Home
မြန်မာသတင်း
နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းထားသည့်ကားအတွင်း သိန်း ၆၀၀၀ ကျော်ဖိုး ဘိန်းဖြူဘလောက်တုံးများ ဖမ်းမိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
August 7, 2019
ကွတ်ခိုင်မြို့နယ်မှာ နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားခဲ့တဲ့ Land Cruiser ကားအတွင်းက ဘိန်းဖြူ ဘလောက်တုံး ကျပ်သိန်း ၆၂၀၀ ဖိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ရဲတပ်ဖွဲ့၊ ကွက်ခိုင်မြို့မရဲစခန်းမှာ မယ (ပ)၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က) အမှုက တရားခံ (ကျန်ရင်းဟောင်) ရဲ့ NPW 6Q/ 7672၊ Land Cruiser ကားကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းထားခဲ့ပြီး အဲဒီကားကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဆောက်လုပ်ရေး ဝန်ကြီးဌာနအတွက် အသုံးပြုဖို့ ထုတ်ပေးခဲ့ရာကနေ ဘိန်းဖြူ ဘလောက်တုံးတွေကို တွေ့ရှိခဲ့တာပါ။ ဖြစ်စဉ်မှာ သြဂုတ် ၅ ရက်နေ့က ကားပြုပြင်ဖို့အတွက် နေပြည်တော်၊ ဘောဂသီရိ ကားဝင်းအတွင်းက ဘုရင့်နောင်ယာဉ်ပြင်ရုံ အမှတ် (ဃ/၃၆) အလုပ်ရုံမှာ အပ်ထားခဲ့စဉ် ကားရဲ့ ဆီတိုင်ကီ အံဝှက်အတွင်းကနေ ဘိန်းဖြူဘလောက်တုံးတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ဝပ်ရှော့ဆရာက သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ ဘိန်းဖြူအလေးချိန်မှာ ၃၅၀ ဂရမ်လောက်စီပါတဲ့ ဘလောက်တုံး ၈၉ တုံး စုစုပေါင်းအလေးချိန် ၃၁ ဒသမ ၁၅ ကီလိုဂရမ်နဲ့ ကာလတန်ဖိုး သိန်း ၆၂၀၀ ကျပ်လောက်ရှိတယ်လို့ သိရပါတယ်။ တရားခံ ကျန်ရင်းဟောင်ကို အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် ပျဉ်းမနားမြို့မရဲစခန်းက မယ (ပ)၈/၂၀၁၉၊ ၁၉၉၃ ခုနှစ် မူး/စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ႏိုင္ငံ့ဘ႑ာအျဖစ္ သိမ္းထားသည့္ကားအတြင္း သိန္း ၆၀၀၀ ေက်ာ္ဖိုး ဘိန္းျဖဴဘေလာက္တုံးမ်ား ဖမ္းမိ ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္) ကြတ္ခိုင္ၿမိဳ႕နယ္မွာ ႏိုင္ငံ့ဘ႑ာအျဖစ္ သိမ္းဆည္းထားခဲ့တဲ့ Land Cruiser ကားအတြင္းက ဘိန္းျဖဴ ဘေလာက္တုံး က်ပ္သိန္း ၆၂၀၀ ဖိုး ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း ရဲတပ္ဖြဲ႕၊ ကြက္ခိုင္ၿမိဳ႕မရဲစခန္းမွာ မယ (ပ)၂၀၁၈၊ မူး/စိတ္ ပုဒ္မ ၁၉(က) အမႈက တရားခံ (က်န္ရင္းေဟာင္) ရဲ႕ NPW 6Q/ 7672၊ Land Cruiser ကားကို ႏိုင္ငံဘ႑ာအျဖစ္ သိမ္းဆည္းထားခဲ့ၿပီး အဲဒီကားကို ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ေဆာက္လုပ္ေရး ဝန္ႀကီးဌာနအတြက္ အသုံးျပဳဖို႔ ထုတ္ေပးခဲ့ရာကေန ဘိန္းျဖဴ ဘေလာက္တုံးေတြကို ေတြ႕ရွိခဲ့တာပါ။ ျဖစ္စဥ္မွာ ၾသဂုတ္ ၅ ရက္ေန႔က ကားျပဳျပင္ဖို႔အတြက္ ေနျပည္ေတာ္၊ ေဘာဂသီရိ ကားဝင္းအတြင္းက ဘုရင့္ေနာင္ယာဥ္ျပင္႐ုံ အမွတ္ (ဃ/၃၆) အလုပ္႐ုံမွာ အပ္ထားခဲ့စဥ္ ကားရဲ႕ ဆီတိုင္ကီ အံဝွက္အတြင္းကေန ဘိန္းျဖဴဘေလာက္တုံးေတြကို ေတြ႕ရွိခဲ့တာျဖစ္ၿပီး ဝပ္ေရွာ့ဆရာက သက္ဆိုင္ရာကို ဆက္သြယ္အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။ ရွာေဖြေတြ႕ရွိခဲ့တဲ့ ဘိန္းျဖဴအေလးခ်ိန္မွာ ၃၅၀ ဂရမ္ေလာက္စီပါတဲ့ ဘေလာက္တုံး ၈၉ တုံး စုစုေပါင္းအေလးခ်ိန္ ၃၁ ဒသမ ၁၅ ကီလိုဂရမ္နဲ႔ ကာလတန္ဖိုး သိန္း ၆၂၀၀ က်ပ္ေလာက္ရွိတယ္လို႔ သိရပါတယ္။ တရားခံ က်န္ရင္းေဟာင္ကို အမႈျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ဥပေဒအရ အေရးယူ ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ ပ်ဥ္းမနားၿမိဳ႕မရဲစခန္းက မယ (ပ)၈/၂၀၁၉၊ ၁၉၉၃ ခုႏွစ္ မူး/စိတ္ပုဒ္မ ၁၉(က) နဲ႔ အမႈဖြင့္ အေရးယူေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024