တရုတ်အစိုးရကို လျှော့မတွက်ရန် ဟောင်ကောင်ဆန္ဒပြသူများအား ပြင်းပြင်းထန်ထန် သတိပေး

ဟောင်ကောင်ဆန္ဒပြသူတွေအနေနဲ့ တရုတ်အစိုးရကို လျှော့မတွက်ဖို့ ပြည်မကြီးက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
ဟောင်ကောင်မှာ တရားခံလွှဲပြောင်းပေးရေး ဥပေဒမူကြမ်းနဲ့ ပတ်သက်လို့ လူသန်းချီ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာ သီတင်း ၉ ပတ်ဆက်တိုက်အထိ ရှိလာပါပြီ။
တရုတ်ပြည်မကြီးအစိုးရက အလိုရှိတဲ့ သံသယရှိသူတွေကို ပြည်မကြီးတရားရုံးဆီ ဟောင်ကောင်ကနေ လွှဲပြောင်းပေးရမယ့် ဥပဒေမူကြမ်းကို ဟောင်ကောင်သားတွေက ဆန့်ကျင်နေကြတာပါ။
ဆန္ဒပြပွဲတွေ အရှိန်မြင့်လာချိန်မှာပဲ သြဂုတ် ၆ ရက်နေ့မှာတော့ တရုတ်အစိုးရက ဟောင်ကောင်ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
ဒါဟာ ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ တရုတ်အစိုးရရဲ့ အပြင်းထန်ဆုံး သတိပေးချက်တွေထဲက တခုပါ။
ဟောင်ကောင်နဲ့ မကာအိုရေးရာ ကောင်စီရုံး ပြောခွင့်ရပုဂ္ဂိုလ် ယန်ကွမ်းက “တရုတ်အစိုးရက သည်းခံနေတာကို အားနည်းတယ်လို့ လျှော့မတွက်ဖို့ အားလုံးကို သတိပေးလိုက်တယ်။ ဗဟိုအစိုးရရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ကြီးမားတဲ့အင်အားကို ဟောင်ကောင်ဆန္ဒပြသူတွေ အနေနဲ့ လျှော့တွက်လို့မရဘူး” လို့ ပြောလိုက်ပါတယ်။
တနိုင်ငံ စနစ်နှစ်မျိုးနဲ့ အုပ်ချုပ်တဲ့ ဟောင်ကောင်ဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီး လက်ထဲကို ရောက်လာခဲ့တာပါ။
ဒါပေမယ့် ပြီးခဲ့တဲ့မတ်လမှာ တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းက အစပြုတဲ့ ဆန္ဒပြပွဲတွေကြောင့် ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံး နိုင်ငံရေး အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။
ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့တွေသုံးပြီး လူစုခွဲကြသလို ဆန္ဒပြသူတွေကလည်း အကာအရံတွေနဲ့ ပိတ်ဆို့ ခုခံခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အဲဒီဥပဒေမူကြမ်း အပြီးသတ်ပယ်ဖျက်ဖို့၊ ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ် ရာထူးက နုတ်ထွက်ဖို့နဲ့ ဟောင်ကောင်ရဲတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အမှီအခိုကင်းတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးဖို့ လိုလားနေကြတာပါ။
သြဂုတ် ၇ ရက်နေ့က ဟောင်ကောင်မြို့လယ်ခေါင်မှာ အနက်ရောင်ဝတ်ဆင်ထားတဲ့ ရှေ့နေတွေဟာ ငြိမ်ငြိမ်သက်သက် စုဝေးချီတက်လာကြပြီး ဟောင်ကောင် တရားရေးဌာနရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ဟောင်ကောင်သားတွေ အဖမ်းခံရမယ်ဆိုရင် ဒါမှမဟုတ် စွပ်စွဲခံရမယ်ဆိုရင် ရှေ့နေတွေက ရပ်ကြည့်နေမှာ မဟုတ်ဘူးလို့လည်း ဆန္ဒပြပွဲကို တက်ရောက်လာတဲ့ ဟောင်ကောင်လွှတ်တော်အမတ်တယောက်က ပြောပါတယ်။
ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံရသူ အယောက် ၅၀၀ ကျော်ရှိပြီး အများစုကိုတော့ အဓိကရုဏ်းပြစ်မှုနဲ့ တရားစွဲဆိုထားပါတယ်။
ဟောင်ကောင်ဥပဒေအရ အဓိကရုဏ်းဆိုတာ လူ ၃ ယောက်ထက်ပိုပြီး ဥပဒေမဲ့စုရုံးရင် ငြိမ်းချမ်းရေးကို ပျက်ပြားစေမှုလို့ အဓိပ္ပာယ်သတ်မှတ်ပြီး ထောင်ဒဏ်ဆယ်နှစ်အထိ ချမှတ်နိုင်ပါတယ်။
Zawgyi Version
တ႐ုတ္အစိုးရကို ေလွ်ာ့မတြက္ရန္ ေဟာင္ေကာင္ဆႏၵျပသူမ်ားအား ျပင္းျပင္းထန္ထန္ သတိေပး
DVB
ေဟာင္ေကာင္ဆႏၵျပသူေတြအေနနဲ႔ တ႐ုတ္အစိုးရကို ေလွ်ာ့မတြက္ဖို႔ ျပည္မႀကီးက ျပင္းျပင္းထန္ထန္ သတိေပးလိုက္ပါတယ္။
ေဟာင္ေကာင္မွာ တရားခံလႊဲေျပာင္းေပးေရး ဥေပဒမူၾကမ္းနဲ႔ ပတ္သက္လို႔ လူသန္းခ်ီ လမ္းေပၚထြက္ ဆႏၵျပေနၾကတာ သီတင္း ၉ ပတ္ဆက္တိုက္အထိ ရွိလာပါၿပီ။
တ႐ုတ္ျပည္မႀကီးအစိုးရက အလိုရွိတဲ့ သံသယရွိသူေတြကို ျပည္မႀကီးတရား႐ုံးဆီ ေဟာင္ေကာင္ကေန လႊဲေျပာင္းေပးရမယ့္ ဥပေဒမူၾကမ္းကို ေဟာင္ေကာင္သားေတြက ဆန႔္က်င္ေနၾကတာပါ။
ဆႏၵျပပြဲေတြ အရွိန္ျမင့္လာခ်ိန္မွာပဲ ၾသဂုတ္ ၆ ရက္ေန႔မွာေတာ့ တ႐ုတ္အစိုးရက ေဟာင္ေကာင္ဆႏၵျပသူေတြကို ျပင္းျပင္းထန္ထန္ သတိေပးလိုက္ပါတယ္။
ဒါဟာ ေဟာင္ေကာင္ဆႏၵျပပြဲေတြနဲ႔ ပတ္သက္လို႔ တ႐ုတ္အစိုးရရဲ႕ အျပင္းထန္ဆုံး သတိေပးခ်က္ေတြထဲက တခုပါ။
ေဟာင္ေကာင္နဲ႔ မကာအိုေရးရာ ေကာင္စီ႐ုံး ေျပာခြင့္ရပုဂၢိဳလ္ ယန္ကြမ္းက “တ႐ုတ္အစိုးရက သည္းခံေနတာကို အားနည္းတယ္လို႔ ေလွ်ာ့မတြက္ဖို႔ အားလုံးကို သတိေပးလိုက္တယ္။ ဗဟိုအစိုးရရဲ႕ ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္နဲ႔ ႀကီးမားတဲ့အင္အားကို ေဟာင္ေကာင္ဆႏၵျပသူေတြ အေနနဲ႔ ေလွ်ာ့တြက္လို႔မရဘူး” လို႔ ေျပာလိုက္ပါတယ္။
တႏိုင္ငံ စနစ္ႏွစ္မ်ိဳးနဲ႔ အုပ္ခ်ဳပ္တဲ့ ေဟာင္ေကာင္ဟာ ၁၉၉၇ ခုႏွစ္မွာ ၿဗိတိန္လက္ေအာက္ကေန တ႐ုတ္ျပည္မႀကီး လက္ထဲကို ေရာက္လာခဲ့တာပါ။
ဒါေပမယ့္ ၿပီးခဲ့တဲ့မတ္လမွာ တရားခံလႊဲေျပာင္းေရး ဥပေဒၾကမ္းက အစျပဳတဲ့ ဆႏၵျပပြဲေတြေၾကာင့္ ဆယ္စုႏွစ္ေတြအတြင္း အဆိုးဆုံး ႏိုင္ငံေရး အက်ပ္အတည္းကို ရင္ဆိုင္ေနရပါတယ္။
ဆႏၵျပပြဲေတြမွာ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဓာတ္ေငြ႔ေတြသုံးၿပီး လူစုခြဲၾကသလို ဆႏၵျပသူေတြကလည္း အကာအရံေတြနဲ႔ ပိတ္ဆို႔ ခုခံခဲ့ၾကပါတယ္။
ဆႏၵျပသူေတြဟာ အဲဒီဥပေဒမူၾကမ္း အၿပီးသတ္ပယ္ဖ်က္ဖို႔၊ ေဟာင္ေကာင္အႀကီးအကဲ ကယ္ရီလမ္ ရာထူးက ႏုတ္ထြက္ဖို႔နဲ႔ ေဟာင္ေကာင္ရဲေတြရဲ႕ လူမဆန္တဲ့ လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီး အမွီအခိုကင္းတဲ့ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ေပးဖို႔ လိုလားေနၾကတာပါ။
ၾသဂုတ္ ၇ ရက္ေန႔က ေဟာင္ေကာင္ၿမိဳ႕လယ္ေခါင္မွာ အနက္ေရာင္ဝတ္ဆင္ထားတဲ့ ေရွ႕ေနေတြဟာ ၿငိမ္ၿငိမ္သက္သက္ စုေဝးခ်ီတက္လာၾကၿပီး ေဟာင္ေကာင္ တရားေရးဌာနရဲ႕ လြတ္လပ္ခြင့္ကို ကာကြယ္ဖို႔ အစိုးရကို ေတာင္းဆိုခဲ့ၾကပါတယ္။
ေဟာင္ေကာင္သားေတြ အဖမ္းခံရမယ္ဆိုရင္ ဒါမွမဟုတ္ စြပ္စြဲခံရမယ္ဆိုရင္ ေရွ႕ေနေတြက ရပ္ၾကည့္ေနမွာ မဟုတ္ဘူးလို႔လည္း ဆႏၵျပပြဲကို တက္ေရာက္လာတဲ့ ေဟာင္ေကာင္လႊတ္ေတာ္အမတ္တေယာက္က ေျပာပါတယ္။
ဆႏၵျပပြဲေတြအတြင္း အဖမ္းခံရသူ အေယာက္ ၅၀၀ ေက်ာ္ရွိၿပီး အမ်ားစုကိုေတာ့ အဓိက႐ုဏ္းျပစ္မႈနဲ႔ တရားစြဲဆိုထားပါတယ္။
ေဟာင္ေကာင္ဥပေဒအရ အဓိက႐ုဏ္းဆိုတာ လူ ၃ ေယာက္ထက္ပိုၿပီး ဥပေဒမဲ့စု႐ုံးရင္ ၿငိမ္းခ်မ္းေရးကို ပ်က္ျပားေစမႈလို႔ အဓိပၸာယ္သတ္မွတ္ၿပီး ေထာင္ဒဏ္ဆယ္ႏွစ္အထိ ခ်မွတ္ႏိုင္ပါတယ္။