A d v e r t i s e m e n t With Us

ဂျပန် NEC ကော်ပိုရေးရှင်းက မိုးပျံကား မိတ်ဆက်ပျံသန်းပြ (ရုပ်သံ)

ဂျပန်အီလက်ထရောနစ် ကုမ္ပဏီ NEC ကော်ပိုရေးရှင်းက မိုးပျံကား ရှေ့ပြေးပုံစံတခုကို အခုသီတင်းပတ်အတွင်း စတင်မိတ်ဆက်လိုက်ပြီး လေထဲမှာ တမိနစ်နီးပါး ပျံသန်းပြခဲ့ပါတယ်။ အဲဒီမိုးပျံကားရဲ့ ကိုယ်ထည်ဟာ သုံးဘီးကားပုံသဏ္ဌာန်ရှိပြီး အပေါ်မှာ ဒရုန်းလိုမျိုး ပန်ကာအကြီးလေးခု ရေပြင်ညီ တပ်ဆင်ထားပါတယ်။ သြဂုတ် ၅ ရက်နေ့က ဂျပန်နိုင်ငံ အရှေ့ပိုင်းမှာ အဲဒီမိုးပျံကားကို စမ်းသပ်မောင်းနှင်ခဲ့ပြီး သူဟာ အမြင့် ၁၀ ပေအထိ ရောက်ရှိနိုင်ပါတယ်။ မိုးပျံကားကို မောင်းသူမဲ့ လေကြောင်းပို့ဆောင်ရေးယာဉ်အဖြစ် ဒီဇိုင်းဆွဲခဲ့တာလို့ NEC ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။ ဂျပန်အစိုးရဟာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးကနေ လူတွေပါ လိုက်ပါစီးနင်းနိုင်တဲ့ စီးပွားဖြစ် မိုးပျံယာဉ်လုပ်ငန်းကို ၂၀၂၃ ခုနှစ်ကနေ ၂၀၃၀ အတွင်း အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပါတယ်။
Zawgyi Version ဂ်ပန္ NEC ေကာ္ပိုေရးရွင္းက မိုးပ်ံကား မိတ္ဆက္ပ်ံသန္းျပ (႐ုပ္သံ) DVB ဂ်ပန္အီလက္ထေရာနစ္ ကုမၸဏီ NEC ေကာ္ပိုေရးရွင္းက မိုးပ်ံကား ေရွ႕ေျပးပုံစံတခုကို အခုသီတင္းပတ္အတြင္း စတင္မိတ္ဆက္လိုက္ၿပီး ေလထဲမွာ တမိနစ္နီးပါး ပ်ံသန္းျပခဲ့ပါတယ္။ အဲဒီမိုးပ်ံကားရဲ႕ ကိုယ္ထည္ဟာ သုံးဘီးကားပုံသဏၭာန္ရွိၿပီး အေပၚမွာ ဒ႐ုန္းလိုမ်ိဳး ပန္ကာအႀကီးေလးခု ေရျပင္ညီ တပ္ဆင္ထားပါတယ္။ ၾသဂုတ္ ၅ ရက္ေန႔က ဂ်ပန္ႏိုင္ငံ အေရွ႕ပိုင္းမွာ အဲဒီမိုးပ်ံကားကို စမ္းသပ္ေမာင္းႏွင္ခဲ့ၿပီး သူဟာ အျမင့္ ၁၀ ေပအထိ ေရာက္ရွိႏိုင္ပါတယ္။ မိုးပ်ံကားကို ေမာင္းသူမဲ့ ေလေၾကာင္းပို႔ေဆာင္ေရးယာဥ္အျဖစ္ ဒီဇိုင္းဆြဲခဲ့တာလို႔ NEC ကုမၸဏီ တာဝန္ရွိသူေတြက ေျပာပါတယ္။ ဂ်ပန္အစိုးရဟာ ကုန္ပစၥည္း သယ္ယူပို႔ေဆာင္ေရးကေန လူေတြပါ လိုက္ပါစီးနင္းႏိုင္တဲ့ စီးပြားျဖစ္ မိုးပ်ံယာဥ္လုပ္ငန္းကို ၂၀၂၃ ခုႏွစ္ကေန ၂၀၃၀ အတြင္း အေကာင္အထည္ေဖာ္ဖို႔ ရည္႐ြယ္ထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up