Home
ဆောင်းပါး
လူတွေကို ပြန်ကူညီမယ်ဆိုတဲ့ လူထဲကသူ “နန်းဆိုင်လူ”
DVB
·
August 7, 2019
“သမီးကို ပြည်သူတွေက ကူညီပေးခဲ့ပြီ၊ ပြည်သူတွေကို သမီး ပြန်ကူညီရတော့မယ်” ဟု အသက် (၁၃) နှစ်အရွယ် နန်းဆိုင်လူက ပြုံးပျော်ပြီး ပြောသည်။ သူမသည် အသက် (၁၁) နှစ်အရွယ်က ဆယ်ကျော်သက် ဟော်မုန်း ပြောင်းလဲမှုကြောင့် ရင်သားတဖက်ကို ၂၆ ပေါင်ရှိသည့် ရင်သား ကြီးထွားလွန်းသည့် ဝေဒနာကို ခံစားခဲ့ရပြီး အလွန်လေးလံသော ရင်သားနှစ်ဖက်ကြောင့် လမ်းမလျှောက်နိုင်အောင် ဖြစ်ခဲ့ရသည်။ သူမအသက် ၁၃ နှစ်အရွယ်တွင် သီပေါမြို့နယ်မှ ကားဖြင့် ၄ နာရီကြာသွားရပြီး လူသိနည်းသည့် သူမတို့ရွာသို့ လူမှုကူညီရေးအသင်းမှ ရောက်သွားကာ ရင်သားများ ကြီးထွားလွန်းသည့် ဝေဒနာခံစားနေရသူ သူမကို တွေ့ဆုံခဲ့ပြီး ခွဲစိတ်ကုသနိုင်ရန် ၂၀၁၈ ခုနှစ်၊ ဧပြီလ အစောပိုင်းတွင် သီပေါမြို့ ပြည်သူ့ဆေးရုံကို ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ နန်းဆိုင်လူကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် သီပေါမြို့မှ ဆေးရုံအုပ်ဖြစ်သူ ဒေါက်တာနန္ဒဝင်း ဦးဆောင်သောအဖွဲ့က ခွဲစိတ်မှု ပြုလုပ်ပေးခဲ့သည်။ နန်းဆိုင်လူသည် မိသားစုထဲတွင် သမီးကြီးဖြစ်ပြီး ကျောင်းမနေခဲ့ရဘဲ မောင်ငယ်၊ ညီမငယ်များကို ကူညီထိန်းကျောင်းပေးခဲ့ရသည်။ကျေးလက်ထုံးစံအရ သမီး မွေးဖွားလာပါက ပညာသင်ပေးရန် ဦးစားမပေးဘဲ အချိန်တန်ရင် အိမ်ထောင်ပြုကာ ခင်ပွန်းနောက်ကို လိုက်ပါသွားရမည့်သူအဖြစ် သဘောထားကာ ကိုယ့်ထက်ငယ်သည့် ကလေးများကို ထိန်းကျောင်းပေးရသည့် အလေ့အထရှိသည့် ရွာတွင် နန်းဆိုင်လူ မွေးဖွားကြီးပြင်းခဲ့သည်။ ကျောင်းမနေခဲ့ရသည့် နန်းဆိုင်လူကို ရင်သားခွဲစိတ်မှု အောင်မြင်ပြီးနောက် အသက်မွေးဝမ်းကျောင်းပညာလည်း ဖြစ်၊ သူမကိုယ်တိုင်လည်း ဝါသနာပါသည့် အပ်ချုပ်ပညာ သင်ကြားရန် ဒေါက်တာနန္ဒဝင်းက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ သူမသည် စက်ချုပ်ပညာကို ၈ လကြာ သင်ကြားပြီးနောက် အများပြည်သူအကျိုးအတွက် တပိုင်တနိုင် လုပ်အားဒါနပြုသည့်အနေဖြင့် အဝတ်ဟောင်းများကို ပြန်လည်လျှော်ဖွပ် ပြင်ဆင်ချုပ်လုပ်ပြီး မီးပူတိုက်ကာ လိုအပ်နေသည့် စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံတက် လူနာများကို မျှဝေလှူဒါန်းနေသည်။ “နယ်အသီးသီးက ပို့လာတဲ့ အဝတ်အစားတွေ ရောက်လာရင် သမီးက ပြန်လျှော်တယ်။ ပြင်ချုပ်စရာရှိတာ ပြင်တယ်။ နောက် မီးပူတိုက်၊ ဆိုက်(အရွယ်အစား)တွေခွဲပြီး အိတ်ထဲ ထည့်သိမ်းတယ်။ ဆေးရုံမှာ အရေးပေါ်လူနာတွေ ရောက်လာရင် လိုအပ်တဲ့ဆိုက် ချက်ချင်းပေးလို့ ရအောင် လုပ်ပေးထားတယ်” ဟု နန်းဆိုင်လူက အဝတ်များကို ရွေးနေရင်း ပြောပြသည်။ အသက် (၁၄) နှစ်ကျော်အရွယ် နန်းဆိုင်လူက မိမိလုပ်အားဒါနဖြင့် အများပြည်သူကို ကူညီရသည်ကို ဝမ်းသာဂုဏ်ယူနေပြီး သူမ လုပ်နေသည့် တပိုင်တနိုင် အလှူအတွက် မိမိတို့၏ ပိုလျှံနေသည့် အဝတ်များ ပေးပို့ကြပါဟု မေတ္တာရပ်ခံခဲ့သည်။ အဝတ်ပုံ၊ အဝတ်လျှော်စက်နှင့် အပ်ချုပ်စက်များအကြား ဗျာများနေသည့် နန်းဆိုင်လူ တယောက် ရင်သားခွဲစိတ်ပြီးနောက် သွက်လက်စွာ လှုပ်ရှားနေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ နန်းဆိုင်လူအတွက် ကျေးဇူးတင်မဆုံးနိုင်သူကတော့ သူမကို အောင်မြင်စွာ ခွဲစိတ်ကုသပေးပြီး အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးကာ အတတ်ပညာသာမက အသိပညာပါပေးခဲ့သူ ဒေါက်တာနန္ဒဝင်း ဖြစ်သည်။ “လူဆိုတာ တယောက်တည်း နေလို့ မရဘူး။ အများက ကိုယ့်ကို ကူညီတယ်။ ကိုယ်ကလည်း အများကို ကူညီရမယ်လေ။ အသိုင်းအဝိုင်းနဲ့ နေတဲ့အချိန်မှာ ဘယ်လို ပြန်ကူညီမလဲ” ဟု ဒေါက်တာနန္ဒဝင်းက နန်းဆိုင်လူကို မေးခဲ့သည်။ ထိုမေးခွန်းသည် နန်းဆိုင်လူ၏ အတွေးကို စိုးမိုးသွားပြီး သီပေါမြို့နယ်အတွင်း စစ်ရှောင်ဒုက္ခသည်များ အဝတ်အစား မလုံလောက်ခြင်း၊ ဆေးရုံသို့ လာသည့် အရေးပေါ်လူနာများ အဝတ်အစား လိုအပ်မှုရှိခြင်းများကို မကြာခဏ တွေ့မြင်ရသည့် သူမက အဝတ်ဟောင်းများ ပြန်လည်ပြုပြင်ပေးကာ မျှဝေလိုသည်ဟု ဆိုသဖြင့် လူအများ၏ ပိုလျှံနေသည့် အဝတ်ဟောင်းများကို ကောက်ခံကာ ပြန်လည်ပြင်ဆင်ပြီး လိုအပ်သူများကို ဝေငှနိုင်ရန် စီစဉ်ပေးခဲ့သည်ဟု ဒေါက်တာနန္ဒဝင်းက ပြန်ပြောပြသည်။ “ဒီကလေးက ပညာက ကျောင်းစာပညာမတတ်ဘူး။ သူ့ကို ရင်ဘတ်ခွဲပြီးရင် ပြန်လွှတ်လို့ ရပြီ။ အဲဒီအချိန်မှာ သူ့ကို ဘဝမှာ ဆက်ရပ်တည်ဖို့ တခုခုသင်ပေးဖို့ ကျနော်တို့ စဉ်းစားလိုက်တော့ သူကလည်း အပ်ချုပ်သင်ချင်တယ်ဆိုလို့ သင်ပေးလိုက်တာပါ” ဟု ဒေါက်တာနန္ဒဝင်းက ဆိုသည်။ [caption id="attachment_341133" align="alignleft" width="384"] မခွဲစိတ်မီက နန်းဆိုင်လူ (ဓာတ်ပုံ - ဒေါက်တာနန္ဒဝင်းဖေ့စ်ဘွတ်ခ်)[/caption] အသက် (၁၄) နှစ်ကျော်အရွယ် နန်းဆိုင်လူတယောက် ရင်သား ခွဲစိတ်ထုတ်ပြီးနောက်ပိုင်း သာမန်ဘဝကို ပြန်လည်တည်ဆောက်ရန် ခက်ခဲနိုင်ပြီး အိမ်ထောင်ပြုပြီး ကလေး မွေးဖွားလာပါကလည်း မိခင်နို့ တိုက်ကျွေးနိုင်မည်မဟုတ်ကြောင်း ဒေါက်တာနန္ဒဝင်းက ပြောပြသည်။ ထို့ကြောင့် သူမအနေဖြင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန်နှင့် လောကဓံကို ခံနိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်းပညာ ဖြစ်သည့် စက်ချုပ်ပညာ သင်ကြားပေးကာ ဒီဇိုင်းနာကောင်း (အဝတ်အစားပုံစံထုတ်လုပ်သူ) တဦးဖြစ်သည့်အထိ မြေတောင်မြှောက်ပေးမည်ဟုလည်း ဒေါက်တာနန္ဒဝင်းက ပြောပြသည်။ “သူ ချုပ်တတ်နေပြီ။ ဆိုင်ဖွင့်နိုင်ပေမယ့် သူက (၁၅) နှစ် မပြည့်သေးဘူး။ အခုတော့ ဆေးရုံကလူတွေ လာအပ်တာပဲ လက်ခံတယ်။ အပြင်လောကနဲ့ မထိတွေ့စေချင်သေးဘူး။ သူ ခံနိုင်ရည်ရှိဦးမယ် မထင်ဘူး။ ကလေးက ရင်မဆိုင်နိုင်သေးဘူး။ ဒါကြောင့် မျက်စိအောက်မှာထားပြီး လေ့ကျင့်ပေးနေရသေးတယ်” ဟု နန်းဆိုင်လူကို ကူညီထောက်ပံ့ပေးနေသည့် ဒေါက်တာနန္ဒဝင်းက ပြောသည်။ နန်းဆိုင်လူသည် သူမ နေထိုင်ခဲ့သည့် ကျေးရွာကိုပြန်ရန် မဝံ့မရဲဖြစ်နေပြီး အတိတ်က ဖြစ်ခဲ့သည့် ရင်သားကြီးထွားမှု ဝေဒနာအပေါ် ရွာမှ လူအများက ရယ်(ရီ)စရာအဖြစ် စနောက်ခံခဲ့ရသည့် စိတ်ဒဏ်ရာက သူမကို လွှမ်းမိုးနေဆဲ ဖြစ်သည်။ “ရွာကို မပြန်ချင်ဘူး။ ဒီမှာပဲ ဆက်နေချင်တယ်။ ရွာမှာလည်း ဘာမှလုပ်စရာ မရှိဘူး။ နောက် သမီးကို စနောက်ကြတယ်လေ” ဟု နန်းဆိုင်လူက ပြောပြနေသည်။ ဒေါက်တာနန္ဒဝင်းက “အရင် သူ နေမကောင်းတဲ့ ကာလတုန်းက ရွာကလူတွေက စနောက်စရာ သဘောထားခဲ့ကြတယ်။ အဲဒါကြောင့် ကလေးက သူ့အတိတ်ကို ပြန်မရင်ဆိုင်ရဲသေးဘူး” ဟု ဒေါက်တာ နန္ဒဝင်းက ဆိုသည်။ နန်းဆိုင်လူအား ပတ်ဝန်းကျင်ကို ပြန်လည်စောင့်ရှောက်နိုင်မည့်သူ ဖြစ်စေချင်ကြောင်း ဒေါက်တာနန္ဒဝင်းက ပြောသည်။ လွန်ခဲ့သည့် တနှစ်ခန့်အထိ ခြေတလှမ်း လျှောက်ဖို့အတွက် အလွန်အားစိုက်ရပြီး လမ်းလျှောက်ဖို့ ကြောက်ရွံ့နေရသည့် နန်းဆိုင်လူတယောက် လက်ရှိအချိန်မှာတော့ ပြေးလွှား ဆော့ကစားနိုင်ခဲ့ပါပြီ။ “အခု သမီးလုပ်ချင်တာ လုပ်လို့ရပြီ၊ သွားချင်တာ သွားလို့ရပြီ။ ပြည်သူတွေကို ကူညီဖို့ပဲ ဆက်ကြိုးစားရတော့မယ်” ဟု ဝမ်းသာစွာဖြင့် သူမက ပြောသည်။ နန်းဆိုင်လူသည် လက်ရှိမှာ ဒီဇိုင်နာပညာ (အဝတ်အစားပုံစံ ထုတ်လုပ်သည့်ပညာ) ကို ဆက်လက်သင်ကြားနေပြီး သူမကို ကူညီခဲ့သည့် ပြည်သူများနှင့် ကျေးရွာဒေသမှ လူအများကို ပြန်လည်ကူညီသွားရန် စိတ်အားထက်သန်နေသည်။ “လက်ရှိမှာတော့ ဒီပိုလျှံနေတဲ့ အဝတ်ဟောင်းတွေကို ပြုပြင်ပြီး ပြည်သူတွေကို ပြန်ကူညီနိုင်တာ ဝမ်းသာတယ်။ နောက်လည်း အလုပ်တွေ အများကြီးလုပ်ပြီး ဆက်ကူညီမယ်” ဟု သူမက ယုံကြည်ချက်အပြည့်နှင့် ပျော်ရွှင်စွာ ပြောပြသည်။ နန်းဆိုင်နွမ် (hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။)
Zawgyi Version လူေတြကို ျပန္ကူညီမယ္ဆိုတဲ့ လူထဲကသူ “နန္းဆိုင္လူ” နန္းဆိုင္ႏြမ္ “သမီးကို ျပည္သူေတြက ကူညီေပးခဲ့ၿပီ၊ ျပည္သူေတြကို သမီး ျပန္ကူညီရေတာ့မယ္” ဟု အသက္ (၁၃) ႏွစ္အ႐ြယ္ နန္းဆိုင္လူက ၿပဳံးေပ်ာ္ၿပီး ေျပာသည္။ သူမသည္ အသက္ (၁၁) ႏွစ္အ႐ြယ္က ဆယ္ေက်ာ္သက္ ေဟာ္မုန္း ေျပာင္းလဲမႈေၾကာင့္ ရင္သားတဖက္ကို ၂၆ ေပါင္ရွိသည့္ ရင္သား ႀကီးထြားလြန္းသည့္ ေဝဒနာကို ခံစားခဲ့ရၿပီး အလြန္ေလးလံေသာ ရင္သားႏွစ္ဖက္ေၾကာင့္ လမ္းမေလွ်ာက္ႏိုင္ေအာင္ ျဖစ္ခဲ့ရသည္။ သူမအသက္ ၁၃ ႏွစ္အ႐ြယ္တြင္ သီေပါၿမိဳ႕နယ္မွ ကားျဖင့္ ၄ နာရီၾကာသြားရၿပီး လူသိနည္းသည့္ သူမတို႔႐ြာသို႔ လူမႈကူညီေရးအသင္းမွ ေရာက္သြားကာ ရင္သားမ်ား ႀကီးထြားလြန္းသည့္ ေဝဒနာခံစားေနရသူ သူမကို ေတြ႕ဆုံခဲ့ၿပီး ခြဲစိတ္ကုသႏိုင္ရန္ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ အေစာပိုင္းတြင္ သီေပါၿမိဳ႕ ျပည္သူ႔ေဆး႐ုံကို ေခၚေဆာင္ခဲ့ျခင္း ျဖစ္သည္။ နန္းဆိုင္လူကို ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၉ ရက္ေန႔တြင္ သီေပါၿမိဳ႕မွ ေဆး႐ုံအုပ္ျဖစ္သူ ေဒါက္တာနႏၵဝင္း ဦးေဆာင္ေသာအဖြဲ႕က ခြဲစိတ္မႈ ျပဳလုပ္ေပးခဲ့သည္။ နန္းဆိုင္လူသည္ မိသားစုထဲတြင္ သမီးႀကီးျဖစ္ၿပီး ေက်ာင္းမေနခဲ့ရဘဲ ေမာင္ငယ္၊ ညီမငယ္မ်ားကို ကူညီထိန္းေက်ာင္းေပးခဲ့ရသည္။ ေက်းလက္ထုံးစံအရ သမီး ေမြးဖြားလာပါက ပညာသင္ေပးရန္ ဦးစားမေပးဘဲ အခ်ိန္တန္ရင္ အိမ္ေထာင္ျပဳကာ ခင္ပြန္းေနာက္ကို လိုက္ပါသြားရမည့္သူအျဖစ္ သေဘာထားကာ ကိုယ့္ထက္ငယ္သည့္ ကေလးမ်ားကို ထိန္းေက်ာင္းေပးရသည့္ အေလ့အထရွိသည့္ ႐ြာတြင္ နန္းဆိုင္လူ ေမြးဖြားႀကီးျပင္းခဲ့သည္။ ေက်ာင္းမေနခဲ့ရသည့္ နန္းဆိုင္လူကို ရင္သားခြဲစိတ္မႈ ေအာင္ျမင္ၿပီးေနာက္ အသက္ေမြးဝမ္းေက်ာင္းပညာလည္း ျဖစ္၊ သူမကိုယ္တိုင္လည္း ဝါသနာပါသည့္ အပ္ခ်ဳပ္ပညာ သင္ၾကားရန္ ေဒါက္တာနႏၵဝင္းက စီစဥ္ေပးခဲ့ျခင္း ျဖစ္သည္။ သူမသည္ စက္ခ်ဳပ္ပညာကို ၈ လၾကာ သင္ၾကားၿပီးေနာက္ အမ်ားျပည္သူအက်ိဳးအတြက္ တပိုင္တႏိုင္ လုပ္အားဒါနျပဳသည့္အေနျဖင့္ အဝတ္ေဟာင္းမ်ားကို ျပန္လည္ေလွ်ာ္ဖြပ္ ျပင္ဆင္ခ်ဳပ္လုပ္ၿပီး မီးပူတိုက္ကာ လိုအပ္ေနသည့္ စစ္ေဘးေရွာင္စခန္းမ်ား၊ ေဆး႐ုံတက္ လူနာမ်ားကို မွ်ေဝလႉဒါန္းေနသည္။ “နယ္အသီးသီးက ပို႔လာတဲ့ အဝတ္အစားေတြ ေရာက္လာရင္ သမီးက ျပန္ေလွ်ာ္တယ္။ ျပင္ခ်ဳပ္စရာရွိတာ ျပင္တယ္။ ေနာက္ မီးပူတိုက္၊ ဆိုက္(အ႐ြယ္အစား)ေတြခြဲၿပီး အိတ္ထဲ ထည့္သိမ္းတယ္။ ေဆး႐ုံမွာ အေရးေပၚလူနာေတြ ေရာက္လာရင္ လိုအပ္တဲ့ဆိုက္ ခ်က္ခ်င္းေပးလို႔ ရေအာင္ လုပ္ေပးထားတယ္” ဟု နန္းဆိုင္လူက အဝတ္မ်ားကို ေ႐ြးေနရင္း ေျပာျပသည္။ အသက္ (၁၄) ႏွစ္ေက်ာ္အ႐ြယ္ နန္းဆိုင္လူက မိမိလုပ္အားဒါနျဖင့္ အမ်ားျပည္သူကို ကူညီရသည္ကို ဝမ္းသာဂုဏ္ယူေနၿပီး သူမ လုပ္ေနသည့္ တပိုင္တႏိုင္ အလႉအတြက္ မိမိတို႔၏ ပိုလွ်ံေနသည့္ အဝတ္မ်ား ေပးပို႔ၾကပါဟု ေမတၱာရပ္ခံခဲ့သည္။ အဝတ္ပုံ၊ အဝတ္ေလွ်ာ္စက္ႏွင့္ အပ္ခ်ဳပ္စက္မ်ားအၾကား ဗ်ာမ်ားေနသည့္ နန္းဆိုင္လူ တေယာက္ ရင္သားခြဲစိတ္ၿပီးေနာက္ သြက္လက္စြာ လႈပ္ရွားေနသည္ကိုလည္း ျမင္ေတြ႕ခဲ့ရသည္။ နန္းဆိုင္လူအတြက္ ေက်းဇူးတင္မဆုံးႏိုင္သူကေတာ့ သူမကို ေအာင္ျမင္စြာ ခြဲစိတ္ကုသေပးၿပီး အသက္ေမြးဝမ္းေက်ာင္းပညာ သင္ၾကားေပးကာ အတတ္ပညာသာမက အသိပညာပါေပးခဲ့သူ ေဒါက္တာနႏၵဝင္း ျဖစ္သည္။ “လူဆိုတာ တေယာက္တည္း ေနလို႔ မရဘူး။ အမ်ားက ကိုယ့္ကို ကူညီတယ္။ ကိုယ္ကလည္း အမ်ားကို ကူညီရမယ္ေလ။ အသိုင္းအဝိုင္းနဲ႔ ေနတဲ့အခ်ိန္မွာ ဘယ္လို ျပန္ကူညီမလဲ” ဟု ေဒါက္တာနႏၵဝင္းက နန္းဆိုင္လူကို ေမးခဲ့သည္။ ထိုေမးခြန္းသည္ နန္းဆိုင္လူ၏ အေတြးကို စိုးမိုးသြားၿပီး သီေပါၿမိဳ႕နယ္အတြင္း စစ္ေရွာင္ဒုကၡသည္မ်ား အဝတ္အစား မလုံေလာက္ျခင္း၊ ေဆး႐ုံသို႔ လာသည့္ အေရးေပၚလူနာမ်ား အဝတ္အစား လိုအပ္မႈရွိျခင္းမ်ားကို မၾကာခဏ ေတြ႕ျမင္ရသည့္ သူမက အဝတ္ေဟာင္းမ်ား ျပန္လည္ျပဳျပင္ေပးကာ မွ်ေဝလိုသည္ဟု ဆိုသျဖင့္ လူအမ်ား၏ ပိုလွ်ံေနသည့္ အဝတ္ေဟာင္းမ်ားကို ေကာက္ခံကာ ျပန္လည္ျပင္ဆင္ၿပီး လိုအပ္သူမ်ားကို ေဝငွႏိုင္ရန္ စီစဥ္ေပးခဲ့သည္ဟု ေဒါက္တာနႏၵဝင္းက ျပန္ေျပာျပသည္။ “ဒီကေလးက ပညာက ေက်ာင္းစာပညာမတတ္ဘူး။ သူ႔ကို ရင္ဘတ္ခြဲၿပီးရင္ ျပန္လႊတ္လို႔ ရၿပီ။ အဲဒီအခ်ိန္မွာ သူ႔ကို ဘဝမွာ ဆက္ရပ္တည္ဖို႔ တခုခုသင္ေပးဖို႔ က်ေနာ္တို႔ စဥ္းစားလိုက္ေတာ့ သူကလည္း အပ္ခ်ဳပ္သင္ခ်င္တယ္ဆိုလို႔ သင္ေပးလိုက္တာပါ” ဟု ေဒါက္တာနႏၵဝင္းက ဆိုသည္။ အသက္ (၁၄) ႏွစ္ေက်ာ္အ႐ြယ္ နန္းဆိုင္လူတေယာက္ ရင္သား ခြဲစိတ္ထုတ္ၿပီးေနာက္ပိုင္း သာမန္ဘဝကို ျပန္လည္တည္ေဆာက္ရန္ ခက္ခဲႏိုင္ၿပီး အိမ္ေထာင္ျပဳၿပီး ကေလး ေမြးဖြားလာပါကလည္း မိခင္ႏို႔ တိုက္ေကြၽးႏိုင္မည္မဟုတ္ေၾကာင္း ေဒါက္တာနႏၵဝင္းက ေျပာျပသည္။ ထို႔ေၾကာင့္ သူမအေနျဖင့္ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ႏိုင္ရန္ႏွင့္ ေလာကဓံကို ခံႏိုင္ရန္အတြက္ အသက္ေမြးဝမ္းေက်ာင္းပညာ ျဖစ္သည့္ စက္ခ်ဳပ္ပညာ သင္ၾကားေပးကာ ဒီဇိုင္းနာေကာင္း (အဝတ္အစားပုံစံထုတ္လုပ္သူ) တဦးျဖစ္သည့္အထိ ေျမေတာင္ေျမႇာက္ေပးမည္ဟုလည္း ေဒါက္တာနႏၵဝင္းက ေျပာျပသည္။ “သူ ခ်ဳပ္တတ္ေနၿပီ။ ဆိုင္ဖြင့္ႏိုင္ေပမယ့္ သူက (၁၅) ႏွစ္ မျပည့္ေသးဘူး။ အခုေတာ့ ေဆး႐ုံကလူေတြ လာအပ္တာပဲ လက္ခံတယ္။ အျပင္ေလာကနဲ႔ မထိေတြ႕ေစခ်င္ေသးဘူး။ သူ ခံႏိုင္ရည္ရွိဦးမယ္ မထင္ဘူး။ ကေလးက ရင္မဆိုင္ႏိုင္ေသးဘူး။ ဒါေၾကာင့္ မ်က္စိေအာက္မွာထားၿပီး ေလ့က်င့္ေပးေနရေသးတယ္” ဟု နန္းဆိုင္လူကို ကူညီေထာက္ပံ့ေပးေနသည့္ ေဒါက္တာနႏၵဝင္းက ေျပာသည္။ နန္းဆိုင္လူသည္ သူမ ေနထိုင္ခဲ့သည့္ ေက်း႐ြာကိုျပန္ရန္ မဝံ့မရဲျဖစ္ေနၿပီး အတိတ္က ျဖစ္ခဲ့သည့္ ရင္သားႀကီးထြားမႈ ေဝဒနာအေပၚ ႐ြာမွ လူအမ်ားက ရယ္(ရီ)စရာအျဖစ္ စေနာက္ခံခဲ့ရသည့္ စိတ္ဒဏ္ရာက သူမကို လႊမ္းမိုးေနဆဲ ျဖစ္သည္။ “႐ြာကို မျပန္ခ်င္ဘူး။ ဒီမွာပဲ ဆက္ေနခ်င္တယ္။ ႐ြာမွာလည္း ဘာမွလုပ္စရာ မရွိဘူး။ ေနာက္ သမီးကို စေနာက္ၾကတယ္ေလ” ဟု နန္းဆိုင္လူက ေျပာျပေနသည္။ ေဒါက္တာနႏၵဝင္းက “အရင္ သူ ေနမေကာင္းတဲ့ ကာလတုန္းက ႐ြာကလူေတြက စေနာက္စရာ သေဘာထားခဲ့ၾကတယ္။ အဲဒါေၾကာင့္ ကေလးက သူ႔အတိတ္ကို ျပန္မရင္ဆိုင္ရဲေသးဘူး” ဟု ေဒါက္တာ နႏၵဝင္းက ဆိုသည္။ နန္းဆိုင္လူအား ပတ္ဝန္းက်င္ကို ျပန္လည္ေစာင့္ေရွာက္ႏိုင္မည့္သူ ျဖစ္ေစခ်င္ေၾကာင္း ေဒါက္တာနႏၵဝင္းက ေျပာသည္။ လြန္ခဲ့သည့္ တႏွစ္ခန႔္အထိ ေျခတလွမ္း ေလွ်ာက္ဖို႔အတြက္ အလြန္အားစိုက္ရၿပီး လမ္းေလွ်ာက္ဖို႔ ေၾကာက္႐ြံ႕ေနရသည့္ နန္းဆိုင္လူတေယာက္ လက္ရွိအခ်ိန္မွာေတာ့ ေျပးလႊား ေဆာ့ကစားႏိုင္ခဲ့ပါၿပီ။ “အခု သမီးလုပ္ခ်င္တာ လုပ္လို႔ရၿပီ၊ သြားခ်င္တာ သြားလို႔ရၿပီ။ ျပည္သူေတြကို ကူညီဖို႔ပဲ ဆက္ႀကိဳးစားရေတာ့မယ္” ဟု ဝမ္းသာစြာျဖင့္ သူမက ေျပာသည္။ နန္းဆိုင္လူသည္ လက္ရွိမွာ ဒီဇိုင္နာပညာ (အဝတ္အစားပုံစံ ထုတ္လုပ္သည့္ပညာ) ကို ဆက္လက္သင္ၾကားေနၿပီး သူမကို ကူညီခဲ့သည့္ ျပည္သူမ်ားႏွင့္ ေက်း႐ြာေဒသမွ လူအမ်ားကို ျပန္လည္ကူညီသြားရန္ စိတ္အားထက္သန္ေနသည္။ “လက္ရွိမွာေတာ့ ဒီပိုလွ်ံေနတဲ့ အဝတ္ေဟာင္းေတြကို ျပဳျပင္ၿပီး ျပည္သူေတြကို ျပန္ကူညီႏိုင္တာ ဝမ္းသာတယ္။ ေနာက္လည္း အလုပ္ေတြ အမ်ားႀကီးလုပ္ၿပီး ဆက္ကူညီမယ္” ဟု သူမက ယုံၾကည္ခ်က္အျပည့္ႏွင့္ ေပ်ာ္႐ႊင္စြာ ေျပာျပသည္။ နန္းဆိုင္ႏြမ္ (hiburma.net ဝက္ဘ္ဆိုက္မွ ျပန္လည္ေဖာ္ျပသည္။)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024