အိန္ဒိယနှင့် သံတမန်ဆက်ဆံရေး လျှော့ချပြီး ကုန်သွယ်ရေး ဆိုင်းငံ့မည်ဟု ပါကစ္စတန် ပြော

ကက်ရှ်မီးယားဒေသကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်ကနေ ရုပ်သိမ်းလိုက်တဲ့ အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ကြောင့် အိန္ဒိယနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး လျှော့ချလိုက်ပြီး နှစ်နိုင်ငံကုန်သွယ်ရေး ဆိုင်းငံ့မယ်လို့ ပါကစ္စတန်အစိုးရက သြဂုတ် ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အိန္ဒိယအစိုးရ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်ကနေ ရုပ်သိမ်းမယ့် အငြင်းပွားဖွယ် ဥပဒေကြမ်းကို အိန္ဒိယအောက်လွှတ်တော်က သြဂုတ် ၆ ရက်နေ့မှာ ထောက်ခံမဲ ၃၇၀ နဲ့ အတည်ပြုလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းအရ မွတ်စလင်လူမျိုး အများစု နေထိုင်တဲ့ ကက်ရှ်မီးယားဒေသကို ဖက်ဒရယ်နယ်မြေ နှစ်ခုခွဲပြီး အိန္ဒိယအစိုးရက မြို့တော် ဒေလီကနေ တိုက်ရိုက်အုပ်ချုပ်သွားမှာပါ။
နျူကလီးယားလက်နက်ကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ဟာ ကက်ရှ်မီးယားဒေသ တခုလုံးကို သူတို့ပိုင်တာလို့ အပြန်အလှန် အငြင်းပွားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကက်ရှ်မီးယားဒေသကို တဝက်စီ အုပ်ချုပ်နေကြတာပါ။
ကက်ရှ်မီးယားဒေသနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်ဟာ နှစ်ကြိမ်တိုင်တိုင် စစ်ဖြစ်ဖူးပြီး ဖေဖော်ဝါရီလကလည်း လေကြောင်းကနေ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါသေးတယ်။
အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ချက်က ကက်ရှ်မီးယားဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်နေပြီး ကက်ရှ်မီးယားဒေသကို အိန္ဒိယတနိုင်ငံလုံးနဲ့ တပေါင်းတည်း ဖြစ်စေချင်တယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
Zawgyi Version
အိႏၵိယႏွင့္ သံတမန္ဆက္ဆံေရး ေလွ်ာ့ခ်ၿပီး ကုန္သြယ္ေရး ဆိုင္းငံ့မည္ဟု ပါကစၥတန္ ေျပာ
DVB
ကက္ရွ္မီးယားေဒသကို အထူးကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအျဖစ္ကေန ႐ုပ္သိမ္းလိုက္တဲ့ အိႏၵိယအစိုးရရဲ႕ ဆုံးျဖတ္ေၾကာင့္ အိႏၵိယႏိုင္ငံနဲ႔ သံတမန္ဆက္ဆံေရး ေလွ်ာ့ခ်လိုက္ၿပီး ႏွစ္ႏိုင္ငံကုန္သြယ္ေရး ဆိုင္းငံ့မယ္လို႔ ပါကစၥတန္အစိုးရက ၾသဂုတ္ ၇ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။
အိႏၵိယအစိုးရ အုပ္ခ်ဳပ္တဲ့ ကက္ရွ္မီးယားေဒသကို အထူးကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအျဖစ္ကေန ႐ုပ္သိမ္းမယ့္ အျငင္းပြားဖြယ္ ဥပေဒၾကမ္းကို အိႏၵိယေအာက္လႊတ္ေတာ္က ၾသဂုတ္ ၆ ရက္ေန႔မွာ ေထာက္ခံမဲ ၃၇၀ နဲ႔ အတည္ျပဳလိုက္ပါတယ္။
အဲဒီဥပေဒၾကမ္းအရ မြတ္စလင္လူမ်ိဳး အမ်ားစု ေနထိုင္တဲ့ ကက္ရွ္မီးယားေဒသကို ဖက္ဒရယ္နယ္ေျမ ႏွစ္ခုခြဲၿပီး အိႏၵိယအစိုးရက ၿမိဳ႕ေတာ္ ေဒလီကေန တိုက္႐ိုက္အုပ္ခ်ဳပ္သြားမွာပါ။
ႏ်ဴကလီးယားလက္နက္ကိုယ္စီ ပိ္ုင္ဆိုင္ထားၾကတဲ့ အိႏၵိယနဲ႔ ပါကစၥတန္ဟာ ကက္ရွ္မီးယားေဒသ တခုလုံးကို သူတို႔ပိုင္တာလို႔ အျပန္အလွန္ အျငင္းပြားခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ကက္ရွ္မီးယားေဒသကို တဝက္စီ အုပ္ခ်ဳပ္ေနၾကတာပါ။
ကက္ရွ္မီးယားေဒသနဲ႔ ပတ္သက္ၿပီး အိႏၵိယနဲ႔ ပါကစၥတန္ဟာ ႏွစ္ႀကိမ္တိုင္တိုင္ စစ္ျဖစ္ဖူးၿပီး ေဖေဖာ္ဝါရီလကလည္း ေလေၾကာင္းကေန အျပန္အလွန္ တိုက္ခိုက္ခဲ့ၾကပါေသးတယ္။
အထူးကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ သတ္မွတ္ခ်က္က ကက္ရွ္မီးယားေဒသရဲ႕ ဖြံ႔ၿဖိဳးတိုးတက္မႈအတြက္ အဟန္႔အတားျဖစ္ေနၿပီး ကက္ရွ္မီးယားေဒသကို အိႏၵိယတႏိ္ုင္ငံလုံးနဲ႔ တေပါင္းတည္း ျဖစ္ေစခ်င္တယ္လို႔ အိႏၵိယအစိုးရက ေျပာပါတယ္။