တိုက်စစ်မှူး ရွန်နီ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းသို့ ပြောင်းရွှေ့မည်

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီဟာ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းဆီကို ၁၈ လစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်။
ရွန်နီဟာ လာမယ့် ဇန်နဝါရီလမှာ ဒါဘီအသင်းကို ပြောင်းရွှေ့မှာဖြစ်ပြီး ကစားသမား၊ နည်းပြအဖြစ် တာဝန်နှစ်ခု ရယူကာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ စာချုပ် ချုပ်ဆိုခဲ့တာပါ။
ဒါဘီအသင်းအတွက် အကောင်းဆုံးလုပ်ပြနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ပြောင်းရွှေ့ခဲ့တာ ဖြစ်တယ်လို့ တိုက်စစ်မှူး ရွန်နီက ပြောလိုက်ပါတယ်။
အသက် ၃၃ နှစ်ရှိ ရွန်နီအနေနဲ့ တပတ်လုပ်ခ ပေါင်တသိန်း ရရှိမှာဖြစ်ပြီး ၁၈ လအတွင်းမှာ ပေါင် ၈ သန်းလောက် ရရှိနိုင်မှာပါ။
ရွန်နီအတွက် လုပ်ခကိုတော့ ဒါဘီအသင်းရဲ့ အဓိက စပွန်ဆာကုမ္ပဏီဖြစ်တဲ့ 32Red က ကူညီပေးမှာဖြစ်ပြီး ရွန်နီဟာ ကျောနံပါတ် ၃၂ ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။
ရွန်နီဟာ ဒီစီယူနိုက်တက်အသင်းမှာ စုစုပေါင်း ၄၃ ပွဲ ကစားခဲ့ပြီး ၂၃ ဂိုးသွင်း၊ ၁၄ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
Zawgyi Version
တိုက္စစ္မႉး ႐ြန္နီ ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းသို႔ ေျပာင္းေ႐ႊ႕မည္
DVB
အဂၤလန္တိုက္စစ္မႉးေဟာင္း ဝိန္းရြန္နီဟာ ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီအသင္းဆီကို ၁၈ လစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူခဲ့ပါတယ္။
ရြန္နီဟာ လာမယ့္ ဇန္နဝါရီလမွာ ဒါဘီအသင္းကို ေျပာင္းေ႐ႊ႕မွာျဖစ္ၿပီး ကစားသမား၊ နည္းျပအျဖစ္ တာဝန္ႏွစ္ခု ရယူကာ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလအထိ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။
ဒါဘီအသင္းအတြက္ အေကာင္းဆုံးလုပ္ျပႏိုင္မယ္ဆိုတဲ့ ယုံၾကည္ခ်က္ေၾကာင့္ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္တယ္လို႔ တိုက္စစ္မႉး ရြန္နီက ေျပာလိုက္ပါတယ္။
အသက္ ၃၃ ႏွစ္ရွိ ရြန္နီအေနနဲ႔ တပတ္လုပ္ခ ေပါင္တသိန္း ရရွိမွာျဖစ္ၿပီး ၁၈ လအတြင္းမွာ ေပါင္ ၈ သန္းေလာက္ ရရွိႏိုင္မွာပါ။
ရြန္နီအတြက္ လုပ္ခကိုေတာ့ ဒါဘီအသင္းရဲ႕ အဓိက စပြန္ဆာကုမၸဏီျဖစ္တဲ့ 32Red က ကူညီေပးမွာျဖစ္ၿပီး ႐ြန္နီဟာ ေက်ာနံပါတ္ ၃၂ ဝတ္ဆင္ကစားသြားမွာ ျဖစ္ပါတယ္။
ရြန္နီဟာ ဒီစီယူႏိုက္တက္အသင္းမွာ စုစုေပါင္း ၄၃ ပြဲ ကစားခဲ့ၿပီး ၂၃ ဂိုးသြင္း၊ ၁၄ ႀကိမ္ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။