သေနတ်ပစ်ခတ်မှုဖြစ်ခဲ့သည့် မြို့ ၂ မြို့သို့ သမ္မတထရမ့်နှင့် ဇနီး သွားရောက်
821
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လ်နီယာထရမ့်တို့ဟာ သြဂုတ် ၈ ရက်နေ့က တက္ကဆက်ပြည်နယ် အယ်လ်ပါဆိုမြို့နဲ့ အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့ကို သွားရောက်ခဲ့ပါတယ်။
သြဂုတ် ၃ ရက်နေ့က အယ်လ်ပါဆိုမြို့ Walmart စတိုးဆိုင်မှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၂၂ ယောက် သေဆုံးခဲ့ပြီး သြဂုတ် ၄ ရက်နေ့က ဒေတန်မြို့မှာ သေနတ်ပစ်ခတ်မှုကြောင့် လူ ၉ ယောက်သေဆုံးခဲ့ပါတယ်။
အချိန် ၁၃ နာရီသာခြားတဲ့ အဲဒီသေနတ်ပစ်ခတ်မှု နှစ်ခုကြောင့် တနိုင်ငံလုံး တုန်လှုပ်ခဲ့ရပြီး သေနတ်ကိုင်ဆောင်မှု လုံခြုံရေးအပေါ် အငြင်းပွားမှုတွေ ပြန်ပေါ်ပေါက်လာခဲ့ပါတယ်။
အယ်လ်ပါဆိုမြို့ ခရီးစဉ်မှာ သမ္မတ ထရမ့်က သေနတ်ပစ်ခတ်မှုအတွင်း အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ အယ်လ်ပါဆို ရဲတပ်ဖွဲ့ကို ကျေးဇူးတင်စကား ပြောခဲ့ပြီး ဆေးရုံမှာ ဒဏ်ရာရသူတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင် ဒေတန်မြို့ ခရီးစဉ်မှာလည်း သေနတ်ပစ်ခတ်မှုအတွင်း အသက်ရှင်ကျန်ရစ်သူတွေကို သွားရောက်အားပေးခဲ့ပါသေးတယ်။
ဒေတန်မြို့နဲ့ အယ်လ်ပါဆိုမြို့ နှစ်မြို့စလုံးမှာ ထရမ့်ကို ဆန့်ကျင်သူတွေ စုဝေးဆန္ဒပြခဲ့ကြပြီး ထရမ့်ရဲ့ ခရီးစဉ်ကိုလည်း ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။