Home
ရုပ်သံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
August 8, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။    မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရန်ကုန် မြို့လယ်ခေါင် သေနတ်ပစ်ဖောက်ခွဲခန်းတွေ ပါဝင်တဲ့ ဟောင်ကောင်ရုပ်ရှင်ကား-Line Walker 2: Invisible Spy ! ဟောင်ကောင်အခြေစိုက် Shaw Brother Pictures က စီစဉ်ရိုက်ကူးတဲ့ ဒီရုပ်ရှင် ကားကိုတော့ ဟောင်ကောင်ရုပ်ရှင်ဒါရိုက်တာ Jazz Boon က ရိုက်ကူးပုံဖော် ပေးထားခဲ့တာ ဖြစ်ပါတယ်။      နိုင်ငံတကာ အကြမ်းဖက်သမားတွေပါဝင်တဲ့ အဖွဲ့အစည်းတခုနဲ့ ရင်ဆိုင်နေရတဲ့ ရဲမှုး Yip နဲ့ စုံထောက် Ching တို့ဟာ Yiu ဆိုတဲ့ Hacker တယောက်ကို ဖမ်းမိရာကနေ ရဲဝန်ထမ်းနှစ်ယောက်ကို သူလျှိုတွေအဖြစ် သံသယဖြစ်စရာတွေ ဖြစ်လာပါတယ်။ သဲ လွန်စတွေနောက်ကို လိုက်ရင်းကနေ မြန်မာနိုင်ငံနဲ့ စပိန်ကိုရောက်နေတဲ့ ရဲစုံထောက် ၃ ယောက်ဆီ ရောက်လာကြပြီး စုံစမ်းရှာဖွေချိန်မှာတော့ ဘယ်သူက လူဆိုး၊ ဘယ်သူက လူကောင်းဆိုတာ ဝေေ၀ဝါးဝါး ဖြစ်လာရတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာတွေကို အ ပစ်အခတ်အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတချို့ကိုတော့ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားနဲ့ ဆူးလေမြို့တော်ခန်းမအနီးတဝိုက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဇာတ်အိမ်တည် ရိုက်ကူးခဲ့တာ ဖြစ်ပြီး မြန်မာပရိသတ်တွေကြား စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ ရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ ဟောင်ကောင်သရုပ်ဆောင် မင်းသားတွေဖြစ်ကြတဲ့ Louis Koo ၊ Nick Cheung ၊ Francis Ng ၊ Johnny Melville စတဲ့ သရုပ်ဆောင်တွေ ခေါင်း ဆောင်ပါဝင်ထားကြပြီး မြန်မာနိုင်ငံက သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ အောင်မြင့် မြတ်၊ လင်းအောင်ခေတ်စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ခဲ့တာပါ။      ကြာမြင့်ချိန် ၉၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ မြန်မာနိုင်ငံမှာ  လာမယ့် သြ ဂုတ်လ ၈ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ချစ်စရာ ကောင်းတဲ့ Hollywood Family Adventure ရုပ်ရှင်ကားတကားဖြစ်တဲ့ Dora and the Lost City of Gold ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Paramount Pictures က တင်ဆက်လိုက်တာဖြစ်ပြီး ဗြိတိန် ရုပ်ရှင်ဒါရိုက်တာ James Bobin က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒိုရာလို့ ကြားလိုက်တာနဲ့ ပရိသတ်တွေက ငယ်ဘဝဇာတ်ကောင် ဒိုရာဆိုတဲ့ ၇ နှစ် အရွယ် ကာတွန်းဇာတ်ကောင် ကောင်မလေးတယောက်ကို ပြေးမြင်မိကြမှာပါ။ Dora The Explorer အမည်နဲ့ ၂၀၀၀ ပြည့်နှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ပရိသတ်တွေ အား ပေးလက်ခံခဲ့ကြတဲ့ နာမည်ကြီး အမေရိကန် ရုပ်သံစီးရီးကို Live Action အနေနဲ့ အ သက်သွင်းပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ဒိုရာကို အထက်တန်းကျောင်း သူ ဆယ်ကျော်သက်ကောင်မလေးအဖြစ် ပြန်လည်မြင်တွေ့ရမှာပါ။ လေ့လာရေးထွက် ရင်း ဒုက္ခရောက်နေတဲ့ မိဘတွေကို ကယ်တင်ဖို့ သူ့ရဲ့ အချစ်တော် မျောက်ကလေး Boots ၊ တခြားသူငယ်ချင်းတွေနဲ့အတူ ပျောက်ဆုံးနေတဲ့ Inca ရွှေမြို့တော်ကြီးဆီ စွန့် စားခန်းထွက်ကြတာတွေကို ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အဓိက ဇာတ်ကောင် Dora နေရာမှာတော့ အမေရိကန် ဆယ် ကျော်သက် သရုပ်ဆောင်မင်းသမီး Isabela Moner က ခေါင်းဆောင်ပါဝင်ထားပြီး တ ခြားဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Eugenio Derbez ၊ Michael Peña ၊ Eva Longoria တို့ကလည်း ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ နာမည်ကြီး အသံသရုပ်ဆောင် မင်းသား Danny Trejo ကတော့ မျောက်ကလေး Boots အဖြစ် အသံနဲ့ ပါဝင်သရုပ် ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ၊ Gold Coast ၊ Queensland စတဲ့ ဒေသတွေမှာ ရိုက်ကူးထား ခဲ့တဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ယူကျုဘ်ပေါ်မှာတော့ လတ်တလောအချိန်ထိ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂၇ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြော စကား Dialog တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၉ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ နေတိုးအပါအဝင် နာမည် ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတဲ့ မြန်မာရုပ်ရှင်-နိုင်ငံကြီးသား ! ဒီကားကိုတော့ အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မောင်မြတ်ဆွေရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ စတီးလ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ လတ်တလောအခြေအနေတွေကို ထင်ဟပ်ပြသနေတဲ့ တကယ်အမှားလုပ်နေတဲ့သူတွေကို ဆွဲထုတ်ပြီး အမှန်တရားကို ဖော်ထုတ်ပြသဖို့၊ ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရဆိုတဲ့ စကားအတိုင်း ဘယ်လို ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲဆိုတာကို ပရိသတ်တွေက စောင့်မျှော်အားပေးကြရမှာ ဖြစ်ပါတယ်။  ဒီကားထဲမှာ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား နေတိုးနဲ့အတူ တခြားနာ မည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေ ထက်လင်း၊ ရွှေသမီး၊ အော်န်ဆိုင်းစတဲ့ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင် တွေလည်း အများကြီး ပါဝင်အားဖြည့်ထားကြတာပါ။ နိုင်ငံကြီးသားရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ မူဗီခရေဇီတွေကို နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ သွေး ပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် Scary Stories to Tell in the Dark !      Horror Mystery Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ နော်ဝေးရုပ်ရှင်ဒါရိုက်တာ André Øvredal က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။      ဒီရုပ်ရှင်ကတော့ အမေရိကန် စာရေးဆရာဂျာနယ်လစ် Alvin Schwartz ရဲ့ ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ကလေးစာအုပ်စီးရီးတွေကို အခြေခံပြီး ရုပ်ရှင်အနေနဲ့ အသက် သွင်းပုံဖော်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။      ၁၉၆၈ ခုနှစ်ကာလဝန်းကျင်၊ Mill Valley မြို့ငယ်လေးရဲ့ အစွန်က Bellows မိ သားစုရဲ့စံအိမ်အိုကြီးထဲက Sarah ဆိုတဲ့ ကောင်မလေးတယောက်ရေးထားတဲ့ ကြောက် စရာပုံပြင်တွေကို ဆယ်ကျော်သက်လူငယ်တစုက ဖတ်မိသွားချိန်မှာတော့ ထူးဆန်းတဲ့ အခြေအနေတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အဲဒီစာအုပ်ထဲမှာ သူတို့ နာမည်တွေ ပါဝင်နေပြီး ပုံပြင်ထဲကအတိုင်း အပြင်မှာလည်း သွေးပျက်ချောက်ချားစရာ အဖြစ်အပျက်တွေ၊ အန္တရာယ်တွေနဲ့ ကြုံတွေ့ရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီအခြေအနေကြားကနေ သူတို့ လွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။      ဒီကားထဲမှာတော့ လူငယ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Zoe Colletti ၊ Michael Garza ၊ Gabriel Rush ၊ Austin Abrams တို့နဲ့အတူ ဝါရင့်ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Dean Norris ၊ Gil Bellows နဲ့ Lorraine Toussaint တို့ ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။      ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လတ်တလောအချိန်ထိ ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။      ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ပြကွင်းပြကွက်တွေ၊ သွေး ပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆို ရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။      ကြာမြင့်ချိန် ၁၁၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ပေါ့ပေါ့ ပါးပါး မြန်မာအချစ်ဟာသရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ပုရိသ ! ဒီကားကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ပန်းချီ ရွှေအေးကိုရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ခုနောက်ပိုင်း ရုပ်ရှင်ကားတွေမှာ ခပ်စိပ်စိပ်တွေ့လာရတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်နဲ့ သရုပ်ဆောင်မင်းသမီးသစ် နေခြည်ဦးတို့ အပြိုင်ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပြီး သူတို့ ၂ ယောက်ကို ပရိသတ်တွေက အပျို ကြီး ထက်မြင့်မိုရ်နဲ့ အပျိုလေး ကောင်းကင်ပြာအနေနဲ့ ရှုစားကြရမှာဖြစ်ပါတယ်။ အကောင်းတကာ့အကောင်းဆုံး ယောကျာ်းကိုမှ ခေါင်းခေါက်ရွေးချယ်ကြမယ့် သူတို့ ၂ ယောက်နဲ့ ပတ်သက်ဆက်နွယ်လာကြမယ့် အမျိုးသားတွေကြားက အဖြစ်အပျက်တွေကို အချစ်၊ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။      ဒီကားထဲမှာတော့ ခိုင်သင်းကြည်၊ နေခြည်ဦးတို့နဲ့အတူ တခြားသရုပ်ဆောင်မင်း သားတွေဖြစ်ကြတဲ့ ကျော်ရဲအောင်၊ ရဲအောင်၊ ထက်အောင်သျှိုင်း၊ တိုင်ရွန်၊ ချမ်းမင်းရဲ ထွဋ်စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။        ပုရိသရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။      ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အ ကြိမ်ရေ ၂ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လယ် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီးတော့ အားပေးနိုင်ပါတယ်။
႐ုပ္ရွင္ဝါသနာအိုးတို႔အတြက္ ဘယ္႐ုံမွာ ဘာကားေတြျပေနသလဲ(႐ုပ္သံ) ဒီဗြီဘီ ဒီတပတ္ ဒီဗြီဘီရဲ႕ Movie Crazy – DVB အစီအစဥ္မွာ ႐ုပ္ရွင္ဝါသနာအိုးေတြ အတြက္ ပုံမွန္တင္ဆက္ေနၾကျဖစ္တဲ့ ႏိုင္ငံတကာနဲ႔ ျပည္တြင္းက ေကာင္းႏိုးရာရာ ႐ုပ္ရွင္ဇာတ္ကားေတြကို ေ႐ြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။ မူဗီခေရဇီေတြကို ပထမဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ရန္ကုန္ ၿမိဳ႕လယ္ေခါင္ ေသနတ္ပစ္ေဖာက္ခြဲခန္းေတြ ပါဝင္တဲ့ ေဟာင္ေကာင္႐ုပ္ရွင္ကား-Line Walker 2: Invisible Spy ! ေဟာင္ေကာင္အေျခစိုက္ Shaw Brother Pictures က စီစဥ္႐ိုက္ကူးတဲ့ ဒီ႐ုပ္ရွင္ ကားကိုေတာ့ ေဟာင္ေကာင္႐ုပ္ရွင္ဒါ႐ိုက္တာ Jazz Boon က ႐ိုက္ကူးပုံေဖာ္ ေပးထားခဲ့တာ ျဖစ္ပါတယ္။ ႏိုင္ငံတကာ အၾကမ္းဖက္သမားေတြပါဝင္တဲ့ အဖြဲ႕အစည္းတခုနဲ႔ ရင္ဆိုင္ေနရတဲ့ ရဲမႈး Yip နဲ႔ စုံေထာက္ Ching တို႔ဟာ Yiu ဆိုတဲ့ Hacker တေယာက္ကို ဖမ္းမိရာကေန ရဲဝန္ထမ္းႏွစ္ေယာက္ကို သူလွ်ိဳေတြအျဖစ္ သံသယျဖစ္စရာေတြ ျဖစ္လာပါတယ္။ သဲ လြန္စေတြေနာက္ကို လိုက္ရင္းကေန ျမန္မာႏိုင္ငံနဲ႔ စပိန္ကိုေရာက္ေနတဲ့ ရဲစုံေထာက္ ၃ ေယာက္ဆီ ေရာက္လာၾကၿပီး စုံစမ္းရွာေဖြခ်ိန္မွာေတာ့ ဘယ္သူက လူဆိုး၊ ဘယ္သူက လူေကာင္းဆိုတာ ေဝေ၀ဝါးဝါး ျဖစ္လာရတဲ့အခါ ဘာေတြျဖစ္လာမလဲဆိုတာေတြကို အ ပစ္အခတ္အက္ရွင္ဇာတ္ဝင္ခန္းေတြနဲ႔ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဇာတ္ကားထဲမွာ ပါဝင္တဲ့ ဇာတ္ဝင္ခန္းတခ်ိဳ႕ကိုေတာ့ ရန္ကုန္ၿမိဳ႕၊ ေ႐ႊတိဂုံဘုရားနဲ႔ ဆူးေလၿမိဳ႕ေတာ္ခန္းမအနီးတဝိုက္မွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက ဇာတ္အိမ္တည္ ႐ိုက္ကူးခဲ့တာ ျဖစ္ၿပီး ျမန္မာပရိသတ္ေတြၾကား စိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ရတဲ့ ႐ုပ္ရွင္ ျဖစ္ခဲ့ပါတယ္။ ဒီကားထဲမွာေတာ့ ေဟာင္ေကာင္သ႐ုပ္ေဆာင္ မင္းသားေတြျဖစ္ၾကတဲ့ Louis Koo ၊ Nick Cheung ၊ Francis Ng ၊ Johnny Melville စတဲ့ သ႐ုပ္ေဆာင္ေတြ ေခါင္း ေဆာင္ပါဝင္ထားၾကၿပီး ျမန္မာႏိုင္ငံက သ႐ုပ္ေဆာင္မင္းသားေတြ ျဖစ္ၾကတဲ့ ေအာင္ျမင့္ ျမတ္၊ လင္းေအာင္ေခတ္စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ခဲ့တာပါ။ ၾကာျမင့္ခ်ိန္ ၉၈ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ ျမန္မာႏိုင္ငံမွာ လာမယ့္ ၾသ ဂုတ္လ ၈ ရက္ေန႔မွာ စတင္ၿပီး ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ေနာက္ထပ္ မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ခ်စ္စရာ ေကာင္းတဲ့ Hollywood Family Adventure ႐ုပ္ရွင္ကားတကားျဖစ္တဲ့ Dora and the Lost City of Gold ! ဒီကားကိုေတာ့ နာမည္ႀကီး ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီတခုျဖစ္တဲ့ Paramount Pictures က တင္ဆက္လိုက္တာျဖစ္ၿပီး ၿဗိတိန္ ႐ုပ္ရွင္ဒါ႐ိုက္တာ James Bobin က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒိုရာလို႔ ၾကားလိုက္တာနဲ႔ ပရိသတ္ေတြက ငယ္ဘဝဇာတ္ေကာင္ ဒိုရာဆိုတဲ့ ၇ ႏွစ္ အ႐ြယ္ ကာတြန္းဇာတ္ေကာင္ ေကာင္မေလးတေယာက္ကို ေျပးျမင္မိၾကမွာပါ။ Dora The Explorer အမည္နဲ႔ ၂၀၀၀ ျပည့္ႏွစ္မွာ စတင္ထုတ္လႊင့္ခဲ့ၿပီး ပရိသတ္ေတြ အား ေပးလက္ခံခဲ့ၾကတဲ့ နာမည္ႀကီး အေမရိကန္ ႐ုပ္သံစီးရီးကို Live Action အေနနဲ႔ အ သက္သြင္းပုံေဖာ္႐ိုက္ကူးထားတဲ့ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ဒိုရာကို အထက္တန္းေက်ာင္း သူ ဆယ္ေက်ာ္သက္ေကာင္မေလးအျဖစ္ ျပန္လည္ျမင္ေတြ႕ရမွာပါ။ ေလ့လာေရးထြက္ ရင္း ဒုကၡေရာက္ေနတဲ့ မိဘေတြကို ကယ္တင္ဖို႔ သူ႔ရဲ႕ အခ်စ္ေတာ္ ေမ်ာက္ကေလး Boots ၊ တျခားသူငယ္ခ်င္းေတြနဲ႔အတူ ေပ်ာက္ဆုံးေနတဲ့ Inca ေ႐ႊၿမိဳ႕ေတာ္ႀကီးဆီ စြန႔္ စားခန္းထြက္ၾကတာေတြကို ဒီကားထဲမွာ ပရိသတ္ေတြက ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲက အဓိက ဇာတ္ေကာင္ Dora ေနရာမွာေတာ့ အေမရိကန္ ဆယ္ ေက်ာ္သက္ သ႐ုပ္ေဆာင္မင္းသမီး Isabela Moner က ေခါင္းေဆာင္ပါဝင္ထားၿပီး တ ျခားေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Eugenio Derbez ၊ Michael Peña ၊ Eva Longoria တို႔ကလည္း ပါဝင္ထားခဲ့ၾကတာ ျဖစ္ပါတယ္။ နာမည္ႀကီး အသံသ႐ုပ္ေဆာင္ မင္းသား Danny Trejo ကေတာ့ ေမ်ာက္ကေလး Boots အျဖစ္ အသံနဲ႔ ပါဝင္သ႐ုပ္ ေဆာင္ထားခဲ့တာ ျဖစ္ပါတယ္။ ၾသစေတးလ်ႏိုင္ငံ၊ Gold Coast ၊ Queensland စတဲ့ ေဒသေတြမွာ ႐ိုက္ကူးထား ခဲ့တဲ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ယူက်ဳဘ္ေပၚမွာေတာ့ လတ္တေလာအခ်ိန္ထိ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂၇ သန္းနီးပါး ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ တခ်ိဳ႕ဇာတ္ဝင္ခန္း ျမင္ကြင္းေတြ၊ ျပကြင္းျပကြက္ေတြ၊ ေျပာ စကား Dialog ေတြက ကေလးေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG အဆင့္ သတ္မွတ္ထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၀၂ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၉ ရက္ေန႔ မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။ ေနာက္ထပ္မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ေနတိုးအပါအဝင္ နာမည္ ႀကီး သ႐ုပ္ေဆာင္ေတြ အမ်ားႀကီး ပါဝင္ထားၾကတဲ့ ျမန္မာ႐ုပ္ရွင္-ႏိုင္ငံႀကီးသား ! ဒီကားကိုေတာ့ အားမာန္႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး ေမာင္ျမတ္ေဆြရဲ႕ ဇာတ္ၫႊန္းကို ဒါ႐ိုက္တာ စတီးလ္က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ လတ္တေလာအေျခအေနေတြကို ထင္ဟပ္ျပသေနတဲ့ တကယ္အမွားလုပ္ေနတဲ့သူေတြကို ဆြဲထုတ္ၿပီး အမွန္တရားကို ေဖာ္ထုတ္ျပသဖို႔၊ ဥပေဒ အထက္မွာ ဘယ္သူမွ မရွိေစရဆိုတဲ့ စကားအတိုင္း ဘယ္လို ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္ဖန္တီးထားမလဲဆိုတာကို ပရိသတ္ေတြက ေစာင့္ေမွ်ာ္အားေပးၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပရိသတ္အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသား ေနတိုးနဲ႔အတူ တျခားနာ မည္ႀကီးသ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ ျဖစ္ၾကတဲ့ မင္းေမာ္ကြန္း၊ ထြန္းထြန္း၊ ေန ထက္လင္း၊ ေ႐ႊသမီး၊ ေအာ္န္ဆိုင္းစတဲ့ သ႐ုပ္ေဆာင္ေတြအျပင္ တျခားသ႐ုပ္ေဆာင္ ေတြလည္း အမ်ားႀကီး ပါဝင္အားျဖည့္ထားၾကတာပါ။ ႏိုင္ငံႀကီးသား႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၅ ရက္ေန႔ က ရန္ကုန္ၿမိဳ႕၊ သမၼတ ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကား Trailer ဟာ လတ္တေလာမွာေတာ့ ေဖ့စ္ဘြတ္ခ္ေပၚမွာ ဝင္ေရာက္ ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၂ သန္းခြဲေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၈ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါ တယ္။ မူဗီခေရဇီေတြကို ေနာက္ထပ္မိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ေသြး ပ်က္ထိတ္လန႔္စရာ ဇာတ္ဝင္ခန္းေတြနဲ႔ ရႈစားၾကရမယ့္ Scary Stories to Tell in the Dark ! Horror Mystery Thriller အမ်ိဳးအစား ႐ုပ္ရွင္ကားတကားျဖစ္တဲ့ ဒီကားကိုေတာ့ ေနာ္ေဝး႐ုပ္ရွင္ဒါ႐ိုက္တာ André Øvredal က ႐ိုက္ကူးပုံေဖာ္ေပးထားတာျဖစ္ၿပီး Lionsgate ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ အေမရိကန္ စာေရးဆရာဂ်ာနယ္လစ္ Alvin Schwartz ရဲ႕ ဒီနာမည္နဲ႔ပဲ ထြက္ရွိခဲ့တဲ့ ကေလးစာအုပ္စီးရီးေတြကို အေျခခံၿပီး ႐ုပ္ရွင္အေနနဲ႔ အသက္ သြင္းပုံေဖာ္ဖန္တီးလိုက္တာ ျဖစ္ပါတယ္။ ၁၉၆၈ ခုႏွစ္ကာလဝန္းက်င္၊ Mill Valley ၿမိဳ႕ငယ္ေလးရဲ႕ အစြန္က Bellows မိ သားစုရဲ႕စံအိမ္အိုႀကီးထဲက Sarah ဆိုတဲ့ ေကာင္မေလးတေယာက္ေရးထားတဲ့ ေၾကာက္ စရာပုံျပင္ေတြကို ဆယ္ေက်ာ္သက္လူငယ္တစုက ဖတ္မိသြားခ်ိန္မွာေတာ့ ထူးဆန္းတဲ့ အေျခအေနေတြအျဖစ္ ေျပာင္းလဲသြားခဲ့ပါေတာ့တယ္။ အဲဒီစာအုပ္ထဲမွာ သူတို႔ နာမည္ေတြ ပါဝင္ေနၿပီး ပုံျပင္ထဲကအတိုင္း အျပင္မွာလည္း ေသြးပ်က္ေခ်ာက္ခ်ားစရာ အျဖစ္အပ်က္ေတြ၊ အႏၲရာယ္ေတြနဲ႔ ႀကဳံေတြ႕ရခ်ိန္မွာေတာ့ ဘာေတြဆက္ျဖစ္လာမလဲ။ ဒီအေျခအေနၾကားကေန သူတို႔ လြတ္ေျမာက္ႏိုင္ပါ့မလားဆိုတာေတြကို ရင္တထိတ္ထိတ္နဲ႔ ရႈစားၾကရမွာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ လူငယ္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Zoe Colletti ၊ Michael Garza ၊ Gabriel Rush ၊ Austin Abrams တို႔နဲ႔အတူ ဝါရင့္ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ Dean Norris ၊ Gil Bellows နဲ႔ Lorraine Toussaint တို႔ ကလည္း ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ယူက်ဳဘ္ေပၚမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ကို လတ္တေလာအခ်ိန္ထိ ဝင္ ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ ၈ သန္းနီးပါး ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ပါဝင္တဲ့ ၾကမ္းတမ္းတဲ့ တိုက္ခိုက္မႈေတြ၊ ျပကြင္းျပကြက္ေတြ၊ ေသြး ပ်က္ထိတ္လန႔္စရာေကာင္းတဲ့ ဇာတ္ဝင္ခန္းေတြ၊ ေျပာစကား Dialog ေတြက အသက္ ၁၃ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကို ၾကည့္မယ္ဆို ရင္ေတာ့ မိဘအုပ္ထိန္းသူခြင့္ျပဳခ်က္ Guideline နဲ႔မွ ၾကည့္ရႈသင့္တဲ့ PG-13 အဆင့္ သတ္မွတ္ထားပါတယ္။ ၾကာျမင့္ခ်ိန္ ၁၁၁ မိနစ္ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၉ ရက္ေန႔မွာ စတင္ၿပီး ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ မူဗီခေရဇီေတြကို ေနာက္ဆုံးမိတ္ဆက္ေျပာျပေပးခ်င္တဲ့ ႐ုပ္ရွင္ကေတာ့ ေပါ့ေပါ့ ပါးပါး ျမန္မာအခ်စ္ဟာသ႐ုပ္ရွင္ ပရိသတ္ေတြ အႀကိဳက္ေတြ႕ၾကမယ့္ ပုရိသ ! ဒီကားကိုေတာ့ စိန္ေဌး႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တာျဖစ္ၿပီး ပန္းခ်ီ ေ႐ႊေအးကိုရဲ႕ ဇာတ္လမ္းကို ဒါ႐ိုက္တာ ကိုေဇာ္(အ႐ုဏ္ဦး)က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာေတာ့ ခုေနာက္ပိုင္း ႐ုပ္ရွင္ကားေတြမွာ ခပ္စိပ္စိပ္ေတြ႕လာရတဲ့ ဝါရင့္သ႐ုပ္ေဆာင္ မင္းသမီး ခိုင္သင္းၾကည္နဲ႔ သ႐ုပ္ေဆာင္မင္းသမီးသစ္ ေနျခည္ဦးတို႔ အၿပိဳင္ေခါင္းေဆာင္ပါဝင္ထားၾကတာျဖစ္ၿပီး သူတို႔ ၂ ေယာက္ကို ပရိသတ္ေတြက အပ်ိဳ ႀကီး ထက္ျမင့္မိုရ္နဲ႔ အပ်ိဳေလး ေကာင္းကင္ျပာအေနနဲ႔ ရႈစားၾကရမွာျဖစ္ပါတယ္။ အေကာင္းတကာ့အေကာင္းဆုံး ေယာက်ာ္းကိုမွ ေခါင္းေခါက္ေ႐ြးခ်ယ္ၾကမယ့္ သူတို႔ ၂ ေယာက္နဲ႔ ပတ္သက္ဆက္ႏြယ္လာၾကမယ့္ အမ်ိဳးသားေတြၾကားက အျဖစ္အပ်က္ေတြကို အခ်စ္၊ ဟာသဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ပုံေဖာ္႐ိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။ ဒီကားထဲမွာေတာ့ ခိုင္သင္းၾကည္၊ ေနျခည္ဦးတို႔နဲ႔အတူ တျခားသ႐ုပ္ေဆာင္မင္း သားေတြျဖစ္ၾကတဲ့ ေက်ာ္ရဲေအာင္၊ ရဲေအာင္၊ ထက္ေအာင္သွ်ိဳင္း၊ တိုင္႐ြန္၊ ခ်မ္းမင္းရဲ ထြဋ္စတဲ့ သ႐ုပ္ေဆာင္ေတြလည္း အမ်ားႀကီး ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ ပုရိသ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ Junction City ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကား Trailer ဟာ ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အ ႀကိမ္ေရ ၂ သန္းေက်ာ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ဒီကားကိုေတာ့ လာမယ့္ ၾသဂုတ္လ ၈ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါ တယ္။ Movie Crazy-DVB အစီအစဥ္ကို အပတ္စဥ္ ဗုဒၶဟူးေန႔ ညတိုင္း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီေတြမွာ DVB TV channel ကေန ပုံမွန္တင္ဆက္ေပးေနတာျဖစ္ၿပီး မ ၾကည့္ရႈလိုက္ရသူေတြအတြက္ ၾကာသပေတးေန႔မနက္ ၉.၁၅ နာရီ၊ ေန႔လယ္ ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ ေသာၾကာေန႔ ေန႔လည္ ၂.၄၅ နာရီ၊ စေနေန႔ မနက္ ၁၁.၄၅ နာရီနဲ႔ တ နလၤာေန႔မနက္ ၉.၄၅ နာရီတို႔မွာ ျပန္လည္ထုတ္လႊင့္ျပသေပးေနတာ ျဖစ္ပါတယ္။ ဒီအစီအစဥ္မွာ Movie Crazy ေတြအတြက္ ႏိုင္ငံတကာနဲ႔ ျမန္မာ႐ုပ္ရွင္ကား ေတြ အေၾကာင္းကို ေကာင္းႏိုးရာရာ ေ႐ြးခ်ယ္တင္ဆက္ေပးေနတာျဖစ္ၿပီး Movie Crazy-DVB ဆိုတဲ့ Facebook စာမ်က္ႏွာကေနတဆင့္လည္း Like, Share နဲ႔ Comment ေတြေပးၿပီးေတာ့ အားေပးႏိုင္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024