A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်တွင် အနည်းဆုံး ၇ ဂိုး သွင်းယူမည်ဟု အဲဗာတန်တိုက်စစ်မှူးသစ် မွိုက်စ်ကင်း ပြော

ပရီးမီးယားလိဂ်သွင်းဂိုး အနည်းဆုံး ၇ ဂိုး သွင်းယူမှာဖြစ်တယ်လို့ အဲဗာတန်တိုက်စစ်မှူးသစ် မွိုက်စ်ကင်းက ပြောလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ် အီတလီ လူငယ်တိုက်စစ်မှူး မွိုက်စ်ကင်းဟာ ဂျူဗင်တပ်အသင်းကနေ ပေါင် ၂၇ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့လာတာပါ။ ပရီးမီးယားလိဂ်မှာ အနည်းဆုံး ၇ ဂိုးလောက် သွင်းယူနိုင်ဖို့ မျှော်မှန်းထားပေမယ့် အဲဒီထက်ပိုတဲ့ စွမ်းဆောင်ရည်လည်း ထုတ်ပြနိုင်တယ်လို့ မွိုက်စ်ကင်းက ပြောပါတယ်။ ကင်းဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အသင်းဖော် စီရော်နယ်ဒိုနဲ့ အတူလက်တွဲ လေ့ကျင့်ခဲ့ပြီး အဲဒီ အတွေ့အကြုံတွေကို အဲဗာတန်အသင်းအတွက် အသုံးချသွားမယ်လို့လည်း ဆိုပါတယ်။
Zawgyi Version ပရီးမီးယားလိဂ္တြင္ အနည္းဆုံး ၇ ဂိုး သြင္းယူမည္ဟု အဲဗာတန္တိုက္စစ္မႉးသစ္ မြိဳက္စ္ကင္း ေျပာ ဒီဗြီဘီ ပရီးမီးယားလိဂ္သြင္းဂိုး အနည္းဆုံး ၇ ဂိုး သြင္းယူမွာျဖစ္တယ္လို႔ အဲဗာတန္တိုက္စစ္မႉးသစ္ မြိဳက္စ္ကင္းက ေျပာလိုက္ပါတယ္။ အသက္ ၁၉ ႏွစ္အ႐ြယ္ အီတလီ လူငယ္တိုက္စစ္မႉး မြိဳက္စ္ကင္းဟာ ဂ်ဴဗင္တပ္အသင္းကေန ေပါင္ ၂၇ ဒသမ ၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာတာပါ။ ပရီးမီးယားလိဂ္မွာ အနည္းဆုံး ၇ ဂိုးေလာက္ သြင္းယူႏိုင္ဖို႔ ေမွ်ာ္မွန္းထားေပမယ့္ အဲဒီထက္ပိုတဲ့ စြမ္းေဆာင္ရည္လည္း ထုတ္ျပႏိုင္တယ္လို႔ မြိဳက္စ္ကင္းက ေျပာပါတယ္။ ကင္းဟာ ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္အသင္းေဖာ္ စီေရာ္နယ္ဒိုနဲ႔ အတူလက္တြဲ ေလ့က်င့္ခဲ့ၿပီး အဲဒီ အေတြ႕အႀကဳံေတြကို အဲဗာတန္အသင္းအတြက္ အသုံးခ်သြားမယ္လို႔လည္း ဆိုပါတယ္။

A d v e r t i s e m e n t With Us

More News
Up