ခြေစွမ်းပြကစားနိုင်ရန် ဒါဘီအသင်းသို့ ပြောင်းရွှေ့ခြင်းဖြစ်ဟု ရွန်နီ ပြော

ဒါဘီကောင်တီအသင်းမှာ ပွဲကစားနိုင်ဖို့က အဓိကရည်မှန်းချက် ဖြစ်တယ်လို့ တိုက်စစ်မှူးသစ် ဝိန်းရွန်နီက ပြောပါတယ်။
မန်ယူနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီဟာ ဒါဘီအသင်းမှာ ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ တာဝန်ယူမှာဖြစ်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ ဒါဘီအသင်းနဲ့ လာရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။
တိုက်စစ်မှူး ရွန်နီအနေနဲ့ အသက် ၃၃ နှစ်ရှိပြီဖြစ်ပေမယ့် ကစားသမားဘဝကနေ အနားယူဖို့မရှိဘဲ ဒါဘီအသင်းကို ပြောင်းရွှေ့လာတာက ကစားသမားအဖြစ်နဲ့ပါ ခြေစွမ်းပြ ကစားနိုင်ဖို့ ဖြစ်တယ်လို့ ရွန်နီက အသိပေး ပြောကြားသွားခဲ့တာပါ။
မိမိဟာ ကစားသမားတဦးသာဖြစ်ပြီး အသင်းရဲ့လူစာရင်းကို တိုးတက်လာနိုင်မယ့် အရည်အချင်းတွေရှိသေးကြောင်း၊ စာချုပ်သက်တမ်းအတွင်းမှာ နည်းပြတဦးနဲ့ ပတ်သက်တဲ့ သင်ယူလေ့လာမှုတွေလည်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရွန်နီက ပြောပါတယ်။
Zawgyi Version
ေျခစြမ္းျပကစားႏိုင္ရန္ ဒါဘီအသင္းသို႔ ေျပာင္းေရႊ႕ျခင္းျဖစ္ဟု ရြန္နီ ေျပာ
DVB
ဒါဘီေကာင္တီအသင္းမွာ ပြဲကစားႏိုင္ဖို႔က အဓိကရည္မွန္းခ်က္ ျဖစ္တယ္လို႔ တိုက္စစ္မႉးသစ္ ဝိန္းရြန္နီက ေျပာပါတယ္။
မန္ယူနဲ႔ အဂၤလန္တိုက္စစ္မႉးေဟာင္း ဝိန္းရြန္နီဟာ ဒါဘီအသင္းမွာ ကစားသမားအျဖစ္နဲ႔ေရာ နည္းျပအျဖစ္နဲ႔ပါ တာဝန္ယူမွာျဖစ္ၿပီး လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလမွာ ဒါဘီအသင္းနဲ႔ လာေရာက္ပူးေပါင္းမွာ ျဖစ္ပါတယ္။
တိုက္စစ္မႉး ရြန္နီအေနနဲ႔ အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္ေပမယ့္ ကစားသမားဘဝကေန အနားယူဖို႔မရွိဘဲ ဒါဘီအသင္းကို ေျပာင္းေရႊ႕လာတာက ကစားသမားအျဖစ္နဲ႔ပါ ေျခစြမ္းျပ ကစားႏိုင္ဖို႔ ျဖစ္တယ္လို႔ ရြန္နီက အသိေပး ေျပာၾကားသြားခဲ့တာပါ။
မိမိဟာ ကစားသမားတဦးသာျဖစ္ၿပီး အသင္းရဲ႕လူစာရင္းကို တိုးတက္လာႏိုင္မယ့္ အရည္အခ်င္းေတြရွိေသးေၾကာင္း၊ စာခ်ဳပ္သက္တမ္းအတြင္းမွာ နည္းျပတဦးနဲ႔ ပတ္သက္တဲ့ သင္ယူေလ့လာမႈေတြလည္း လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ရြန္နီက ေျပာပါတယ္။