြက္ ေအာင္ျမင္မႈေတြ ျပန္လည္ရယူေပးႏိုင္မယ့္ ကစားသမား ျဖစ္တယ္လို႔ ေနာက္ခံလူေဟာင္း ဖာဒီနန္က သုံးသပ္လိုက္ပါတယ္။
မန္ယူအသင္းဟာ အဂၤလန္လက္ေ႐ြးစင္ ေနာက္ခံလူ မက္ဂြိဳင္းယားအတြက္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ေပါင္သန္း ၈၀ အထိ ေပးေခ်ၿပီး ေခၚယူခဲ့တာပါ။
အဲဒီလို ေခၚယူခဲ့တဲ့အေပၚမွာ မန္ယူေနာက္ခံလူေဟာင္း ဖာဒီနန္က အားရေက်နပ္ေနၿပီး မက္ဂြိဳင္းယားဟာ ဦးေဆာင္မႈေကာင္းတဲ့ ကစားသမားလည္း ျဖစ္တယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။
မက္ဂြိဳင္းယားကို နည္းျပ ေဒးဗစ္မိုယက္စ္ မန္ယူအသင္းမွာ ရွိစဥ္ကတည္းက အလြန္စိတ္ဝင္စားခဲ့ၿပီး သူဟာ ေနရာစုံမွာ တိုးတက္ေကာင္းမြန္လာခဲ့တယ္လို႔ ဖာဒီနန္က ဆိုပါတယ္။
အသက္ ၂၆ ႏွစ္ရွိ ေနာက္ခံလူ မက္ဂြိဳင္းယားဟာ မန္ယူအသင္းမွာ ဖာဒီနန္ ဝတ္ဆင္ကစားခဲ့တဲ့ ေက်ာနံပါတ္ ၅ ကို ဝတ္ဆင္ကစားမွာ ျဖစ္ပါတယ္။