နေတိုးအတွင်းရေးမှူးချုပ်အား သြစတြေးလျဝန်ကြီးချုပ် ကြိုဆို

သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်ဟာ သြဂုတ် ၇ ရက်နေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို ရောက်လာတဲ့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်း စတော့တန်ဘာ့ဂ်ကို ကြိုဆိုခဲ့ပါတယ်။
နေတိုးအဖွဲ့ရဲ့ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ယူကရိန်း စတဲ့ စစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်တဲ့အတွက် သြစတြေးလျနိုင်ငံကို ကျေးဇူးတင်တယ်လို့ ယန်း စတော့တန်ဘာ့ဂ်က ပြောပါတယ်။
သူတို့နှစ်ဦးဟာ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး လင်းဒါ ရေနို၊ နိုင်ငံခြားရေးဝန်ကြီး မယိစ် ပိန်းတို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။
သြစတြေးလျခရီးစဉ်အတွင်း ယန်း စတော့တန်ဘာ့ဂ်ဟာ Lowy Institute for International Policy ပွဲမှာလည်း မိန့်ခွန်းပြောကြားသွားလိမ့်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
------------
Zawgyi Version
ေနတိုးအတြင္းေရးမႉးခ်ဳပ္အား ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ ႀကိဳဆို
DVB
ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ စေကာ့ ေမာ္ရစ္ဆင္ဟာ ၾသဂုတ္ ၇ ရက္ေန႔က ၾသစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ကို ေရာက္လာတဲ့ ေနတိုးအဖြဲ႔ အတြင္းေရးမႉးခ်ဳပ္ ယန္း စေတာ့တန္ဘာ့ဂ္ကို ႀကိဳဆိုခဲ့ပါတယ္။
ေနတိုးအဖြဲ႔ရဲ႕ အာဖဂန္နစၥတန္၊ အီရတ္နဲ႔ ယူကရိန္း စတဲ့ စစ္ဆင္ေရးေတြမွာ ပူးေပါင္းပါဝင္တဲ့အတြက္ ၾသစေၾတးလ်ႏိုင္ငံကို ေက်းဇူးတင္တယ္လို႔ ယန္း စေတာ့တန္ဘာ့ဂ္က ေျပာပါတယ္။
သူတို႔ႏွစ္ဦးဟာ ၾသစေၾတးလ် ကာကြယ္ေရးဝန္ႀကီး လင္းဒါ ေရႏို၊ ႏိုင္ငံျခားေရးဝန္ႀကီး မယိစ္ ပိန္းတို႔နဲ႔လည္း ေတြ႔ဆုံခဲ့တယ္လို႔ ေဒသခံ မီဒီယာေတြက ေဖာ္ျပပါတယ္။
ၾသစေၾတးလ်ခရီးစဥ္အတြင္း ယန္း စေတာ့တန္ဘာ့ဂ္ဟာ Lowy Institute for International Policy ပြဲမွာလည္း မိန႔္ခြန္းေျပာၾကားသြားလိမ့္မယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။