Home
မြန်မာသတင်း
ယစ်မျိုးလိုင်စင်မရှိဘဲ ရောင်းချမှု အရေးမယူသည့် ဝန်ထမ်းများကို စိစစ်အရေးယူမည်ဟု စစ်ကိုင်း နယ်လုံဝန်ကြီးပြော
Aung Ko Latt
·
August 7, 2019
ယစ်မျိုးလိုင်စင် မရှိဘဲ ရောင်းချနေတဲ့ဆိုင်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ထွေအုပ်၊ ရဲကို တိုင်တန်းလို့မှ ဖမ်းဆီးအရေးယူတာ မရှိရင် တိုင်းအစိုးရကို တိုင်တန်းလာပါက အရေးမယူတဲ့ ဝန်ထမ်းကို စိစစ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးက ပြောဆိုလိုက်ပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လိုင်စင်နဲ့ရောင်းချနေတဲ့ အရက်၊ ဘီယာ၊ ထန်းရည် စတဲ့ ယစ်မျိုးဆိုင်တွေရှိသလို တရားမဝင်ရောင်းချနေတဲ့ ဆိုင်အရေအတွက်ကလည်း အများအပြား ရှိနေပါတယ်။  သက်ဆိုင်ရာ ထွေအုပ်၊ ရဲစတဲ့ ဌာနဆိုင်ရာဝန်ထမ်းအချို့က အရက်၊ ဘီယာဆိုင်တွေကနေ လစဉ်ကြေး ယူထားတဲ့အတွက် တရားမဝင်ဆိုင်တွေကို တိုင်တန်းသူရှိပေမယ့် ဖမ်းဆီးတာမရှိတဲ့ အပြင် နိုင်ငံတော်လည်း အခွန်ဘဏ္ဍာ လျော့နည်းတာကြောင့် တိုင်းအစိုးရက စိစစ်ကြပ်မတ်ဖို့ လိုအပ်နေတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပတဲ့ အကြိမ် ၂၀ မြောက် တိုင်းလွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ယစ်မျိုးလိုင်စင်အမျိုးအစား ၁၈ မျိုးအတွက် ဆိုင်ပေါင်း ၃၃၇၃ ဆိုင်ကို လိုင်စင်ချထားပေးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ စတင်ကာ ထွေအုပ်ရုံးချုပ်ကနေ ယစ်မျိုးလိုင်စင်သစ်တွေ ခွင့်မပြုရဆိုတဲ့ အမိန့်ကြောင့် အခုအချိန်ထိ လိုင်စင်အသစ်ချထားပေးတာ မရှိဘဲ လိုင်စင်ဟောင်းကိုသာ သက်တမ်းတိုးပေးနေတာလို့ လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောပါတယ်။  အခွန်ကိုတော့ ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေကို ကြည့်ပြီး ကောက်ခံနေသလို တရားမဝင်ဆိုင်တွေ ပပျောက်စေရေး လစဉ်စစ်ဆေးနေပြီး ဖမ်းဆီးတာမရှိရင် စိစစ်အရေးယူ သွားမယ်လို့ ပြန်လည်ဖြေကြားခဲ့တာပါ။ အရက်၊ ဘီယာ၊ ထန်းရည် စတဲ့ ယစ်မျိုးရောင်းချတဲ့ ဆိုင်တွေကို စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ဆေးရုံ စတဲ့ အနီးပတ်ဝန်းကျင်တွေမှာ ရောင်းချတာ မလုပ်ဖို့ ညွှန်ကြားချက်တချို့ ရှိပေမယ့် မြို့တိုင်းမှာ အလွယ်တကူ ရှာဖွေ ဝယ်ယူရရှိနေတာလည်း ဖြစ်ပါတယ်။  ဒါ့အပြင် အရက်အတု ရောင်းချတာ၊ ပြည်ပက တရားမဝင် တင်သွင်းလာတဲ့ အရက်၊ ဘီယာတွေကိုလည်း စိစစ်ဖမ်းဆီးမှု အားနည်းတာကြောင့် လူငယ်တွေ အရက်၊ ဘီယာ သောက်သုံးမှု များပြားလာသလို အရွယ်မလွန်ခင် သေဆုံးမှုနှုန်းတွေလည်း များပြားလာနေတယ်လို့လည်း ကိုယ်စားလှယ်က ပြောဆိုခဲ့ပါသေးတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ယစ္မ်ိဳးလိုင္စင္မရွိဘဲ ေရာင္းခ်မႈ အေရးမယူသည့္ ဝန္ထမ္းမ်ားကို စိစစ္အေရးယူမည္ဟု စစ္ကိုင္း နယ္လုံဝန္ႀကီးေျပာ  ေအာင္ကိုလတ္ ယစ္မ်ိဳးလိုင္စင္ မရွိဘဲ ေရာင္းခ်ေနတဲ့ဆိုင္ေတြနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ ေထြအုပ္၊ ရဲကို တိုင္တန္းလို႔မွ ဖမ္းဆီးအေရးယူတာ မရွိရင္ တိုင္းအစိုးရကို တိုင္တန္းလာပါက အေရးမယူတဲ့ ဝန္ထမ္းကို စိစစ္ၿပီး ထိထိေရာက္ေရာက္ အေရးယူသြားမယ္လို႔ စစ္ကိုင္းတိုင္း နယ္လုံဝန္ႀကီးက ေျပာဆိုလိုက္ပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း လိုင္စင္နဲ႔ေရာင္းခ်ေနတဲ့ အရက္၊ ဘီယာ၊ ထန္းရည္ စတဲ့ ယစ္မ်ိဳးဆိုင္ေတြရွိသလို တရားမဝင္ေရာင္းခ်ေနတဲ့ ဆိုင္အေရအတြက္ကလည္း အမ်ားအျပား ရွိေနပါတယ္။ သက္ဆိုင္ရာ ေထြအုပ္၊ ရဲစတဲ့ ဌာနဆိုင္ရာဝန္ထမ္းအခ်ိဳ႕က အရက္၊ ဘီယာဆိုင္ေတြကေန လစဥ္ေၾကး ယူထားတဲ့အတြက္ တရားမဝင္ဆိုင္ေတြကို တိုင္တန္းသူရွိေပမယ့္ ဖမ္းဆီးတာမရွိတဲ့ အျပင္ ႏိုင္ငံေတာ္လည္း အခြန္ဘ႑ာ ေလ်ာ့နည္းတာေၾကာင့္ တိုင္းအစိုးရက စိစစ္ၾကပ္မတ္ဖို႔ လိုအပ္ေနတဲ့အတြက္ စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအာင္ေမရီက ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပတဲ့ အႀကိမ္ ၂၀ ေျမာက္ တိုင္းလႊတ္ေတာ္မွာ ေမးခြန္းေမးျမန္းခဲ့ပါတယ္။ ၂၀၁၈-၁၉ ဘ႑ာႏွစ္မွာ ယစ္မ်ိဳးလိုင္စင္အမ်ိဳးအစား ၁၈ မ်ိဳးအတြက္ ဆိုင္ေပါင္း ၃၃၇၃ ဆိုင္ကို လိုင္စင္ခ်ထားေပးခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္ကေန စတင္ကာ ေထြအုပ္႐ုံးခ်ဳပ္ကေန ယစ္မ်ိဳးလိုင္စင္သစ္ေတြ ခြင့္မျပဳရဆိုတဲ့ အမိန႔္ေၾကာင့္ အခုအခ်ိန္ထိ လိုင္စင္အသစ္ခ်ထားေပးတာ မရွိဘဲ လိုင္စင္ေဟာင္းကိုသာ သက္တမ္းတိုးေပးေနတာလို႔ လုံနယ္ဝန္ႀကီး ဗိုလ္မႉးႀကီး သန္းထြန္းေအာင္က ေျပာပါတယ္။ အခြန္ကိုေတာ့ ရန္ကုန္၊ မႏၲေလး စတဲ့ၿမိဳ႕ႀကီးေတြကို ၾကည့္ၿပီး ေကာက္ခံေနသလို တရားမဝင္ဆိုင္ေတြ ပေပ်ာက္ေစေရး လစဥ္စစ္ေဆးေနၿပီး ဖမ္းဆီးတာမရွိရင္ စိစစ္အေရးယူ သြားမယ္လို႔ ျပန္လည္ေျဖၾကားခဲ့တာပါ။ အရက္၊ ဘီယာ၊ ထန္းရည္ စတဲ့ ယစ္မ်ိဳးေရာင္းခ်တဲ့ ဆိုင္ေတြကို စာသင္ေက်ာင္း၊ တကၠသိုလ္၊ ေကာလိပ္၊ ေဆး႐ုံ စတဲ့ အနီးပတ္ဝန္းက်င္ေတြမွာ ေရာင္းခ်တာ မလုပ္ဖို႔ ၫႊန္ၾကားခ်က္တခ်ိဳ႕ ရွိေပမယ့္ ၿမိဳ႕တိုင္းမွာ အလြယ္တကူ ရွာေဖြ ဝယ္ယူရရွိေနတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အရက္အတု ေရာင္းခ်တာ၊ ျပည္ပက တရားမဝင္ တင္သြင္းလာတဲ့ အရက္၊ ဘီယာေတြကိုလည္း စိစစ္ဖမ္းဆီးမႈ အားနည္းတာေၾကာင့္ လူငယ္ေတြ အရက္၊ ဘီယာ ေသာက္သုံးမႈ မ်ားျပားလာသလို အ႐ြယ္မလြန္ခင္ ေသဆုံးမႈႏႈန္းေတြလည္း မ်ားျပားလာေနတယ္လို႔လည္း ကိုယ္စားလွယ္က ေျပာဆိုခဲ့ပါေသးတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024